အဆီစားလို့ ဝတာလို့ပြောကြတယ်။ ဒီတစ်ခါ အဆီ ပိုစားပြီးဝိတ်ချတဲ့နည်းရှိတယ်ဆို အံ့သြသွားမှာလား။ ကီတိုစားသောက်နည်း (Keto Diet) ဆိုတာ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ပြီး ပရိုတင်းနဲ့ အဆီဓါတ်တွေကနေ ကယ်လိုရီပိုရယူတာဖြစ်ပါတယ်။
ထွက်မှာ သေချာပြီလား။
အဓိကကတော့ –
လိုက်နာဖို့ခက်တာက
ဒီစားသောက်နည်းက အသားကြိုက်သူတွေအတွက် နတ်သုဒ္ဓါလိုဖြစ်နေပေမယ့် တကယ်တမ်းကျ ရှုပ်ထွေးပါတယ်။ ဘာလို့ဆို ketosis နဲ့ကွက်တိကျဖို့ အဆီ၊ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ဘယ်လောက်မှန်ကန်တဲ့ပမာဏရောက်အောင် စားရမလဲဆိုတာသေချာမတွက်ချက်နိုင်လို့ပါပဲ။ တကယ်လို့ သုံးမယ်ဆိုရင် ကီတိုနည်းကို ရက်တို အမြန်ဝိတ်ချနည်းထက်ရေရှည်နေထိုင်စားသောက်မှုပုံစံအဖြစ်လေ့ကျင့်ယူသင့်ပါတယ်။ ဥပမာ အနည်းဆုံး ၆ လ စသည်ဖြင့်ပေါ့။
စားသောက်ပုံပြောင်းလဲကာစမှာတော့ ခန္ဓါကိုယ်က ကာဗိုဟိုက်ဒရိတ်တွေကနေ အဆီကိုပြောင်းလဲအသုံးပြုရတာဖြစ်တဲ့အတွက် keto flu လို့ခေါ်တဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။ နုံးတာ၊ ခေါင်းမကြည်တာ၊ ပိုဆာလောင်တာ၊ အိပ်မပျော်တာ၊ မအီမသာဖြစ်တာ၊ ဝမ်းချုပ်တာ၊ ဝမ်းပျက်တာတွေဖြစ်တတ်တယ်။ အဲဒီမှာပြဿနာက ကာဗိုဟိုက်ဒရိတ်ကိုပြန်စားမိတဲ့ အမှားပါပဲ။ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေနိုင်လို့ ခဏခဏအပြောင်းအလဲလုပ်မယ်ဆိုရင် ထိရောက်မှုမရှိတော့ပါဘူး။ အနည်းဆုံးတော့ ကီတိုနည်းကို သုံးလေးလလောက်လုပ်ပြီးမှပြန်စားရင်ပြန်စားသင့်ပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Ref:
https://www.webmd.com/diet/ss/slideshow-ketogenic-diet
Accessed Jan 29, 2019.
https://www.webmd.com/diabetes/type-1-diabetes-guide/what-is-ketosis#2
Accessed Jan 29, 2019.
https://www.medicinenet.com/script/main/art.asp?articlekey=212829
Accessed Jan 29, 2019.
https://www.healthline.com/nutrition/keto-diet-meal-plan-and-menu#sample-menu
Accessed Jan 29, 2019.