backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ကဘာလဲ။

ပုခုံးဆစ်သည် အရိုးခေါင်းလုံးနှင့် ခွက်ပါသော အဆစ်ဖြစ်သည်။ ဆိုလိုသည်မှာ လက်မောင်းရိုးမှ လုံးဝန်းသောထိပ်ပိုင်း (အရိုးခေါင်းလုံး)သည် ညှပ်ရိုးကြားမှမြှောင်း (ခွက်)နှင့် အံခွင်ကျဖြစ်နေခြင်း ဖြစ်သည်။

ပုခုံးဆစ်လွဲခြင်းဆိုသည် လက်မောင်းရိုးထိပ်ပိုင်းသည် ပုခုံးခွက်မှ ချော်ထွက်သွားခြင်းဖြစ်သည်။ ပုခုံးသည် ခန္ဓါကိုယ်၏ လှုပ်ရှားမှုအများဆုံး အဆစ်ဖြစ်သောကြောင့် အဆစ်လွဲရန် ဖြစ်နိုင်ချေပိုများ၏။

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

  • ပုခုံးဆစ်လွဲခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ-
  • ပုခုံးပုံစံ ပုံမှန်မဟုတ်ခြင်း သို့ နေရာလွဲနေခြင်း
  • ရောင်ခြင်း ညိုမည်းနေခြင်း
  • အလွန်နာကျင်ခြင်း
  • အဆစ်မလှုပ်နိုင်ခြင်း
  • ထုံခြင်း ကျင်ခြင်း သို့ လက်မောင် လက် နှင့် လက်ချောင်းများတွင် အားနည်းသလိုခံစားရခြင်း

ပုခုံးဆစ်လွဲခြင်းသည် ထိခိုက်မိသည့်နေရာတစ်ဝိုက်တွင် လည်ပင်နှင့် လက်မောင်းတစ်လျှောက် ထုံးခြင်း ကျင်ခြင်း အားနည်းခြင်းမျိုးကို ဖြစ်စေနိုင်သည်။ ပုခုံးမှ ကြွက်သားများသည် အနေအထားပျက်သွားသောကြောင့် ကျုံ့ဆန့်ခြင်းဖြစ်ပေါ်ကာ နာကျင်မှုကို မကြာခဏဆိုသလို ပိုတိုးစေသည်။

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ပုခုံးဆစ်လွဲသွားသည်ထင်ပါက ဆရာဝန်နှင့် ချက်ချင်းဆိုသလို ဆက်သွယ်ပါ။

အကြောင်းရင်းများ

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ပုခုံးဆစ်သည် ခန္ဓါကိုယ်အဆစ်များတွင် အဆစ်လွဲမှုအဖြစ်ဆုံး အဆစ်ဖြစ်သည်။ ၎င်းသည် ဖက်ပေါင်းစုံကို ရွေ့လျားနိုင်သောကြောင့် အရှေ့၊ အနောက် သို့ အောက်ဖက်သို့ အဆစ်လွဲနိုင်ပြီး လုံးဝလွဲခြင်း သို့ မလွဲတလွဲဖြစ်ခြင်းတို့ ဖြစ်နိုင်သည်။

များသောအားဖြင့် ရှေ့ဖက်သို့ အဆစ်လွဲခြင်းက ပိုအဖြစ်များ၏။ ပုခုံးရိုးနှင့်ချိတ်ထားသော အမျှင်တစ်ရှူးများသည် ဆွဲဆန့်နိုင် ပြဲနိုင်သော ပြဿနာများသည် အဆစ်လွဲခြင်း၏ နောက်ဆက်တွဲများပင်ဖြစ်သည်။

ပြင်းထန်သောအားသက်ရောက်မှု ဥပမာ ပုခုံးသို့ အားပြင်းပြင်းနှင့် အထိုးခံရမှုသည် ပုခုံးမှအရိုးများကို နေရာလွဲသွားစေနိုင်သည်။ ပုခုံးဆစ်လည်ထွက်သွားခြင်းသည် လက်မောင်းအရိုးလုံးအား ပုခုံးခွက်မှ ချော်ထွက်သွားစေနိုင်သည်။

မလွဲတလွဲဖြစ်ခြင်း – သင့်လက်မောင်းရိုးသည် ခွက်အပြင်တစ်ဝက် အထဲတစ်ဝက်ဖြစ်နေခြင်း- မျိုးလည်း ဖြစ်ပွားနိုင်ပါသည်။

ပုခုံးဆစ်လွဲခြင်းသည် အောက်ပါတို့ကြောင့်ဖြစ်နိုင်သည်။

အားကစားမှထိခိုက်မှုများ – ေဘာလုံးနှင့် ဟော်ကီအားကစားများ နှင့် အမြင့်မှပြုတ်ကျနိုင်သော အားကစားများဖြစ်သည့် နှင်းလျှောစီးခြင်း၊ Gym ကစားခြင်းနှင့် ဘောလီဘောများတွင် ပုခုံးဆစ်လွဲခြင်း အဖြစ်များ၏။

အားကစားနှင့်မဆိုင်သော ထိခိုက်မှုများ – စက်တပ်ယာဉ်များ မတော်တဆ ဖြစ်ရာတွင် ပုခုံးသို့ အားပြင်းပြင်းနှင့်ခိုက်မိခြင်းသည် ပုခုံးဆစ်လွဲခြင်းဖြစ်စေသော အဖြစ်များသည့်အကြောင်းရင်းဖြစ်သည်။

အမြင့်မှပြုတ်ကျခြင်း – လှေးကားမှ ပြုတ်ကျခြင်း သို့မဟုတ် ခြေသုတ်ဖုံနှင့် ခလုတ်တိုက်မိခြင်းတို့သည်လည်း ပုခုံးဆစ်ကို လွဲစေနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဆယ်ကျော်သက် သို့မဟုတ် ၂၀ ကျော် အမျိုးသားများသည် ရုပ်ပိုင်းဆိုင်ရာ တက်ကြွသော အသက်အရွယ်အုပ်စုဖြစ်ပြီး ပုခုံးဆစ်လွဲခြင်း အဖြစ်များနိုင်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

စမ်းသပ်ကြည့်ရှူနေစဉ် ဆရာဝန်သည် ခိုက်မိသည့်နေရာအား နာကျင်မှု ရောင်ရမ်းမှု ပုံစံပျက်မှု ရှိမရှိ စစ်ဆေးပါလိမ့်မည်။ အဆစ်လွဲခြင်းဖြစ်သွားကြောင်း ဆရာဝန်သိစေရန် အရေးကြီးပြီး အရင်ကလဲ အဆစ်လွဲဖူးကြောင်း ရှိမရှိလဲ သိစေရန် အရေးကြီးပါသည်။

ဆရာဝန်သည် ပုခုံးအား စမ်းသပ်ပြီး ဓါတ်မှန်ရိုက်ခိုင်းနိုင်သည်။ ပုခုံးအဆစ်ဓါတ်မှန်သည် အဆစ်လွဲခြင်းအား ပြသနိုင်သလို ကျိုးသွားသောအရိုးများ အဆစ်သို့တခြားထိခိုက်မှုများကို ပြသနိုင်ပါသည်။

Shoulder Dislocation (ပုခုံးဆစ်လွဲခြင်း ) ကို ဘယ်လိုကုသပါသလဲ

ပုခုံးဆစ်လွဲခြင်းကိုကုသခြင်းများမှာ အောက်ပါတို့ပါဝင်၏။

  • Closed reduction –
  • ဆရာဝန်သည် ညှင်သာသောကိုင်တွယ်မှုဖြင့် ပုခုံးဆစ်ရိုးအား ပုံမှန်နေရာပြန်ရောက်စေရန် လုပ်ပါလိမ့်မည်။ နာကျင်မှု နှင့် ရောင်ရမ်းမှုပမာဏကို မူတည်ကာ ကြွက်သားပျော့ဆေးများ သို့ အိပ်ဆေးများ သို့မဟုတ် အလွန်ရှားစွာနှင့် မေ့ဆေးပေးခြင်းများကို အဆစ်ပြန်မတည့်မှီ ပေးကောင်းပေးနိုင်ပါသည်။ ပုခုံးအရိုးများ နေသားတကျပြန်ဖြစ်သွားလျှင် ပြင်းထန်သောနာကျင်မှုသည် ချက်ချင်းပျောက်သွားမည်ဖြစ်သည်။

    • ခွဲစိတ်ကုသခြင်း –

    အားနည်းသော ပုခုံးအဆစ် သို့ အရွတ်များ ရှိနေပြီး အားဖြည့်ခြင်းနှင့် ပြန်လည်ပြုပြင်ခြင်းများ လုပ်နေလျှင်သော်မှ ပြန်ပြန်ဖြစ်နိုင်သော ပုခုံးဆစ်လွဲခြင်းမျိုးဖြစ်လျှင် ခွဲစိတ်ကုသရန်လိုအပ်ပါသည်။ သွေးကြောနှင့် အာရုံကြောများ ထိခိုက်သွားလျှင်လည်း ခွဲစိတ်ရနိုင်ပါသည်။

    • မရွေ့လျားပဲနေခြင်း –

    ရက်အနည်းငယ်မှ သုံးပတ်ကြာအောင် ပုခုံးပတ်နှင့် နေဖို့ ဆရာဝန်မှ လမ်းညွှန်နိုင်သည်။ ပုခုံးပတ်နှင့်နေရမည့် ကြာချိန်သည် ပုခုံးဆစ်လွဲသည့်ပုံစံနှင့် အဆစ်လွဲပြီးနောက် ဘယ်လောက်ကြာမှ ပုခုံးပတ်တပ်ရသလဲပေါ် မူတည်ပါသည်။

    • ဆေးများ –

    ဆရာဝန်သည် အကိုက်အခဲပျောက်ဆေး သို့မဟုတ် ကြွက်သားပျော့ဆေးများပေးပြီး သက်သောင့်သက်သာ ရှိစေပြီး ပုခုံးပြန်ကောင်းပါစေလိမ့်မည်။

    • ပြန်လည်သန်စွမ်းအောင်လုပ်ခြင်း –

    ပုခုံးပတ်ကို ဖယ်ပြီးနောက် တဖြည်းဖြည်း ပြန်လည်သန်စွမ်းမည့် အစီအစဉ်များကို စတင်ကာ လှုပ်ရှားနိုင်မှု အကျယ်၊ အင်အားနှင့် တည်ငြိမ်မှုတို့ကို ပြန်ကောင်းအောင် လုပ်ရပါမည်။

    တစ်ရှူးနှင့် အာရုံကြောများ ပျက်စီးခြင်းမရှိသည့် ရိုးရိုး ပုခုံးဆစ်လွဲခြင်းမျိုးဆိုပါက ရက်သတ္တပတ် အနည်းငယ်အတွင်း ပုံမှန်ပြန်ဖြစ်လာမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အဆစ်ပြန်လွဲနိုင်ချေ မြင့်ပါသည်။

    ပုခုံးဆစ်လွဲခြင်ပြီးနောက် သိပ်မကြာပဲ လှုပ်ရှားမှုများ ပြန်လုပ်နေပါက ပုခုံးဆစ်အား ထိခိုက်စေနိုင်ပြီး နောက်တစ်ဖန် ပြန်လွဲစေနိုင်ပါသည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပုခုံးဆစ်လွဲခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ပုခုံးဆစ်လွဲခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

    ပုခုံးကိုအနားပေးပါ – ပုခုံးအဆစ်လွဲခြင်းကိုဖြစ်စေသည့် လှုပ်ရှားမှုမျိုးကို ထပ်မလုပ်ပါနှင့်။ နာကျင်စေသည့် လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ အလေးအပင်မခြင်း သို့ ခေါင်းအပေါ်မြှောက်ခြင်းများကို ပုခုံးပြန်မကောင်းမချင်း မလုပ်ရပါ။

    ရေခဲဝတ်အုပ်ပြီးနောက် ရေနွေးဝတ်အုပ်ခြင်း – ရေခဲဝတ်အုပ်ခြင်းသည် ရောင်ရမ်ခြင်းနှင့် နာကျင်မှုကပို လျော့ချပေးနိုင်သည်။

    ရေခဲဝတ် – ခဲနေသော အသီးအရွက်အိတ် သို့ ရေခဲထည့်ထားသော မျက်နှာသုတ်ပုဝါ – ဖြင့် ၁၅ မှ ၂၀ မိနစ်ခြားတစ်ခါ ကပ်ပေးနိုင်ပါသည်။ ဖြစ်စ တစ်ရက်နှစ်ရက်တွင် နာရီတစ်ချို့လုပ်ပေးပါ။ ၃ ၄ ရက်ကြာပြီးနောက် နာကျင်မှုနှင့် ရောင်ရမ်းမှု သက်သာလာပါက ရေနွေးဝတ်သည့် တင်းကြပ် နာကျင်နေသည့် ကြွက်သားများကို သက်သာစေနိုင်ပါသည်။ ၂၀ မိနစ်ခြားမှ တစ်ခါပြုလုပ်ပါ။

    အကိုက်အခဲပျောက်ဆေးများ သောက်ခြင်း – ဆေးဆိုင်တွင် အလွယ်ဝယ်နိုင်သည့်ဆေးများ ဥပမာ အက်စ်ပရင်၊ ibuprofen (Advil, Motrin IB, အခြား) naproxen sodium (Aleve) or acetaminophen (Tylenol, အခြား) တို့သည် နာကျင်မှုကို သက်သာစေနိုင်သည်။ အညွှန်းအတိုင်းလိုက်နာပြီး နာကျင်မှုပျောက်ကင်းသည်နှင့် ဆေးကိုရပ်ပါ။

    ပုခုံးလှုပ်ရှားနိုင်သည့် အကျယ်ကို သေချာထိန်းပါ – တစ်ရက် နှစ်ရက်ကြာလျှင် ဆရာဝန် သို့ ကာယကုသမှုဆရာမှ ညွှန်ကြားသော ညှင်သာသည့် လေ့ကျင့်ခန်းများအား ပုခုံးလှုပ်ရှားနိုင်သည့် အကျယ်အား ထိန်းသိမ်းနိုင်ရန် ပြုလုပ်ပါ။ မလှုပ်ရှာပဲနေလျှင် အဆစ်များကို တောင့်သွားစေနိုင်ပါသည်။

    ထို့အပြင် အချိန်အတော်ကြာအောင် ပုခုံးဆစ်အား ညှာတာနေလျှင်လည်း ပုခုံးဆစ်ခဲခြင်း – ကောင်းကောင်းမလှုပ်နိုင်တော့လောက်အောင် ဖြစ်သွားခြင်း – ဖြစ်နိုင်သောကြောင့် လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။

    နေ့စဉ် ပုခုံးဆန့်ခြင်းနှင့် ပုခုံးဆစ်သန်စေခြင်း တည်ငြိမ်စေခြင်း အစီအစဉ်များသည် အဆစ်လွဲခြင်း ပြန်မဖြစ်စေရန် အကူအညီပေးပါသည်။ ဆရာဝန် သို့ ကာယကုသမှုဆရာသည် သင့်လျော်သည့် လေ့ကျင့်ခန်းများကို လမ်းညွှန်ကူညီနိုင်ပါသည်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 02/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement