backup og meta

မျက်လုံး လေးကို ဂရုစိုက်ရမှာ သင်ကိုယ်တိုင်ပါ

မျက်လုံး လေးကို ဂရုစိုက်ရမှာ သင်ကိုယ်တိုင်ပါ

ကိုယ်ချစ်တဲ့သူတွေကို မြင်ရဖို့၊ သဘာဝရဲ့ အလှတရားကိုခံစားဖို့၊ ရုပ်ရှင်ကြည့်ဖို့ နေ့စဉ် လုပ်နေတဲ့ အလုပ်တွေကို လုပ်ဖို့အတွက် မျက်လုံး ရဲ့ အမြင်အာရုံက မရှိမဖြစ် အရေးပါပါတယ်။ ဒီလို အရေးကြီးလှတဲ့ အမြင်အာရုံ လေးကို မထိခိုက်စေဖို့အတွက် ကိုယ့်ဘက်က လုပ်ပေးရမယ့် အပိုင်းလေးတွေရှိပါတယ်။ ကဲ မျက်လုံးကျန်းမာရေးအတွက် ဘယ်လို အချက်တွေကိုလိုက်နာဖို့ လိုမလဲဆိုတာကို ကြည့်ရအောင်။

ရွှန်းစိုကျန်းမာတဲ့ မျက်လုံး တစ်စုံ ပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့ အချက်များ 

  • ညီညွတ်မျှတတဲ့ အစားအသောက်တွေစားပါ။ 

အစားအသောက်ဆိုတာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လည်း လုပ်ပေးနိုင်သလို ဆိုးအောင်လည်း လုပ်ပေးနိုင်တဲ့အရာတွေပါ။ အားလုံးသိကြတဲ့အတိုင်း မျက်လုံးကျန်းမာရေးအတွက်ဆို ဗီတာမင် A ကြွယ်ဝတဲ့ မုန်လာဥနီ မြင်းခွာရွက်ဟင်းနုနွယ်တို့ကို စားပေးဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဆောလ်မွန်ငါး၊ ကြက်ဥ နဲ့ အခြား အဆီများတဲ့ ငါးတွေမှာ အမြင်အာရုံကို အထူးကျန်းမာစေတဲ့ Omega 6 တို့လည်းပါတာကြောင့် သင်နေ့စဉ်စားနေတဲ့ အစားအသောက်တွေထဲမှာ သူတို့ကိုလည်း မေ့ခဲ့လို့မရပါဘူး။

  • ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ် သောက်ခြင်းကြောင့်ရတဲ့ ကျန်းမာရေး ကောင်းကျိုးတွေ သင်ကြားဖူးပါသလား။ ဆေးလိပ်ကြောင့် သ့င် အမြင်အာရုံကြောထိခိုက်သွားပြီး macular degeneration ဆိုတဲ့ အမြင်အာရုံချို့တဲ့တဲ့ ရောဂါရနိုင်သလို ဆေးလိပ်သောက်သူတွေက အတွင်းတိမ်ဖြစ်ဖို့ အလားအလာ ပိုများနိုင်ပါတယ်။ ဒါကြောင့် သင့်ကို ကောင်းကျိုးတစ်ခုမှ မပေးတဲ့ ဆေးလိပ်ကို ဖြတ်လိုက်ပါ။

မျက်လုံး လေးကို ဂရုစိုက်ရမှာ သင်ကိုယ်တိုင်ပါ

  • နေကာမျက်မှန် ဝတ်ဆင်ပါ။

နေရောင်ထဲမှာ အသားအရေအတွက်သာမက မျက်လုံး ကိုပါ ဒုက္ခပေးနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေ က သင့်ရဲ့ အမြင်အာရုံကို ပျက်စီးစေတဲ့ ကြောက်စရာကောင်းတဲ့ မမြင်နိုင်တဲ့အရာတွေပါ။ ဒီခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ဆိုရင် အပြင်သွားတိုင်း ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန် ဝတ်ဆင်သွားတာ အကောင်းဆုံးပါ။ မျက်ကပ်မှန် တပ်ထားရင်တောင် အပြင်ကနေ နေကာ မျက်မှန်ထပ်တပ် သွားဖို့ အကြံပေးပါရစေ။ ။

