အနာကိုရေအေးအေးသန့်သန့်လေးနဲ့ ညင်ညင်သာသာဆေးကြောသန့်စင်ပေးလိုက်ပါ။ အနာကိုဆေးတဲ့အခါ သန့်စင်သွားအောင်ဆိုပြီး ဆပ်ပြာသုံးပြီးဆေးကြောတာမျိုးမလုပ်ပါနဲ့။ နောက်တစ်ခုက ရေနွေးသုံးပြီး ဆေးကြောတာမျိုးမလုပ်ဖို့ပါ။ ရေနွေးသုံးပြီး ဆေးကြောတာက အခန့်မသင့်ရင် အနာကို သွေးပြန်ထွက်လာစေနိုင်တာကြောင့်ပါ။ အနာကိုဆေးကြောတဲ့အခါ အနာထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ အညစ်အကြေးတွေနဲ့ ပြင်ပအရာဝတ္ထုတွေကို သန့်စင်ဖယ်ရှားပေးပါ။
Antibiotics Cream တစ်ခုခုလိမ်းပေးပါ
အနာကိုသန့်စင်ဆေးကြောပြီးပြီးဆိုရင်တော့ အနာကိုခြောက်သွေ့အောင်သုတ်ပြီး အနာကိုAntibiotics Cream တစ်ခုခုလူးပေးလိုက်ပါ။ အနာကိုပိုးဝင်တာနဲ့ အနာရင်းတာမျိုးတွေမဖြစ်အောင်ကာကွယ်နိုင်ဖို့ပါ။
အနာကို ပလာစတာကပ်ပေးပါ
အနာကိုဆေးတစ်ခုခုလူးပြီးပြီဆိုရင်တော့ ပတ်ဝန်းကျင်က သန့်ရှင်းမှုမရှိတဲ့အရာတွေကို ကာကွယ်နိုင်စေဖို့အတွက် အနာကို ပလာစတာလေးကပ်ပေးထားလိုက်ပါ။
အနာကိုနေ့စဉ်စစ်ဆေးပေးပါ
အနာကိုနေ့စဉ်စစ်ဆေးဖို့ကလည်း မဖြစ်မနေလုပ်သင့်တဲ့ အနာ ထိန်းသိမ်းစောင့်ရှောက်မှုတစ်ခုပါ။နေ့စဉ် အနာက ရင်းနေလား၊ပြည်တည်နေလားဆိုတာတွေကို စစ်ဆေးပေးပါ။ အနာကိုနေ့စဉ်စစ်ဆေးပြီးဆေးထည့်တာ၊ ပလာစတာလဲတာတွေလုပ်ပေးပါ။ အနာကိုနေ့စဉ် စစ်ဆေးတာက အနာနီမြန်းရောင်ရမ်းတာတွေကို ကာကွယ်ရာလည်းကျပါတယ်။
အနာကပိုးဝင်ကူးစက်နေတာ၊ပြည်တည်နေတာ၊ အနာရင်းနေတာတွေဖြစ်နေမယ်ဆိုရင်တော့ အနာကို နီးစပ်ရာဆေးခန်းမှာသွားရောက်ပြသပေးပါ။ မျက်နှာမှာဖြစ်တာကြောင့် အမာရွတ်ကျန်ပြီး အကျည်းတန်မနေစေဖို့အတွက် အနာကိုသေချာဂရုစိုက်ပေးတာက အကောင်းဆုံးဖြစ်မှာပါ။ မျက်နှာက အနာကျက်သွားပြီဆိုရင်တောင်မှ အပြင်သွားတဲ့အခါမှာ ပလာစတာကပ်ထားပေးတာက အဆင်ပြေမှာပါ။ မတော်တဆကုတ်မိ၊ထိမိတာတွေကြောင့် အမာရွတ်ထင်ကျန်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။
မျက်နှာမှာထိခိုက်ဒဏ်ရာဖြစ်ပြီးပြီးချင်း ၂၄ နာရီအတွင်း အက်စပရင်လိုမျိုးဆေးဝါးတွေသောက်သုံးတာမျိုးမလုပ်ပါနဲ့သွေးမတိတ်တာမျိုးဖြစ်နိုင်တာကြောင့်ပါ။ပြီးရင်တော့ ၄၈ နာရီအတွင်းရေနွေးနဲ့ရေချိုးတာ၊ရေနွေးအိတ်ကပ်ပေးတာ၊ ပူပူစပ်စပ်အစားအသောက်တွေစားတာမျိုးကိုရှောင်ရှားပေးပါ။နောက်တစ်ချက်က အနာကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ဖို့ပါ။ အနာကျက်သွားတဲ့အခါမှာလည်း အနာပေါ်ကနေနေလောင်ကာခရင်မ်ခပ်ပါးပါးလေးလူးပေးလိုက်ပါ။ အနာကယားယံတဲ့အခါမှာလည်းကုတ်ဖဲ့မိတာမျိုးမဖြစ်အောင်ဂရုစိုက်ပေးပါ။
Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။