backup og meta

အမျိုးသားများအတွက် အသားရေကိုထိန်းသိမ်းရန် လမ်းညွှန်ချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများအတွက် အသားရေကိုထိန်းသိမ်းရန် လမ်းညွှန်ချက်များ

    ယခုခေတ်တွင် အမျိုးသားများသည်လည်း မျက်နှာ အသားအရေထိန်းသိမ်းရန် လိုအပ်လာကြပါသည်။ အမှန်ဆိုရလျှင် အမျိုးသားအများစုသည် သူတို့၏ အသားအရေနှင့် ပက်သက်ပြီး အလေးအနက်ထားလာကြသည်ကို တွေ့ရသည်။ အောက်ပါတို့သည် အမျိုးသားများ၏ မျက်နှာ အရေပြားထိန်းသိမ်းမှုနှင့် ပက်သက်သော ရှာဖွေတွေ့ရှိမှုအချို့ဖြစ်ပါသည်။

    အောက်ပါတို့သည် သင့်အတွက် လွယ်ကူ လျှင်မြန်သော နည်းလမ်းအချို့ဖြစ်ပါသည်။

    အသားရေထိန်းသိမ်းသော ပစ္စည်းရွေးချယ်ခြင်း

    · ကိုယ်တိုက်ဆပ်ပြာနှင့် လက်ဆေးဆပ်ပြာများဝယ်လျှင် အစိုဓါတ်ထိန်းပစ္စည်းပါသော အမျိုးအစားကို ရွေးချယ်ပါ်။

    · မျက်နှာအတွက် နေရောင်ကိုကာပေးသော ပစ္စည်းပါသည့် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။

    · နေရောင်ကိုကာပေးသောခရင်မ်ကို SPF 15 နှင့် အထက်ကိုသာ အမြဲရွေးချယ်သုံးစွဲပါ။

    · သင်သည် အသားရေခြောက်သူတဦးဖြစ်လျှင်ကိုယ်တွင်လိမ်းရန် နွေရာသီတွင် အစိုဓါတ်ထိန်းပစ္စည်း အမျိုးအစားကို ရွေးချယ်ပါ။

    · အသားရေအလွန်ခြောက်သူများ အတွက် ပိုစေးပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးက ပိုကောင်းပါသည်။

    · ဆောင်းရာသီတွင် ပိုပျစ်သော အစိုဓါတ်ထိန်းပစ္စည်းမျိုးကို ရွေးချယ်ပါ။

    ဆပ်ပြာ မသုံးပါနှင့်။

    · အမျိုးသားအများစုသည် ကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည် တို့ကို မျက်နှာသစ်ဆေးအဖြစ်ပါ အသုံးပြုတတ်ကြသည်။ အများစုသောကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည် တို့တွင် သင့် အသားရေကို ခြောက်သွေ့စေသော၊ အသားရေတောက်ပမှုကို လျော့နည်းစေသော ဓါတုပစ္စည်းများပါဝင်သော ကြောင့် ဠင်းတို့ကို မျက်နှာသစ်အနေနှင့် မသုံးသင့်ပါ။

    · ရွေးချယ်စရာ မျက်နှာသစ်ဆေးအမျိုးမျိုးရှိသော်လည်း အရင်ဦးဆုံး ဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော အမျိုးအစားများကို ဝယ်ယူပါ။(နာနတ်သီးနှင့်ပြုလုပ်သော မျက်နှာချေးချွတ်ဆေးသည် အမျိုးသားများကြားတွင် ရေပန်းစားသည်။)

    · သင့် မျက်နှာကို ခေါင်းလျှော်ရည်ဖြင့် မသစ်ရန် အကြံပေးအပ်ပါသည်။

    အသားရေခြောက်သွေ့မှုကို ကာကွယ်ခြင်း

    · ကြက်သီးနွေးရေဖြင့် ရေချိုးပါ။

    · ကြက်သီးနွေးရေဖြင့် ရေချိုးရင် ၅ မိနစ်မှ ၁၀ မိနစ်သာ ချိုးပါ။

    · လက်ဆေးပြီးလျှင် အစိုဓါတ်ထိန်းခရင်မ်ကို အသုံးပြုပါ။

    · ရေချိုးပြီးလျှင်လည်း အစိုဓါတ်ထိန်းခရင်မ်ကို အသုံးပြုပါ။

    မုတ်ဆိတ်ရိတ်ခြင်းနှင့်ပက်သက်ပြီး လိုက်နာသင့်သည်များ

    · မုတ်ဆိတ်ရိတ် ခရင်မ်ကို အသားထဲသို့ နှံ့အောင်ပွတ်ပါ။

    · အလွန်အကျွံရိတ်ခြင်းကိုရှောင်ကျဉ်ပါ။ သင့်အရေပြားပွန်းပဲ့မှုကို လျှော့ချရန် အသွားတဖက်ပါသော ရိတ်ဓါးကိုသာ အသုံးပြုပါ။

    · ရိတ်ပြီးလျှင် ရေများများဖြင့်ဆေးကြောပါ။ ပြီးလျှင် မျက်နှာသုတ်ပဝါနှင့်သုတ်ပါ။ မပွတ်ပါနှင့်။

    · မုတ်ဆိတ်မရိတ်မီ မိနစ်အနည်းငယ်အလိုတွင် ရေနွေး သိုကမဟုတ် ရေပူတွင်စိမ်ထားသော တဘက်ဖြင့် အရင်ဦးစွာဆေးကြောပါ။

    · သင့် အသားရေကို ကာကွယ်ရန်နေရောင်ကာမရင်မ်ပါဝင်သော အစိုဓါတ်ထိန်းပစ္စည်းကို လိမ်းပါ။

    · မုတ်ဆိတ်မွှေးပေါက်သည့် ဦးတည်ဘက်အတိုင်း ရိတ်မာ။

    ဝက်ခြံမဖြစ်အောင် ထိန်းသိမ်းခြင်း

    · ဆေးညွှန်းပါရှိသည့် Retinol (Renova ,Retin-A, Tazorac,Avita, Differin) စသည်တို့ကို ညဘက်တွင်လိမ်းပါ။ ဠင်းတို့သည် ဝက်ခြံပေါက်ခြင်းကို လျော့နည်းစေလိမ့်မည်။

    · ပိုးသတ်ဆေး သို့မဟုတ် Benzyl Peroxide ပါဝင်သော ခရင်မ်များ၊မျက်နှာသစ်ဆေးများကို နေ့စဉ်အသုံးပြုခြင်းဖြင့် လည်း သင့်ဝက်ခြံကို သက်သာစေနိုင်သည်။

    · နောက်ဆုံးအနေဖြင့် သင်သည် အရေပြားချေးချွတ်သန့်စင်ခြင်း၊ ဝက်ခြံကိုဆေးထိုးခြင်းနှင့် လေဆာရောင်ခြည်ဖြင့် ကုသခြင်းစသည်တို့ကိုပြုလုပ်မည်ဆိုပါ က မှန်မှန်ပြုလုင်ရန်လိုအပ်ပါသည်။

    · သင့် အလှပရေးရာ ဆရာဝန်၏ အကြံးပေးချက်များကို ရယူကာ လုပ်ဆောင်ခြင်းဖြင့် သင့်အတွက် အနာနှင့်ဆေးတည့်ကာ အကျိုးရှိစေမည်ဖြစ်သည်။ သင့် အသားအရေကို ဂရုစိုက်ထိန်းသိမ်းဖို့လည်း အလွန်အရေးကြီးသည်။

    အချုပ်ဆိုရသော် အမျိုးသားများသည် အသားရေထိန်းသိမ်းပေးသော စင်တာများသို့သွားရန်လိုမလို စသည့် မျက်နှာအရေပြားထိန်းသိမ်းမှုအတွက် သိလိုသည်များရှိလျှင် အထက်ပါအချက်များသည် သင့်အတွက် လွယ်ကူပြီး လုပ်ဆောင်ရန် အဆင်ပြေစေမည့် အချက်များဖြစ်သည်။

    ထိုနည်းလမ်းများကို လိုက်နာကာ သင့် အသားရေကို အထိရောက်ဆုံးကာကွယ်လိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement