backup og meta

နေကြတ်တဲ့အခါ မျက်စိနဲ့ တိုက်ရိုက် မကြည့်သင့်ပါ။

မနေ့က ဒေသစံတော်ချိန် ၁၂ နာရီ ကျော်ကော်လောက်က နေကြတ်တဲ့ဖြစ်စဉ် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ နေကြတ်တုန်းက အားပါးတရနဲ့ နေကြတ်တာကို မျက်လုံးနဲ့ ဘာအကာအကွယ်မှ မယူဘဲ ကြည့်လိုက်မိသေးလား။ ခုရော မျက်လုံးက ကြည့်ရတာ အဆင်ပြေရဲ့လား။

လူတော်တော်များများက နေကြတ်တဲ့ဖြစ်စဉ်ကို လူတော်တော်များများက ကြုံတောင့်ကြုံခဲ ဖြစ်စဉ်လို့ မှတ်ယူပြီး အချိန်ပေး စောင့်ကြည့်တတ်ကြပါတယ်။ နေကြတ်တာကို ကြည့်ဖို့ အာရုံ ထားရင်း လူတော်တော်များများ မေ့လျော့နေတာက အဖိုးဖြတ်လို့မရတဲ့ မျက်လုံးတွေကို ကာကွယ်ဖို့ပါ။ တကယ်ကတော့ နေကြတ်တာကို အကာအကွယ် မပါဘဲ သာမန်မျက်လုံးနဲ့ လုံးဝ မကြည့်သင့်ပါဘူး။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

နေကြတ်တယ် ဆိုတာဘာလဲ။

နေကြတ်တယ်ဆိုတာက  လက နေ နဲ့ ကမ္ဘာကြားကို ဖြတ်သန်းသွားတဲ့ အချိန်ပါ။ လက ကမ္ဘာမြေပေါ်ကို ကျရောက်နေတဲ့ နေရဲ့ အလင်းလာရာ လမ်းကြောင်းကို ပိတ်ဆို့မှုကြောင့်  လရဲ့ အရိပ်က ကမ္ဘာမြေပေါ် ကျလာတာကို နေကြတ်တယ် ခေါ်တာပါ။ နေကြတ်တဲ့အခါ နေအပြည့်ကြတ်တာ ရှိသလို နေတစ်စိတ်တစပိုင်း ကြတ်တာမျိုးလည်း ရှိပါတယ်။

နေကြတ်တာက မျက်လုံးကို ဘယ်လို ထိခိုက်စေနိုင်သလဲ။

နေကြတ်တာကို ကြည့်တာက မျက်လုံးတွေအတွက် တော်တော်လေး အန္တရာယ် ရှိပါတယ်။ နေရောင်က မျက်လုံးကို ထိခိုက်စေတဲ့ အတိုင်းအတာက နေကြတ်ချိန်မှာတောင် လျော့မသွားပါဘူး။ ဒါကြောင့် နေကြတ်တာကို အကာအကွယ် မပါဘဲ သာမန် မျက်လုံးနဲ့ ကြည့်မယ်ဆိုရင် နေရောင်ကြောင့် အမြင်အာရုံ ထိခိုက်ပျက်စီးတာမျိုး ဖြစ်စေနိုင်ပါတယ်။

တော်တော်များများက နေကြတ်နေချိန်မျာ နေရိပ်သွားတယ် နေရောင်က မပြင်းတော့ မျက်လုံးမစူးဘူး။ ဒါကြောင့် မျက်လုံးကို ထိခိုက်မှု ရှိမှာ မဟုတ်ဘူးလို့ ထင်ကြပါတယ်။ တကယ်ကတော့ နေကြတ်နေချိန်မှာတောင် နေကနေ ထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အပူဒဏ်တွေက လျော့မသွားဘဲ မျက်လုံးကို ထိခိုက်နိုင်နေဆဲပါ။

အချို့လည်း နေကြတ်နေချိန်မှာ  နေကြတ်တာကို ကြည့်ဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ မျက်မှန်တွေ မှန်ဘီလူးတွေ အစား နေကာမျက်မှန်ကို သုံးပြီးဖြစ်ဖြစ် သာမန် မျက်လုံးနဲ့ပဲ ဖြစ်ဖြစ် ကြည့်လိုက်လို့ရတယ်၊ လို့ ယူဆကောင်း ယူဆနိုင်ပါတယ်။

ဒါက မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အန္တရာယ် များလွန်းလှတဲ့ အယူအဆတစ်ခုလို့ပဲ ပြောပါရစေ။ တကယ်ကတော့ နေကြတ်တာကို ကြည့်ဖို့ဆိုရင် နေကြတ်တာ​ကြည့်ဖို့ သီးသန့် ထုတ်လုပ်ထားတဲ့ မျက်မှန်လို အရာမျိုးကို မဖြစ်မနေ ဝတ်ဆင် သင့်ပါတယ်။ ဒါမှ နေရောင်ကြောင့် မျက်လုံး မထိခိုက်မှာပါ။

နေကြတ်တဲ့အခါ မျက်လုံးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ကာကွယ်တာမျိုး မရှိဘဲ ကြည့်မယ်ဆိုရင် “eclipse blindness”  လို့ခေါ်တဲ့ အမြင်အာရုံခံလွှာဟာ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ တိုက်ရိုက် ထိတွေ့တာကြောင့် အမြင်လွှာက ဆဲလ်တွေ ပျက်စီးသွားပြီး အမြင်အာရုံ ထိခိုက်တာမျိုးပါ။

ဒီလို ဖြစ်တဲ့အခါ နာကျင်မှု လုံးဝမရှိဘဲ အမြင်လွှာက ဆဲလ်တွေ ပျက်စီးသွားမှုကြောင့် ယာယီ ဒါမှမဟုတ် အမြင်အာရုံ လုံးဝ ပျက်စီးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ နေကြတ်တာကို ကြည့်ပြီး နာရီ အနည်းငယ် အကြာ (၄ နာရီ ကနေ ၆ နာရီအတွင်း ဒါမျမဟုတ် ၁၂ နာရီ အတွင်း) မှာ ခံစားမိနိုင်သလို   ရက်အနည်းငယ် အကြာမှာမှ အမြင်အာရုံ ထိခိုက်တာကို သိနိုင်တာမျိုးလည်း ရှိပါတယ်။

နေကြတ်တာကို တိုက်ရိုက်ကို ကြည့်ရှု့မှုကြောင့် ခံစားရနိုင်တဲ့ အမြင်အာရုံ ပြဿနာတွေ

နေကြတ်တာကြောင့် ခံစားရနိုင်တဲ့ အမြင်အာရုံ ပြဿနာတွေကတော့

ဒါတွေအပြင် နေရောင်ကို တိုက်ရိုက် ထိတွေ့တာကြောင့် မျက်ကြည်လွှာ ပျက်စီးတာကို ခံစားရနိုင်ပါတယ်။ ကာလတိုအနေနဲ့ အမြင်အာရုံတွေ ဝေဝါးတာ၊ ခေါင်းကိုက်တာတွေကို ခံစားရနိုင်ပါတယ်။

စိတ်မကောင်းစရာတစ်ချက်က နေကြတ်တဲ့အခါမှာ နေကို တိုက်ရိုက် ကြည့်မိတာကြောင့် အမြင်လွှာတွေ မျက်ကြည်လွှာတွေ ထိခိုက်သွားတာက ကုသဖို့ မဖြစ်နိုင်ဘူး ဆိုတာပါ။ အရမ်းမပြင်းထန်ရင် ၃ လ ကနေ ၆ လအတွင်းမှာ ပြန်လည် သက်သာနိုင်ပေမယ့် ပြင်းထန်စွာ ထိခိုက်မိမယ်ဆိုရင်တော့ အမြင်အာရုံ ပျက်စီးမှုက တစ်သက်တာလုံး ဖြစ်သွားနိုင်ပါတယ်။

နေကြတ်တာကြောင့် မျက်လုံး မထိခိုက်စေဖို့

နေကြတ်တာကို လုံးဝ မကြည့်ရတာ မဟုတ်ပါဘူး။ အန္တရာယ် ကင်းကင်းနဲ့ ကြည့်လို့ရပါတယ်။ နေကြတ်တာကအတွက် သီးသန့်ထုတ်ထားတဲ့ မျက်မှန် ဒါမှမဟုတ် မှန်ဘီလူးကနေ ကြည့်တာမျိုးပေါ့။ နောက်တစ်ချက် နေအပြည့် ကြတ်နေချိန်မှာ ခဏလောက်တော့ ကြည့်လို့ရပါတယ်။

သတိထားရမှာ တစ်ချက်က နေကြတ်တာကို ဖုန်း ကင်မရာကနေတဆင့် မကြည့်သင့်သလို ကင်မရာရဲ့ viewfinder ကနေလည်း မကြည့်သင့်ပါဘူး။ ဒါတွေကလည်း နေရောင်ကြောင့် မျက်လုံးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် နေကြတ်တယ်ဆိုတာက ထူးခြားဖြစ်စဉ် ဆိုပေမယ့် နေကနေထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည် နဲ့ အပူဒဏ်တွေက နေကြတ်နေချိန်မှာတောင် လျှော့မသွားတာကြောင့် မျက်လုံးကို ထိခိုက်စေတယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ ဒါကြောင့် နေကြတ်နေချိန်မှာ ထိုက်သင့်တဲ့ အကာအကွယ်မပါဘဲ နေကြတ်တာကို ကြည့်တာမျိုး မလုပ်ဖို့ ပြောပါရစေ။ ကလေးငယ်လေးတွေကိုလည်း အမြင်အာရုံ ထိခိုက်မှု ကင်းစေဖို့ နေကြတ်တာကို မကြည့်စေဖို့ သတိပေးပါရစေ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Did You Damage Your Eyes Viewing the Eclipse? https://www.webmd.com/eye-health/news/20170822/did-you-damage-your-eyes-viewing-the-eclipse# Accessed Date 22 June 2020

Solar Eclipse and Your Eyes https://preventblindness.org/solar-eclipse-and-your-eyes/ Accessed Date 22 June 2020

EYE DAMAGE FROM SOLAR ECLIPSES: WHY IT HAPPENS (& PREVENTION) https://www.nvisioncenters.com/education/solar-eclipses/ Accessed Date 22 June 2020

ယခုပုံစံ

15/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပြင်းပြီး စူးရှတဲ့နေရောင်ကြောင့် အသားအရေတင်မဟုတ် မျက်လုံးလည်းထိခိုက်နိုင်ပါသေးတယ် ။ ။

နေရောင်ဒဏ်က ကာကွယ်ကြပါ………..


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 15/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement