သွေးတိုးရောဂါ မဖြစ် အောင် အသက် ၃၀ မတိုင်ခင်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 28, 2020 . 2 mins read
Share now

သွေးတိုးရောဂါ ဟာ အဖြစ်များပြီး လူတိုင်းမှာဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ အမေရိကန်နှလုံးရောဂါအသင်းကြီးရဲ့ အဆိုအရ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုး မဖြစ် စေဖို့အတွက် အသက် ၃၀ မတိုင်ခင်ကာလ နေထိုင်စားသောက်ပုံက အရေးကြီးတယ်လို့ဆိုပါတယ်။

အသက် ၃၀ မတိုင်ခင်မှာ စနစ်ကျတဲ့နေထိုင်စားသောက်ပုံရှိခဲ့မယ်ဆိုရင် အသက်ကြီးလာချိန်မှာ သွေးတိုးရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျှော့ချပေးနိုင်ပါတယ်တဲ့။ ကျန်းမာရေးနဲ့ကိုက်ညီစွာမ နေထိုင်ဘူးဆိုရင်တော့ အသက် ၄၀ ကျော်ချိန်မှာ သွေးတိုးဖြစ်နိုင်ခြေ ၄၂% ရှိတယ်လို့ဆိုပါတယ်။

American Heart Association ဟာ ဒီလိုသွေးတိုးဝေဒနာကို ရှောင်လွှဲနိုင်ဖို့ဆိုရင် ဘယ်လိုနေထိုင်စားသောက်ရမလဲဆိုတာကို လမ်းညွှန်ချက်လည်း ထုတ်ပြန်ထားပါတယ်။

Life’s Simple 7 နဲ့ကိုက်ညီအောင်နေပါ

“Life’s Simple 7” လို့ခေါ်ဆိုတဲ့ AHA ရဲ့ ဒီလမ်းညွှန်ချက်မှာတော့ နေထိုင်ပုံဆိုင်ရာ အကြံပြုချက်တွေ ပါဝင်နေပါတယ်။ ဒီအချက် ၇ ချက်ကတော့ အောက်ပါအတိုင်းပါပဲ။

ဒီအချက် ၇ ချက်ကို လိုက်နာမယ်ဆိုရင် သင့်ရဲ့ သွေးတိုးရောဂါဖြစ်ပေါ်နိုင်ခြေကို ၄၂% အထိလျှော့ချနိုင်မှာဖြစ်တယ်လို့ လေ့လာချက်တွေအရ သိထားရပါတယ်။

ဒါပေမယ့် ဒီအချက်တွေတိုင်းကို တိတိကျကျလိုက်နာဖို့အတွက် အရေးပါတဲ့အချက်တစ်ခုကိုလည်း အာရုံစိုက်သတိထားထိမ်းကွပ်ဖို့ လိုအပ်တယ်လို့ AHA က သတိပေးပါတယ်။ ဒါကတော့ စိတ်ဖိစီးမှုဖြစ်ပါတယ်။

အထက်ပါ ၇ ချက်လုံးကို လိုက်နာနိုင်ဖို့ဆိုရင် စိတ်ဖိစီးမှုကင်းဝေးအောင်နေထိုင်ဖို့ လိုအပ်တယ်လို့ AHA က ဆိုခဲ့သလို ဒီအချက် ၇ ချက်ကို လိုက်နာခြင်းကြောင့်လည်း စိတ်ဖိစီးမှုကို သိသိသာသာလျော့ကျစေနိုင်တာမို့ အပြန်အလှန်ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအခြေအနေတစ်ရပ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် “Life’s Simple 7” ကို လိုက်နာတဲ့အခါမှာ သွေးတိုးတင်မက သွေးတိုးရောဂါနဲ့ဆက်စပ်ဝေဒနာတွေဖြစ်ကြတဲ့ လေဖြတ်ခြင်း၊ နှလုံးဖောက်ပြန်ခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းနဲ့ နှလုံးပျက်စီးခြင်းတွေဖြစ်မလာနိုင်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်တဲ့။

DASH နဲ့ စားပါ

ဒါ့အပြင် သွေးတိုးကို ကာကွယ်နိုင်ဖို့ သားသောက်သင့်တဲ့ ပုံစံကိုလည်း AHA က ထုတ်ပြန်ထားပါတယ်။ ဒါကိုတော့ DASH diet (Dietary Approaches to Stop Hypertension) လို့ ခေါ်ပါတယ်။ သွေးတိုးကို ရပ်တန်နိုင်စေဖို့ အထောက်အကူဖြစ်စေမယ့် အစားအစာတွေပေါ့။

DASH အစားအစာတွေဆိုတာကတော့ အောက်ပါ အစားအစာတွေကိုဆိုလိုတာပါ။

ဒီအစားအစာတွေကို အဓိကမှီဝဲပဲပြီး အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အသားတွေ၊ အချိုတွေ၊ အငံတွေကို ရှောင်ကျဉ်မယ်ဆိုရင် သင် အသက် ၄၀ ကျော်မှာ သွေးတိုးရောဂါနဲ့ ခပ်ဝေးဝေးနေရာမှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ နေထိုင်ရှင်သန်ခွင့်ရနေမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

သွေးကြောမကြီး ပြဲခဲ့ရင်

သွေးကြောမကြီး သွေးကြောမကြီးပြဲ နှလုံးရောဂါ နှလုံးရောဂါလက္ခဏာ ရင်ဘတ်အောင့် နှလုံးသွေးကြောပိတ် လေဖြတ် သွေးတိုးရောဂါ ကိုကင်းသုံး သွေးပေါင်ချိန်ထိန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သစ်ကြားသီး နဲ့ ကျန်းမာရေး

အကျိုးကျေးဇူး သစ်ကြားသီး ကျန်းမာရေး အာဟာရ ဆီးချို သွေးတိုး သွေးတွင်းကိုလက်စထရော နှလုံး ရောင်ရမ်းမှု ကင်ဆာ အစာအာဟာရ အခွံမာသီး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ခေါင်းကိုက်ခြင်း အကြောင်းရင်းများနှင့် သက်သာအောင် ပြုလုပ်နည်းများ

ခေါင်းကိုက် မျက်ရည် စိတ်ဖိစီးမှု အိပ်ရေးပျက်ခြင်း တုပ်ကွေး ရာသီဥတု သွေးတိုးရောဂါ နာတာရှည်ရောဂါ အာရုံကြောတွေ ဆေးပလာစတာ ရှူဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

မြေစာဥကပေးတဲ့ ကျန်းမာရေး

မြေစာဥ ကျန်းမာရေး အကျိုးကျေးဇူး ကယ်လ်လိုရီ ပိုတက်ဆီယမ် အမျှင်ဓာတ် ဗီတာမင် B6 ဓာတ်တိုးဆန့်ကျင် အာနိသင် ကိုယ်ခံအား ကင်ဆာ ဆီးချို နှလုံးရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ

ရာသီဥတု အကူးအပြောင်းမှာ ဖြစ်လာမယ့် စိတ်အပြောင်းအလဲကို ဘယ်လိုထိန်းချုပ်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 22, 2020 . 2 mins read
မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 2 mins read
အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
သွေးကြောမကြီး ဖောင်းတယ်ဆိုတာ အန္တရာယ်ရှိလား

သွေးကြောမကြီး ဖောင်းတယ်ဆိုတာ အန္တရာယ်ရှိလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 22, 2020 . 2 mins read