ပုခုံးဆစ်လွဲ ခြင်းအတွက် ရှေးဦးသူနာပြုနည်းလမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 11, 2020 . 2 mins read
Share now

ပုခုံးဆိုတာ ခန္ဓာကိုယ်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်တဲ့ အဆစ်တစ်ခုပါပဲ။ ဒီလို လှုပ်နိုင်တာကြောင့်ပဲ မကြာခဏဆိုသလို အဆစ်ချော်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မတော်တဆ ထိခိုက်ဒဏ်ရာရလို့ပဲ ဖြစ်ဖြစ်၊ အားကစားလုပ်ရင်းပဲ ဖြစ်ဖြစ် ခိုက်မိတဲ့အခါ ပုခုံးဆစ်လွဲ တတ်ပါတယ်။ အဖြစ်လည်းများပါတယ်။  ဒါဆိုရင် ဒီလို အခြေအနေမျိုးမှာ ကိုယ့်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ။ ဆေးရုံမရောက်ခင် စပ်ကြားမှာ ကိုယ့်အနေနဲ့ ဘယ်လိုများ ကူညီပေးလို့ရလဲဆိုတာ ပြောပြပေးပါမယ်။

ပုခုံးဆစ်လွဲ တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေကတော့

  • ပုခုံးက ပြင်းပြင်းထန်ထန်နာမယ်။
  • လက်မောင်း ဒါမှမဟုတ် ပုခုံးမှာ ရောင်ပြီး အညိုအမည်းစွဲနေမယ်။
  • လက်မောင်း အပါအဝင် လက်ဖျံ၊ လက်ချောင်းတွေထိ ထုံတာ၊ အားနည်းတာ ဖြစ်နေမယ်။
  • လက်လှုပ်လို့မရဘူး။
  • ပုခုံးတခြား လက်မောင်းတခြား ဖြစ်နေမယ်။
  • လက်မောင်းက ကြွက်သားတွေ တောင့်နေမယ်။

ပုခုံးဆစ်လွဲ စေတယ့် အကြောင်းတွေကတော့

  •  အားကစားလုပ်ရင်း ထိခိုက်မိတာ
  • ကားတိုက်တာအပါအဝင် တခြားသော မတော်တဆထိခိုက်မှုတွေ
  •  ချော်လဲပြီး လက်မောင်းထိခိုက်တာ၊ လက်ထောက်ချော်လဲတာ
  • ဓာတ်လိုက်တာ၊ တက်တာ ပြင်းထန်တာကြောင့် ကြွက်သားတွေ ညှစ်ပြီး အဆစ်ပြုတ်ထွက်တာ

ပုခုံးဆစ်လွဲတာက အန္တရာယ်ရှိလား။

ပုခုံးဆစ်လွဲတာက အခန့်မသင့်ရင်

  • ပုခုံးဆစ်ပတ်လည်မှာရှိတဲ့ ကြွက်သားတွေ၊ အရွတ်တွေ၊ အရွတ်တွဲတွေ ထိခိုက်တတ်ပါတယ်။
  • အာရုံကြောတွေ သွေးကြောတွေ ထိခိုက်တတ်ပါတယ်။
  • ပုခုံးဆစ်က မငြိမ်တော့ပါဘူး။ ဒီတော့ ခဏခဏ ပုခုံးဆစ်ပြန်ပြုတ်ဖို့  အခွင့်အရေးများပါတယ်။

