ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 15, 2020 . 2 mins read
Share now

ပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ပိုးသတ်ဆေးတွေဟာ ဆေးပြင်းဖြစ်တာကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ကြာရှည်စွာ စွဲသောက်စရာမလိုဘဲ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို မြန်မြန်သေစေတဲ့ နတ်ဆေးအစားအစာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျားရည်

ပျားရည်ဟာ အရေပြားအလှအပအတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ဆေးကောင်းတစ်လက်ပါ။ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကြောင့် ဘက်တီးရီးယားပိုးတွေရဲ့ ကြီးထွားနှုန်းကို ရပ်တန့်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောပြီးသောက်လို့ ရသလို အနာပေါ် တိုက်ရိုက်လိမ်းပေးခြင်းဖြင့်လည်း ပိုးသေစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာလည်း ဘက်တီးရီးယားပိုးကို ရှင်းထုတ်ပေးနိုင်တဲ့ သဘာဝအစားအစာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအတိုင်း အစိမ်းစားလို့လည်း ရသလို ဟင်းတွေမှာ ရောချက်လို့လည်း အဆင်ပြေတယ်။ အအေးမိဖျားနာတာ၊ သွားကိုက်သွားနာ၊ ရာသီတုပ်ကွေးတွေမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေကိုလည်း သက်သာစေပြီး အဖျားပျောက်မြန်စေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ ၂စိတ်လောက် ပုံမှန်စားပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

၃။ ချဉ်သော အရသာရှိတဲ့ အသီးအနှံများ

ဗီတာမင် စီ ဟာ အသားအရေအတွက် ကျန်းမာရေးအတွက်ပါ အကျိုးအများကြီး ရှိတယ်ဆိုတာ သိထားပြီးဖြစ်မှာပါ။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးလို့ ရောဂါတွေကို အမြဲတိုက်ထုတ်ပေးနေဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဗီတာမင် စီကို သဘာဝအသီးအနံှတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပရာသီး၊ ရှောက်သီး၊ ဘယ်ရီသီး စတဲ့ အသီးအနှံတွေကို ရရှိနိုင်ပါတယ်။ အသီးကို ဒီအတိုင်း စားလို့လည်း အဆင်ပြေသလို သကြားမထည့်ဘဲ ကြိတ်ပြီး ဖျောက်သောက်လို့လည်း ရပါတယ်။

၄။ သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်ကို ဟင်းချက်တဲ့နေရာမှာ အသုံးပြုကြပေမယ့် သူ့ရဲ့ ဆေးဘက်ဝင်တဲ့ အာနိသင်ကိုတော့ လူတော်တော်များများ သတိမထားမိတတ်ကြပါဘူး။ သစ်ကြံပိုးခေါက်ဟာ ဘက်တီးရီးယားပိုးအတွက်သာမက မှိုရောဂါပိုးတွေကိုပါ သေစေနိုင်လို့ မိန်းမကိုယ်မှိုစွဲတာ၊ ပွေး၊ ဝဲ၊ ညှင်းစတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကို ကုသတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ သစ်ကြံပိုးခေါက်ကို အမှုန့်ဖြစ်အောင် သေချာကြိတ်ပြီး ရေနွေးနဲ့ ရောသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်ပါတယ်။ အပြင်ဘက် ဒဏ်ရာနဲ့ အရေပြားပြဿနာတွေအတွက် ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကို သမအောင် မွှေပြီးလိမ်းပေးလို့ ရပါတယ်။

၅။ ချင်း

ချင်းကိုတော့ အအေးမိတုပ်ကွေး၊ ဖျားနာကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာတွေကို ကုသတဲ့နေရာမှာ အသုံးများပါတယ်။ ချင်းပြုတ်ရည် ပူပူလေး သောက်ပေးခြင်းဖြင့် လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းထဲမှာ ပိတ်နေတဲ့ ဘက်တီးရီးယားပိုးတွေကို ရှင်းထုတ်ပေးသလို အပူငွေ့ကလည်း ခန္ဓာကိုယ်တွင်း ရောင်ရမ်းတာတွေကို ကျစေပြီး အပူအပုပ် ရှင်းစေပါတယ်။

၆။ ပန်းသီးရှာလကာရည်

အနံ့ပြင်းတဲ့ ပန်းသီးရှာလကာရည်ကို အသား၊ ငါးတွေ ပိုးသန့်စင်တဲ့ နေရာမှာ အသုံးပြုလို့ ရသလို လူတွေရဲ့ ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးတွေကို နှိမ်နင်းတဲ့နေရာမှာလည်း အသုံးဝင်ပါတယ်။ လည်ချောင်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ပိုးတွေကို သေစေပြီး အကျိုးပြု ဘက်တီးရီးယားတွေကို ပိုမိုပွားများစေအောင် ကူညီပေးနိုင်ပါတယ်။

ခုပြောပြပေးခဲ့တဲ့ အစားအစာတွေဟာ ရောဂါပိုးသေစေတယ်ဆိုတာ မှန်ပေမယ့် ဆေးဝါးအစားထိုး အသုံးပြုလို့တော့ မရပါဘူး။ အကောင်းဆုံးက ဘက်တီးရီးယားပိုးကြောင့် ရောဂါတစ်ခုခု ဖြစ်ပြီဆိုရင် ဆရာဝန်နဲ့ အရင်ပြသပြီး ဆေးဝါးအကူအညီကို ယူပါ။ ဆေးသောက်နေစဉ်ကာလမှာလည်း ဒီအိမ်တွင်းဆေးဝါး အစားအစာတွေနဲ့ ရောဂါလက္ခဏာကို မြန်မြန်ပျောက်ကင်းအောင် ကုသပေးလို့ ရပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လေပြွန်များ ပျက်စီးခြင်း (Bronchiectasis)

လေပြွန်များ ပျက်စီးခြင်းဆိုတာ နာတာရှည်ရောဂါတစ်ခုပါ။ လေပြွန်တွေ ခဏခဏ ပိုးဝင်ရောင်ရမ်းတာကြောင့် ကျဉ်းမြောင်းပြီး အချွဲတွေနဲ့ ပြည့်လာတဲ့ ရောဂါပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရိုးပွနေရင် ဒါတွေရှောင်ပါ။

အသက်အရွယ် ရလာတာနဲ့အမျှ အရိုးတွေရဲ့ သိပ်သည်းဆက နည်းလာပြီးအရိုးပွလာပါတယ်။အရိုးပွလာတာကသေချာ ဂရုစိုက်ဖို့လိုမယ့်ကျန်းမာရေးပြဿနာပါ။ အရိုးပွရင်ဘာတွေမစားသင့်ဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးပွတာကြောင့် နာကျင်တဲ့ဝေဒနာ သက်သာစေဖို့

အရိုးပွတာက အသက်အရွယ်ရလာရင် ခံစားရတဲ့ ပြဿနာပါ။အရိုးပွလာတဲ့အခါ အရိုးအက်တာ၊ အရိုးကျိုးလွယ်တာတွေ ဖြစ်သလို နာကျင်တဲ့ ဝေဒနာကိုလည်း ခံစားကြရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အမျိုးသားများ ရင်သား နို့ထွက်နိုင်သလား…

အမျိုးသား ရင်သား နို့ထွက် နို့တိုက် အမျိုးသမီး ဆီးကျိတ် သားအိမ် ကိုယ်ဝန်ဆောင် ဟော်မုန်း ပရိုလက်တင် အသည်း အာဟာရ သိုင်းရွိုက်ဟော်မုန်း ကလေး နို့သီးခေါင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 17, 2020 . 2 mins read
အနာကြီးရောဂါအကြောင်း

အနာကြီးရောဂါအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
အအေးမိခြင်း

အအေးမိခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 3 mins read
တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

တုပ်ကွေးရောဂါ နဲ့ပတ်သက်ပြီး သင်ဘယ်လောက် သိသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 10, 2020 . 3 mins read