ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာ သက်သာစေဖို့ အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 1 min read
Share now

ဝမ်းချုပ်တာက အသက်အရွယ်တိုင်းမှာ ဖြစ်နိုင်တယ် ဆိုပေမယ့် အသက်အရွယ်ကြီးရင့်သူတွေမှာ ပိုအဖြစ်များ ပါတယ်။ ဝမ်းချုပ်တာက အစားအသောက် ပျက်စေသလို အခြားသော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် သက်ကြီးရွယ်အိုတွေမှာ ဝမ်းချုပ်တဲ့အခါ သက်သာစေဖို့ ဘယ်လိုများ လုပ်ပေးရမလဲ ဆိုတာကို ဒီ ဆောင်းပါးလေးကနေ ပြောပြပေးသွား ပါမယ်။

ဖိုးဖိုးဖွားဖွားတို့ ဝမ်းချုပ်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံး အချို့

ဝမ်းချုပ်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်စေဖို့ ဒီ နည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

ဝမ်းချုပ်စေတဲ့ အစားအစာတွေကို ရှောင်ပါ

ဝမ်းချုပ်နေတဲ့အခါ ပိုဆိုး မသွားစေဖို့အတွက် ဒါတွေကို ရှောင်စေချင် ပါတယ်။

ဝမ်းမှန်စေမယ့် အစားအစာတွေ ပြင်ဆင်ပေးပါ

ဝမ်းမှန်စေမယ့် အစားအစာတွေဖြစ်တဲ့

လေ့ကျင့်ခန်း လုပ်ပါ

လေ့ကျင့်ခန်း လုပ်တာက ခန္ဓာကိုယ်ကို ကြံ့ခိုင်စေသလို စိတ်ကိုလည်း ကျန်းမာစေ ပါတယ်။ နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ ဝမ်းမှန်စေတာပါ။ လေ့ကျင့်ခန်းလုပ်တာက အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေသလို ဝမ်းမှန်စေပါတယ်။

အချိန်မှန် ရေအိမ်သွားပါ

လူ​ကြီးတွေအနေနဲ့ အသက်အရွယ် ရလာတဲ့အခါ နေ့စဉ် ပုံမှန် အချိန်မှာ ရေအိမ်သုံးတာက ဝမ်းချုပ်မှုကို သက်သာစေမယ့် နည်းလမ်း တစ်ခုပါ။ နောက်တစ်ချက် သတိထားရမှာက ဝမ်းသွားချင်တဲ့အခါ အောင့်မထားဘဲ ချက်ချင်း ထသွားဖို့ပါ။

ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာတွေ ပြင်ဆင်ပေးပါ

အစားအစာတွေ ပြင်ဆင်ပေးတဲ့အခါ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါတာတွေ ပြင်ဆင်ပေးပါ။ အသား၊ ငါး စတာတွေကို သင့်တင့်ရုံပဲ ပြင်ဆင်ပေးပါ။ အသီးအရွက်တွေ၊ သစ်သီး စတာတွေကို ပုံမှန် ပြင်ဆင်ပေးပါ။

ရေသောက်ဖို့ သတိပေးပါ

ရေက အူတွေရဲ့ လုပ်ဆောင်မှုကို ကောင်းစေပြီး ဝမ်းမှန်စေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ လူကြီးတွေက အသက်ရလာတဲ့အခါ ရေသောက်ဖို့ မေ့နေတတ်ကြပါတယ်။ ဒါကြောင့် အနီးနားမှာ ရေဗူးထားပြီး ရေသောက်ဖို့ သတိပေးပေးပါ။

ဒါတွေကို လုပ်ပေးပေမယ့် အဆင်မပြေဘူး၊ မသက်သာဘူးဆိုရင် ရောဂါအခံ တစ်ခုခုကြောင့်လား ဆိုတာကို သိနိုင်စေဖို့ နီးစပ်ရာ ဆေးခန်းကို သွားပြီး သေချာ ပြောပြ ဆွေးနွေးကြည့်ဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်ပါ။ ဒါမှ မွေးကတည်းကတစ်ပါတည်းပါလာခဲ့တဲ့ သက်တော်စောင့်လေးက ရောဂါတွေ၊ ပိုးမွှားတွေ အန္တရာယ်ကနေ စွမ်းစွမ်းတမံ ကာကွယ်ပေးနေတဲ့အရာပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ခြေသည်းလက်သည်းလေးတွေကို ဘယ်လိုစောင့်ရှောက်မလဲ။

လက်သည်းခြေသည်းလေးတွေက အလှတိုးစေသလို ကျန်းမာရေးကို ဖော်ပြပေးနေတဲ့ အရာလေးတွေဆိုရင်လည်း ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read