ဒီအနေအထားတွေကြောင့် ဦးခေါင်းမှာထိခိုက်ဒဏ်ရာရနိုင်ပါတယ်
- နေအိမ်မှာ မတော်တဆဖြစ်တာ
- အလုပ်ခွင်မှာ မတော်တဆထိခိုက်တာ
- သွားရင်းလာရင်း မတော်တဆထိခိုက်မိတာ
- ကစားရင်းထိခိုက်မိတာ
- အားကစားလုပ်ရင်းထိခိုက်မိတာ
- ချော်လဲတာ
- အမြင့်ကနေပြုတ်ကျတာ
- ထိုးကြိတ် ရိုက်နှက်ခံရတာ
- ယာဉ်မတော်တဆဖြစ်တာတွေကြောင့် ဦးခေါင်းမှာထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။
ဦးခေါင်းထိခိုက်မိတဲ့အခါ ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်
အသေးစားထိခိုက်မိတာကတော့ နာကျင်မှုဖြစ်တာက လွဲလို့ အခြား လက္ခဏာတွေ တွေ့ရခဲပါတယ်။ သိသိသာသာမြင်ရနိုင်တာက ထိခိုက်မိတဲ့နေရာက အရေပြားရောင်ရမ်းတာ၊ ဖုလာတာလောက်ပဲတွေ့ရနိုင်ပါတယ်။နောက်ထပ်တွေ့ရနိုင်တဲ့ လက္ခဏာအချို့က –
- ခေါင်းနည်းနည်းကိုက်တာ
- ဖျားချင်သလိုလိုဖြစ်တာ
- မအီမသာဖြစ်တာ
- ခေါင်းထဲကနောက်ကျိကျိဖြစ်နေတာ
- အမြင်အာရုံတွေဝေဝါးနေတာမျိုးခံစားရနိုင်ပါတယ်။
အရမ်းပြင်းထန်မယ်ဆိုရင်တော့ –
- ဦးခေါင်းနဲ့ မျက်နှာအစိတ်အပိုင်းတွေကနေသွေးထွက်နေမယ်
- နှာခေါင်းနဲ့ နားရွက်တို့ကနေသွေး ဒါမှမဟုတ် အရည်တွေထွက်နေမယ်
- ခေါင်းအရမ်းကိုက်နေမယ်
- မျက်လုံးအောက်ဘက်နဲ့ နားနောက်ဘက်တွေမှာပြာနှမ်းလာမယ်
- အသက်ရှူတာ တစ်ချက်တစ်ချက်ရပ်သွားမယ်
- စိတ်ရှုပ်ထွေးနေမယ်
- ဟန်ချက်မထိန်းနိုင်ဖြစ်မယ်
- လက်တွေခြေတွေထဲမှာ အားမရှိသလိုဖြစ်လာမယ်
- သားငယ်အိမ်အရွယ်အစား မညီမညာဖြစ်လာမယ်
- စကားပြောတဲ့အခါ ဗလုံးဗထွေးဖြစ်လာမယ်
- တက်မယ်
ဒီလက္ခဏာတွေက လူကြီးတွေမှာ အများဆုံးခံစားရနိုင်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ –
- အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေမပြနိုင်ပါဘူး
- တစ်ချိန်လုံးငိုနေမယ်
- အစားတစ်ခုခုကျွေးတိုင်း မစားဘဲနေမယ်
- ဦးခေါင်းအရှေ့ဘက်ပိုင်း အရေပြားပျော့တဲ့နေရာမှာ ဖုလိုမျိုးဖောင်းနေမယ်
- ခဏခဏအန်နေမယ်။
အသေးစားဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အခါ
- ထိခိုက်မိတဲ့နေရာကို ဆပ်ပြာခပ်ပျော့ပျော့နဲ့ရေကို သုံးပြီး သန့်စင်ပေးပါ။
- သွေးတိတ်စေဖို့အတွက် ပိုးသတ်ထားတဲ့ ပတ်တီးစကို ခပ်ထူထူလေးခေါက်ပြီး ဒဏ်ရာပေါ်မှာ ၁၀ မိနစ်လောက်ဖိထားပေးပါ။
- ရေခဲကို တဘက်စသန့်သန့်ထဲမှာ ထည့်ထုတ်ပြီး ထိခိုက်မိတဲ့နေရာကို မိနစ်လောက် ကပ်ပေးပါ။ တစ်နာရီခြားတစ်ခါ လောက်ကပ်ပေးပါ။ ရောင်ရမ်းနာကျင်မှုကို သက်သာစေမှာပါ။
ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာရတဲ့အခါ ဒါတွေမလုပ်ပါနဲ့
- ဦးခေါင်းမှာရတဲ့ ထိခိုက်ဒဏ်ရာက အရမ်းနက်ပြီး သွေးတအားထွက်နေတယ်ဆိုရင် အနာကို သန့်စင်ဆေးကြောတာမျိုးမလုပ်ပါနဲ့။
- အနာကိုထိခိုက်မိစေတဲ့အရာကို အနာပေါ်ကနေ ဖယ်ရှားတာမျိုး မလုပ်ပါနဲ့။
- မလိုအပ်ဘဲ လူနာကိုနေရာရွှေ့ပြောင်းတာမျိုးမလုပ်ပါနဲ့။
- လူနာကို လှုပ်နှိုးတာမျိုးမလုပ်ပါနဲ့။
- ခေါင်းထိခိုက်မိပြီး ၄၈ နာရီအတွင်း အယ်လ်ကိုဟောနဲ့ အယ်လ်ကိုဟောပါဝင်တဲ့သောက်စရာတွေကို မသောက်ပါနဲ့။
- ခေါင်းထိခိုက်ထားတဲ့သူကို ကားပေးမမောင်းပါနဲ့။
- ခေါင်းထိခိုက်ထားတဲ့သူကို ထိခိုက်မိပြီး ၂၄ နာရီအတွင်း တစ်ယောက်တည်းမထားပါနဲ့။
- တစ်နေ့တာလုံး တိတ်ဆိတ်စွာ နားနေခွင့်ပေးပါ။
- ခေါင်းထိခိုက်ထားတဲ့သူကို ထိခိုက်မိပြီး ၄၈ နာရီအတွင်း အားကစားပေးလုပ်တာ၊ အာရုံစိုက်ရတဲ့အလုပ်တွေပေးလုပ်တာမျိုးကိုရှောင်ကြဉ်ပါ။
ထိခိုက်မိတဲ့ ဒဏ်ရာကပြင်းထန်မယ်ဆိုရင်တော့ဆေးရုံတက်ရောက်ပြီး ကုသမှုခံယူရနိုင်ပါတယ်။ လိုအပ်ရင်ခွဲစိတ်မှုခံယူရတာနဲ့ ရေရှည်ဆေးကုသမှုခံယူရတာမျိုးတွေရှိနိုင်ပါတယ်။
[embed-health-tool-bmi]