backup og meta

သစ်သီးတွေများ အစားများနေပြီလား......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သစ်သီးတွေများ အစားများနေပြီလား......

    သစ်သီးစားတာက ကျန်းမာရေးအတွက် ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် အများကြီး စားရင်တော့ မကောင်းဘူးနော်။ မြန်မာစကားပုံ တစ်ခုလိုပေါ့။ အရာရာတိုင်းမှာ တန်ဆေး လွန်ဘေး ဆိုသလိုပေါ့။ သစ်သီးစားတာက ကောင်းပါတယ် အလွန်အကျွံ မဖြစ်စေဖို့ဘဲ လိုတာပါ။ ဒီတော့ သစ်သီးကို ကျန်းမာချင်လို့ စားကာမှ အများကြီးစားမိတာမျိုး မဖြစ်စေဖို့ ဒီဆောင်းပါးလေး ကနေတဆင့် ပြောပြပေးပါရစေလား………..

    သစ်သီးစားတာ ကောင်းလား……..

    ကောင်းပါတယ်။ ဒီလိုပြောရတာက သစ်သီးစားတာကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက မနည်းဘူးလေ။ နေ့စဉ်မှာ သစ်သီးကို သင့်တင့်တဲ့ပမာဏ စားသုံးပေးခြင်းက

  • ဆီးကျောက်တည်တာ
  • ဝမ်းချုပ်တာ
  • သွေးတွင်းသကြားဓာတ် အတက်အကျမြန်တာ
  • သွေးတိုးတာ
  • အမျိုးအစား (၂) ဆီးချိုရောဂါ
  • အရေပြား ပြဿနာ
  • နှလုံးရောဂါ
  • လေဖြတ်တာ
  • အဝလွန်တာ တွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
  • သစ်သီး အစားများနေပြီလား…….

    သစ်သီးကို ပုံမှန် စားသုံးပေးတာက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် လိုတာထက် ပိုစားမိမယ် ဆိုရင်တော့

    မကြာခဏ လေပွတာမျိုးဖြစ်မယ်

    သစ်သီးတွေက လိုအပ်တဲ့ ပမာဏထက် ပိုစားမိတဲ့အခါ လေပွတာမျိုး ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ သစ်သီးတွေထဲမှာ fructose လို့ခေါ်တဲ့ သကြားဓာတ် တစ်မျိုး ကြွယ်ဝတာကြောင့်ပါ။ ဒီ သကြားဓာတ်ကို အစာခြေစနစ်က ကောင်းစွာ ချေဖျက်နိုင်ဖို့ ခက်တာကြောင့် သစ်သီးတွေကို လိုတာထက် ပိုစားမိသူတွေထဲက ၄၀ ရာခိုင်နှုန်းလောက်ဟာ အူသိမ်က fructose ကို ပြည့်ပြည့်ဝဝမစုပ်ယူနိုင်တဲ့ ပြဿနာကို ခံစားကြရပါတယ်။ ဒီအခြေအနေက လေပွတာကို ခံစားရနိုင်ခြေ တိုးသွားစေပါတယ်။

    ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်၊ IBS ဖြစ်မယ်

    အပေါ်မှာ ပြောခဲ့သလို fructose စုပ်ယူမှုပြဿနာက တစ်ခါတစ်ရံမှာ ဝမ်းပျက်ဝမ်းလျှောတာကို ဖြစ်စေနိုင် ပါတယ်။ သစ်သီးတွေ အများကြီးစားတာက အစာခြေစနစ်ကို ဝန်ပိစေနိုင်ပါတယ်။ ဒါကြောင့် သစ်သီးတွေကို အများကြီး စားသုံးတာက fructose စုပ်ယူနိုင်စွမ်းနည်းတာကြောင့် လေပွတာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောတာ၊ ခေါင်းကိုက်တာ၊ စားပြီးတိုင်း ဝမ်းသွားတာ အော့အန်တာမျိုးဖြစ်မယ်ဆိုရင် သစ်သိးတွေကို လိုတာထက် ပိုစားမိနေတာမျိုးဖြစ်နိုင်ပါတယ်။

    ကိုယ်အလေးချိန် မကျဘဲဖြစ်နေမယ်

    နေ့စဉ်စားသုံးမှုမှာ ဆိုဒါတွေကိုလျှော့တယ်။ သကြားလုံးတွေ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အဆီများတာတွေကို လျှော့တယ်ဆိုပေမယ့် ပြဿနာက ယိတ်မကျဘဲ ဖြစ်နေတယ်။ အစားလျှော့စားပြီး ကျန်းမာတဲ့ စားသောက်မှုပုံစံကို ပြောင်းထားပါရက်နဲ့ ဝိတ်ကျဖို့ ရုန်းကန်နေရဆဲပဲဆိုရင် တစ်ခုစဉ်းစားဖို့ လိုတာက သစ်သီးတွေ အများကြီး စားမိနေပြီလား ဆိုတာပါ။

    သစ်သီးတွေ အများကြီးစားမိတဲ့အခါ ကိုယ်တွင်းမှာ ကာဗိုဟိုက်ဒရိတ်တွေများပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်သွားစေပါတယ်။ ဒီသွေးတွင်းသကြားဓာတ် မြင့်တက်မှုရဲ့ အကျိုးဆက်က ခန္ဓာကိုယ်ကို အင်ဆူလင်များစွာ ထုတ်လွှတ်ဖို့ တွန်းအားပေးလိုက်တာပါ။ ဒီလိုနဲ့ ကိုယ်တွင်းမှာ အဆီတွေ ပိုစုသွားစေပါတယ်။ ငှက်ပျောသီးတစ်လုံးမှာပါတဲ့ ကာဗိုဟိုက်ဒရိတ်က ပေါင်မုန့် ၂ ချပ်စာမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့အတူတူလောက်ပါပဲ။

    အချိုတွေပဲ စားချင်နေမယ်

    သစ်သီးတွေ စားနေပေမယ့်လည်း စားပြီး မိနစ် ၃၀ လောက်ကြာ သွားတဲ့အခါတိုင်းမှာ သကြားလုံး ဒါမှမဟုတ် အချိုပါတဲ့ အရာတစ်ခုခုကို ထပ်စားချင်စိတ်ဖြစ်နေပြီ၊ ဗိုက်က ပြန်ဆာလာသလိုလို ဖြစ်နေပြီ ဆိုရင် သေချာပါတယ်။ ဒါက သစ်သီးတွေကို လိုတာထက် ပိုစားမိနေတာပါ။ အကြောင်းကတော့ သစ်သီးတွေက ပရိုတင်းပါဝင်မှု နည်းတာကြောင့် အမျှင်ဓာတ် ကြွယ်ဝပေမယ့် ဗိုက်ပြည့်တယ်လို့ မခံစားရဘဲ ထပ်စားချင်စိတ်တွေ ဖြစ်နေတာပါ။

    သစ်သီးဖျော်ရည်မှ သစ်သီးဖျော်ရည်ဖြစ်နေတယ်

    တစ်ခုခုစားမယ်တွေးလိုက်တိုင်း သစ်သီးဖျော်ရည်ပဲသောက်တော့မယ်။ သစ်သီးဖျော်ရည် သောက်ချင်လိုက်တာ အရမ်းပဲဆိုပြီး အချိန်တိုင်းလိုလို ခံစားနေရပြီဆိုရင် သေချာပါတယ်။ သစ်သီးတွေကို လိုအပ်တဲ့ ပမာဏထက် ပိုစားမိပြီဆိုတာပါ။

    သစ်သီးတွေ အများကြီးစားမိရင် ရင်ပူတာ၊ အစာမကြေတာ၊ ဗိုက်အောင့်ဗိုက်နာ၊ လေပွတာနဲ့ ဝမ်းပျက်ဝမ်းလျှောတာမျိုးဖြစ်နိုင်တာကြောင့် သင့်တင့်တဲ့ ပမာဏလောက်ပဲ စားကြဖို့ အကြုံပြုပါရစေလား……. Hello ဆရာဝန် ပရိတ်သတ်ကြီးတို့ရေ……..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement