အသေးစားထိခိုက်ဒဏ်ရာတွေအတွက် လမ်းညွှန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အိမ်ရှင်မတွေဖြစ်ဖြစ် တစ်နေ့တာလုံးမှာ အိပ်ချိန်ကလွဲလို့ တစ်ချိန်လုံးလိုလိုဆော့နေတတ်တဲ့ အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်ကြတဲ့ သားသားမီးမီးလေးတွေဖြစ်ဖြစ် တစ်နေ့တာလုံး အိမ်ထောင်မှုတစ်ခုလုံးအတွက်ရှာဖွေစုဆောင်းနေရတဲ့ အိမ်ထောင်ဦးစီးဖေဖေတို့မှာပဲဖြစ်ဖြစ် မတော်တဆထိခိုက်တာမျိုးတွေကတော့ရှိနိုင်တာပေါ့နော်။ ဒီလိုထိခိုက်တာမျိုးတွေကို အိမ်မှာပဲ ဂရုစိုက်စောင့်ရှောက်ပေးလို့ရပါတယ်။ အနာကို ဂရုစိုက်တဲ့နည်းမှန်လေလေ အနာသက်သာတာမြန်လေလေပါ။ ဒီဆောင်းပါးလေးထဲမှာ အသေးစားထိခိုက်ရှနာတွေကို ဘယ်လိုစောင့်ရှောက်မှုပေးရမလဲလို့ဖော်ပြထားတာမို့ အနာနဲ့မကင်းနိုင်တဲ့သူတွေအတွက် အသုံးတည့်ဖို့မျှော်လင့်ပါတယ်။

အသေးစားထိခိုက်ရှနာဒဏ်ရာတွေရခဲ့ရင်

အသေးစားထိခိုက်ဒဏ်ရာတွေကိုနေအိမ်မှာပဲပျောက်ကင်းသက်သာအောင်ကုသပေးလို့ရပါတယ်။ ဘယ်လိုကုသပေးရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင်နော်။

လက်ဆေးပါ

ဒါကအနာတစ်ခုဖြစ်ရင် မဖြစ်မနေလိုက်နာရမယ့် အခြေခံကျတဲ့အချက်ပါ။ အနာကိုမကိုင်တွယ်ခင်လက်ဆေးတာက အနာထဲကို ပိုးဝင်ကူးစက်နိုင်ခြေတွေကိုလျော့ကျစေနိုင်တာကြောင့် အနာကြီးကြီးရရသေးသေးဖြစ်ဖြစ်မဖြစ်မနေလုပ်ရမှာက အနာကိုမကိုင်ခင် အနာကိုကိုင်တွယ်မယ့်လက်ကို အရင်ဆေးကြောဖို့ပါ။ရေမလွယ်ရင်ရေမလိုလက်သန့်ဆေးရည်နဲ့ဆေးကြောပါ။

သွေးတိတ်အောင်လုပ်ပါ

ဒဏ်ရာပေါ်မှာ ပတ်တီးစထူထူလေး ဒါမှမဟုတ် အဝတ်စသန့်သန့်လေးတစ်ခုခုနဲ့ မိနစ်အနည်းကြာဖိထားပေးပြီးသွေးတိတ်အောင်လုပ်ဆောင်ပေးပါ။

အနာကိုသန့်စင်ဆေးကြောပါ

ပြီးရင်တော့ရေနဲ့ဆပ်ပြာအပျော့စားလေးကို အသုံးပြုပြီး အနာကိုသန့်စင်ဆေးကြောပေးပါ။ ဆားရည်နွေးနွေးလေးကို အသုံးပြုပြီးဆေးကြောပေးလို့လည်းရပါတယ်။ပြတ်ရှဒဏ်ရာဆိုရင်တော့ ဆပ်ပြာသုံးပြီး မဆေးပါနဲ့ အရေပြားကျိန်းစပ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။နောက်တစ်ချက်သတိထားရမှာကပြတ်ရှဒဏ်ရာ တွေကိုhydrogen peroxide သုံးပြီးဆေးကြောတာမျိုးမလုပ်ဖို့ပါ။

အနာကိုသန့်စင်ဆေးကြောချိန်မှာ တလက်စတည်းလုပ်ရမှာတစ်ခုက အနာထဲကဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ပြင်ပအရာဝတ္ထုတွေကို ဂရုတစိုက်ဖယ်ရှားဖို့ပါ။ လက်နဲ့ဖယ်ရှားဖို့မလွယ်ဘူးဆိုရင် ဇာဂနာကို အရက်ပြန်စွတ်ပြီးဖြည်းဖြည်းချင်းဖယ်ရှားပေးပါ။

antibiotic တစ်ခုခုလူးပေးပါ

အနာကိုသန့်စင်ဆေးကြောပြီးပြီဆိုရင်တော့ အနာကိုရေခြောက်အောင်သုတ်ပြီး အနာတဝိုက်ကိုantibiotic ခရင်မ်တစ်ခုခုလူးပေးပါ။ ဒီလိုလူးပေးတာက အနာထဲကို ဘက်တီးရီးယားတွေမဝင်ရောက်နိုင်အောင် ကာကွယ်ရာရောက်ပါတယ်။ အနာကျက်တာကိုလည်းမြန်စေမှာပါ။

ပတ်တီးစည်းပါ၊ ပလာစတာကပ်ပါ

ဒါကလည်းအနာကျက်စေဖို့အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။ အနာကို သန့်စင်ဆေးကြောတာတွေဆေးထည့်တာတွေလုပ်ပြီးတဲ့အခါ အနာကသေးရင် ပလာစတာကပ်ပေးပြီး အနာကြီးရင်ပတ်တီးစည်းပေးပါ။ အနာကို ကာကွယ်ထားတာက ပိုးမွှားတွေ မဝင်အောင် ကာကွယ်ပေးနိုင်သလို အမာရွတ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ တစ်နေ့တစ်ခါ အနာကို ကပ်ထားတဲ့ ပလာစတာနဲ့ပတ်တီးကိုလဲလှယ်ပေးဖို့လိုပါမယ်။ အနာက ကုတ်မိခြစ်မိတာလောက်ပဲဆိုရင်တော့ ပလာစတာတွေ ပတ်တီးတွေမအုပ်ထားတာက ပိုအဆင်ပြေပါတယ်။ ပတ်တီးတွေ၊ ပလာစတာတွေညစ်ပတ်သွားတဲ့အခါတိုင်းလဲလှယ်ပေးသင့်ပါတယ်။

မေးခိုင်ကာကွယ်ဆေးထိုးပေးပါ

ထိခိုက်မိတဲ့အနာကသေးငယ်တယ်ဆိုပေမယ့် သံချေးတက်နေတဲ့သံနဲ့စူးမိတာ၊ သံပြားနဲ့ရှမိတာမျိုးဖြစ်မယ်။ မသန့်ရှင်းတဲ့အရာတစ်ခုခု နဲ့ထိမိတာမျိုးဖြစ်မယ်ဆိုရင်မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုပါမယ်။

အနာကိုပုံမှန်စစ်ဆေးပါ

အနာကိုနေ့စဉ်ဆေးလူးပေးရင်း အနာကပိုးဝင်ထားတဲ့လက္ခဏာမျိုးဖြစ်နေလား၊ပြည်တည်တာမျိုး၊အနာတဝိုက်နွေးနေတာမျိုး၊ရောင်နေတာမျိုးရောင်ရမ်းနေတာမျိုးရှိလားစစ်ဆေးဖို့လိုအပ်သလို အနာကပုံမှန်ထက်ပိုနာနေလားဆိုတာကိုလည်းစစ်ဆေးဖို့လိုအပ်ပါမယ်။

နေ့စဉ်လှုပ်ရှားမှုလေးတွေလုပ်ရင်း မတော်တဆထိခိုက်မိတာမျိုးရှိခဲ့ရင် အခုပြောခဲ့တဲ့နည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး အနာသက်သာအောင်လုပ်ဆောင်နိုင်မယ်လို့မျှော်လင့်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လှမယ်ထင်ပြီး လုပ်နေမိတဲ့ အမှားများ

မိန်းကလေး၊ အပြုအမူမှား၊ အလှကုန်၊ ဝက်ခြံ၊ ဆပ်ပြာ၊ လိင်အင်္ဂါ၊ sensitive area၊ အရက်သေစာ၊ အက်ဆစ်၊ အာခေါင်ခြောက်၊ ကော်ဖီ၊ ရေကူးကန်၊ ခေါင်းလျှော်ရည်၊ Conditioner

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

Pandemic ဖြစ်နိုင်ခြေရှိနေတဲ့ ဗိုင်းရပ်စ်အသစ် တရုတ်မှာတွေ့

COVID-19၊ တရုတ်နိုင်ငံ၊ ကပ်ဘေး၊ ဝက်တုပ်ကွေးး၊ H1N1 ဗိုင်းရပ်စ်၊ ကိုယ်ခံအားစနစ်၊ ဆပ်ပြာ၊ လက်သန့်စင်ဆေး၊ မျက်နှာဖုံး၊လူစုလူဝေး၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

မိုးရွာရင် မိုးရေချိုးမယ်၊ ဘယ်လိုအကျိုးတွေရမလဲကွယ်

မိုးရေ၊ Soft Water၊ ဘေးထွက်ဆိုးကျိုး၊ Neutral pH၊ Sensitive skin၊ ဆပ်ပြာ၊ လန်းဆန်းစေတာ၊ စိတ်လက်ပေါ့ပါးစေတာ၊ ဟိုမုန်းပမာဏ၊ ထိခိုက်ရှနာ၊ အကျက်မြန်စေတာ၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

နားဖောက် ထားတဲ့သူတွေ ဂရုစိုက်ဖို့ လိုအပ်တဲ့အချက်များ

နားဖောက် နားကပ် ပိုးသတ်ထား ရောင်ရမ်း နားပေါက် ပိုးမွှား အနားကျက် ပြည်တည်နာ ပိုးဝင် အရေပြားပွန်းပဲ့ခြင်း နီရဲပြီးရောင်ရမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က ကျန်းမာရေးပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 2, 2020 . 3 mins read
Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

Mask ကြောင့် မျက်မှန်မှာ အခိုးမရိုက်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 1, 2020 . 2 mins read

Face Mask တပ်တဲ့အခါ လုပ်မိတတ်တဲ့ အမှားလေး တချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read

ဝှေးစေ့က ယားယံနေပြီဆိုရင် ဒါတွေကို ပြန်စစ်ကြည့်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 mins read