ရုတ်တရက် ပုခုံးဆစ်ပြုတ်နေတဲ့ လူနာနဲ့ ကြုံခဲ့ရင်

အချင်းချင်း အားကစား လုပ်ရင်း တစ်ယောက်ယောက်ကများ ပုခုံးဆစ်ချော်ခဲ့ရင် သင့်အနေနဲ့

  • အရင်ဆုံး ပုခုံးဆစ်ကို ထပ်လှုပ်ရှားမှုမရှိအောင် ထိန်းထားပါ။

-လက်မောင်းကို သွားမလှုပ်ပါနဲ့။

-လက်မောင်းနဲ့ ရင်ဘတ်ကြား (ချိုင်းကြား)မှာ ခေါင်းအုံးအပါး ဒါမှမဟုတ် စောင်ခေါက်လေး ခံထားပါ။ ဘာမှမရှိရင် အဝတ်ခေါက် ထူထူ (အင်္ကျီဖြစ်ဖြစ်) ခေါက်ပြီး ခံထားပါ။

-ပြီးရင် ခန္ဓာကိုယ်နဲ့ လက်မောင်းကို အဝတ်တစ်ခုယူပြီး ပတ်လိုက်ပါ။ ကိုယ်နဲ့ ပူးချည်လိုက်တဲ့ သဘောပါ။ ဒါဆို သိပ်မလှုပ်နိုင်တော့ပါဘူး။

-ဒါမှမဟုတ်လည်း လူနာခံနိုင်တယ်ဆိုရင် တံတောင်ဆစ်ကို ၉၀ဒီဂရီထားပြီး ကြိုးနဲ့ သိုင်းထားပါ။

  • အရောင်ကျစေဖို့အတွက်

-ရောင်နေတဲ့ နေရာကို ရေခဲကပ်ပေးပါ။ တစ်ခါကပ်ရင် မိနစ် ၂၀နဲ့ တစ်ရက်ကို ၄ခါကနေ ၈ခါ ကပ်နိုင်ပါတယ်။

-ရေခဲကို အရေပြားအပေါ် တိုက်ရိုက် မကပ်ပါနဲ့။ အဝတ်တစ်ခုခု ခံပြီး ကပ်တာက ပိုသင့်တော်ပါတယ်။

  • အပေါ်က နှစ်ခုကို လုပ်နေရင်း တစ်ချိန်တည်းမှာ ဆေးရုံကား ခေါ်တာမျိုး၊ ဆေးရုံသွားဖို့ ပြင်တာမျိုး လုပ်ရပါမယ်။

သာမန်လူတစ်ယောက်အနေနဲ့ ဒီလို ကူညီလိုက်တာက တကယ်တမ်း ဆေးရုံမှာ ကုသဖို့ အထောက်အကူ အများကြီး ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အဖြစ်များတဲ့ အရိုးအဆစ်ပြဿနာ များ

အရိုးအဆစ်ပြဿနာဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့်ကအဖြစ်အများဆုံးပါ။ သေသေချာချာ ကုသမှုခံယူမယ်ဆိုရင် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ

အရိုးအဆစ်နဲ့ ကြွက်သားနာကျင်ခြင်းက အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ နာကျင်တာကို သက်သာအောင် လုပ်ရသလို နောက်ခံရောဂါကိုလည်း ရှာဖွေကုသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ ဘေဘီလေးတို့ အိပ်ပျော်စေဖို့ သတိပြုစရာလေးတွေရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ဆီးချိုကြောင့် အာရုံကြော ထိခိုက်ခြင်း

အများစုဟာ မိမိမှာ ဆီးချိုရောဂါဖြစ်နေမှန်းမသိတာကြောင့် ဘာကြောင့် တချိန်လုံးထုံကျင်ကိုက်ခဲနေရသလဲ နားမလည်နိုင်ဖြစ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

သင့်အတွက် ရွေးချယ်ထားသည်

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ။

သင့်ရဲ့ စိတ်လေး ကျန်းမာပါစ (သို့မဟုတ်) သင်သိထားဖို့လိုတဲ့ စိတ်ကျန်းမာရေး အချက်ပြလက္ခဏာတွေအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 11, 2020 . 2 mins read
ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း

ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဆီးချိုအနာများ အကျက်မြန်စေရန်

ဆီးချိုအနာများ အကျက်မြန်စေရန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read
အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 12, 2020 . 2 mins read