ရှာလကာရည်ဆိုတာ အိမ်ထောင်ရှင်လေဒီလေးတွေ ဟင်းချက်တဲ့အခါ အသုံးများတဲ့ ပစ္စည်းတစ်မျိုးပါ။ အသားစိမ်း၊ ငါးစိမ်းတွေကို အညှီနံ့ပျောက်အောင်၊ အသားနူးအောင် စိမ်ထားတာ၊ အချဉ်ဓာတ် ပေးစွမ်းနိုင်ဖို့၊ အသုပ်သုပ်တဲ့ အခါမှာလည်း အရသာချဉ်ချဉ်လေးဖြစ်အောင် ရှာလကာရည်ကို အသုံးပြုတတ်ကြပါတယ်။ ပန်းသီးရှာလကာရည် (Apple Cider Vinegar) ဆိုတာကတော့ ခုနောက်ပိုင်းမှာ ပိုအသုံးများလာပါတယ်။ ပန်းသီး၊ သကြား၊ တစေးနဲ့ အချဉ်ဖောက်ထားပြီး Probiotic လို့ခေါ်တဲ့ လူ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်တယ်။ ပန်းသီးအရသာ သင်းသင်းလေးနဲ့မို့ ဟင်းချက်တဲ့နေရာမှာသာမက အလှအပအတွက်ပါ အသုံးပြုနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။