မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေ ခံစားနေရလား။ တစ်နေကုန် ကွန်ပျူတာမျက်နှာပြင်ပဲစိုက်ကြည့်နေရတဲ့ အလုပ်ကြောင့် ဒါမှမဟုတ် ပြင်ပက လေထုတွင်းအမှုန်တွေကြောင့် ဖြစ်နိုင်ပါတယ်။ မျက်စိပိုးဝင်ခြင်းကြောင့်လည်း ဒီလိုဖြစ်နိုင်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
မျက်စိဆိုတာ ခန္ဓာကိုယ်မှာ ထိခိုက်လွယ်ဆုံး၊ အနုနယ်ဆုံးအပိုင်းဖြစ်တာကြောင့် နည်းနည်းနာကျင်ရရင်ပဲ စိုးရိမ်တတ်ကြပါတယ်။ ကွန်ပျူတာ၊ ဖုန်း၊ တီဗီ၊ စာအုပ် အကြည့်များလို့ တော်တန်ရုံမျက်စိညောင်းတာ၊ မျက်လုံးအောင့်တာဆိုရင်တော့ ခဏနဲ့သက်သာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် အမြန်သက်သာစေမယ့်နည်းလေးတွေက လွယ်လွယ်လေးပါ။
(၁) မျက်လုံးအဖွင့်အပိတ် လုပ်ပေးပါ
မျက်လုံးထဲမှာ ခို့လို့ခုလုဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို အောင့်သလို ခံစားနေရရင် မျက်လုံးအဖွင့်အပိတ်လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ မျက်စိအကြောပြေပြီး နေရသက်သာပါလိမ့်မယ်။ ဒီနည်းက မျက်ရည်ခမ်းခြင်းကို သက်သာစေပြီး အမှုန်ဝင်နေရင်လည်း သူ့အလိုလိုဖယ်ရှားပြီးသားဖြစ်စေနိုင်ပါတယ်။ မျက်စိတဝိုက် သွေးလည်ပတ်မှုကောင်းစေပြီး မျက်စိညောင်းသက်သာစေပါတယ်။
(၂) အေးတဲ့အရာတစ်ခုခု ကပ်ပေးပါ
မျက်လုံးအောင့်တာ၊ ကျိန်းစပ်တာတွေကို ချက်ချင်းသက်သာစေတာက အအေးကပ်တာပါပဲ။ တစ်ခုခုကြောင့် မျက်စိယားတာ၊ စပ်တာတွေတောင် သက်သာစေနိုင်ပါတယ်။
(၃) ခပ်ဖွဖွ နှိပ်နယ်ပေးပါ
နာရီအတော်ကြာ ကွန်ပျူတာကြည့်ပြီး အလုပ်လုပ်ရတာကြောင့် ဖြစ်လာတဲ့ မျက်စိညောင်းတာ၊ မျက်စိအောင့်တာတွေအတွက် အနှိပ်နည်းကိုသုံးနိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းအတွက်လည်း အသုံးဝင်တဲ့နည်းပါ။
(၄) လက်ဖဝါးအနွေးဓာတ်ပေးပါ
လက်ဖဝါးကုထုံးကလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ စာဖတ်တာကြာသွားလို့ ဒါမှမဟုတ် ကွန်ပျုတာ၊တီဗီကြည့်တာကြာသွားလို့ မျက်စိညောင်းလာပြီဆိုရင် ပိုအသုံးဝင်ပါတယ်။
(၅) မျက်စိကို ကာကွယ်ပါ
မျက်စိနဲ့ပတ်သက်တဲ့ဝေဒနာကို မဖြစ်စေမယ့် အကောင်းဆုံးနည်းလမ်းက ဆင်ခြင်ကာကွယ်ခြင်းပါပဲ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။