  • မျက်လုံးကို ထိခိုက်စေနိုင်တဲ့ အလုပ်ခွင်ထဲရောက်နေရင် အကာအကွယ်ဝတ်ထားပါ။ ။

ဂဟေဆော်တဲ့ အလုပ်၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရတဲ့ အလုပ်၊ မျက်လုံးထဲ အမှုန်အမွှားတွေ ဝင်နိုင်တဲ့ အလုပ်တွေ လုပ်နေရတဲ့သူတွေဆို ကြိုပြီး သတိရှိရှိနဲ့ မျက်လုံး အကာအကွယ်တပ်ဆင်ထားဖို့ အရေးကြီးပါတယ်။

  • ကွန်ပျူတာတို့ ဖုန်းတို့ကို အကြာကြီး မကြည့်ပါနဲ့။

ခေတ်ကြီးက တိုးတက်လာတဲ့အလျောက် ဖျော်ဖြေရေးကဏ္ဍတွေလည်း မှိုလိုပေါက်လာတဲ့အပြင် လုပ်ရတဲ့ ကုမ္ပဏီ အလုပ်တော်တော်များများက ကွန်ပျုတာကို တောက်လျှောက်ကြည့်နေရတာများပါတယ်။ ဒါဟာ နည်းပညာတိုးတက်လာတာဖြစ်မယ့် သင့်မျက်လုံကျန်းမာရေးကို ဆုတ်ယုတ်စေပါတယ်။ ကွန်ပျူတာ အကြည့်များပြီး မျက်လုံး ပြာလာတာ၊ မျက်လုံးစပ်လာတာ၊ မျက်လုံးအောင့်လာတွေက သင့်မျက်လုံး ထိနေပြီလို့ပြောချင်တဲ့သဘောပါ။ ကိုယ့်အလုပ်က ကွန်ပျူတာကို အမြဲကြည့်နေရတဲ့ အလုပ်ဆိုရင် မျက်လုံးမထိခိုက်စေဖို့အတွက် ခုပြောထားတဲ့နည်းလေးတွေကို လိုက်လုပ်ကြည့်စေချင်ပါတယ်။

မျက်လုံး လေးကို ဂရုစိုက်ရမှာ သင်ကိုယ်တိုင်ပါ

-ကွန်ပျူတာ ၁ နာရီလောက်ကြည့်ပြီးရင် အဝေးတစ်နေရာကို( အထူးသဖြင့် အစိမ်းရောင်ရှိတဲ့ အပင်တွေကို ) ၁၅ မိနစ်လောက် ကြည့်ပေးပါ။

-ကွန်ပျူတာကြည့်ရင် မျက်လုံးကို မထိခိုက်စေမယ့် မျက်မှန်တို့ ကွန်ပျူတာမျက်နှာပြင်က အလင်းရောင်ကို ကာပေးတဲ့ အကာအကွယ်တစ်ခုခုဖြစ်ဖြစ်သုံးပါ။

-မျက်တောင်ခတ်ပေးဖို့လည်း မမေ့ပါနဲ့။

-မျက်လုံးညောင်းလာရင် မိနစ် ၂၀ လောက် မှိတ်ထားပေးပါ( ဒါမှမဟုတ်) ပေ၂၀ လောက်ကွာတဲ့ အဝေးတစ်နေရာကို စက္ကန့် ၂၀ လောက်ပြန်ကြည့်ပေးပါ။

  • ဆရာဝန်ဆီမှာ တစ်နှစ်တစ်ခါ မျက်လုံးကို သွားသွား စစ်ဆေးပေးပါ။ 

ဆရာဝန်ဆီမှာ ပုံမှန် မျက်လုံး စစ်ဆေးဖို့ဆိုတာ လူတိုင်း လုပ်သင့်တဲ့ ကိစ္စတစ်ခုပါ။ ဒါမှ ကိုယ့်အမြင်အာရုံ ထိခိုက်နေပြီလား၊ အခြားမျက်လုံးနဲ့ ပက်သက်တဲ့ ရောဂါတွေရော ရှိသေးလားဆိုတာကို ကြိုတင်သိရှိနိုင်မှာဖြစ်ပါတယ်။

Takeaways

ကိုယ့်ရဲ့ မျက်လုံး လေးကို စောင့်ရှောက်ရမှာ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တာကြောင့် ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးထားတဲ့ အချက်လေးတွေကို လိုက်နာဖို့ လိုတယ်နော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/eye-health/good-eyesight#2 Accessed Date 25.1.2019

https://nei.nih.gov/healthyeyes/eyehealthtipsAccessed Date 25.1.2019

ယခုပုံစံ

19/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်လုံးပွတ်ခြင်း၏ အန္တရာယ်

မျက်လုံးအောင့်တာ သက်သာစေမယ့်နည်းလမ်း (၅)ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement