အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
ကျား / မ
အမျိုးသား
အမျိုးသမီး
BMR ဆိုတာ ဘာလဲ။
Basal metabolic rate (BMR) ဆိုတာ နေ့စဉ်အသက်ရှင်ဖို့ ခန္ဓာကိုယ်က အသုံးပြုရတဲ့ ကယ်လိုရီပမာဏပဲ ဖြစ်ပါတယ်။ ဥပမာပြောရရင် အခြေခံကျတဲ့ လုပ်ငန်းတွေဖြစ်တဲ့ အသက်ရှူတာ၊ သွေးလည်ပတ်တာ၊ ဆဲလ်တွေ အလုပ်လုပ်တာတွေပေါ့။ ဒါကို ဇီဝရုပ်ဖြစ်ပျက်မှု “metabolism” လို့ လူသိများကြပါတယ်။
BMR နဲ့ RMR ဘာကွာသလဲ။
BMR ဆိုတာ basal metabolic rate ဖြစ်ပြီး RMR ကတော့ resting metabolic rateပါ။ ဒီနှစ်ခုက တူသလိုလို ရှိပေမယ့် အနည်းငယ်ကွာခြားပါတယ်။
BMR က နေ့စဉ်အသက်ရှင်ဖို့ လုပ်ရတဲ့ အခြခံလုပ်ငန်းတွေအတွက် ကယ်လိုရီ ‘လိုအပ်ချက်’ကို ဆိုလိုတာဖြစ်ပါတယ်။ RMR ကတော့ သာမန်အချိန်၊ နားနေချိန်မှာ ခန္ဓာကိုယ်က ကယ်လိုရီ ဘယ်လောက် ‘လောင်ကျွမ်း’ နေလဲဆိုတာကို တိုင်းတာတာဖြစ်ပါတယ်။
BMR ကို ဘယ်လိုတွက်ချက်ပါသလဲ။
BMR ကို တွက်ချက်ဖို့ Harris-Benedict formulaကို အသုံးများပါတယ်။
အမျိုးသမီးများအတွက်: BMR = 655 + (9.6 × ကိုယ်အလေးချိန် kg) + (1.8 × အရပ် cm) – (4.7 × အသက် နှစ်)
အမျိုးသားများအတွက်: BMR = 66 + (13.7 ×ကိုယ်အလေးချိန် kg) + (5 ×အရပ် cm) – (6.8 × အသက် နှစ်)
ဒါက ခက်တယ်ဆိုရင် Hello ဆရာဝန်က BMR တွက်ချက်ခြင်းကိရိယာနဲ့ အလွယ်တကူ တွက်ချက်လို့ ရပါတယ်။
BMR နဲ့ ခန္ဓာကိုယ် ကြွက်သားထု ဘယ်လိုဆက်စပ်နေသလဲ။
လေ့လာချက်တွေအရ ခန္ဓာကိုယ် ကြွက်သားထုများလေလေ BMR များလေလေလို့ ဆိုပါတယ်။ ခန္ဓာကိုယ်ကတည်ဆောက်ပုံမှာ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီပမာဏနဲ့ ကြွက်သားနဲ့ ပါဝင်ပါတယ်။
Metabolism မြန်ချင်တယ်ဆိုရင် ခန္ဓာကိုယ်တည်ဆောက်ပုံကို ပြောင်းလဲပစ်ရပါမယ်။ ဆိုလိုတာက ကြွက်သားထုတက်အောင် လုပ်ရပါမယ်။ ဒီလိုဖြစ်စေဖို့ strength trainingလို့ခေါ်တဲ့ ကြွက်သားတက်စေမယ့် လေ့ကျင့်ခန်းတွေလုပ်တာ၊ ပရိုတင်းကြွယ်ဝတာတွေ စားတာတွေ လိုက်နာရပါမယ်။
BMRနဲ့ TDEEနဲ့ ဘာကွာသလဲ။
BMRက သင်အသက်ရှင်ဖို့ သုံးဖို့လိုတဲ့ ကယ်လိုရီပမာဏ အနည်းဆုံးကို တွက်ချက်ပေးပါတယ်။ Total Daily Energy Expenditure (TDEE) ကတော့ အသက်ရှင်ဖို့ လုပ်ရတဲ့ ဇီဝဖြစ်စဉ်တွေ အပါအဝင် လေ့ကျင့်ခန်းလုပ်တဲ့အခါမှာပါ သုံးလိုက်ရတဲ့ တစ်နေ့တာကယ်လိုရီ လောင်ကျွမ်းမှု ပမာဏကို တွက်ချက်ပေးပါတယ်။
BMRက ဝိတ်ချဖို့ ကူညီပေးနိုင်သလား။
BMRက သင်ဝိတ်ချဖို့နဲ့ အစားအသောက်ရွေးချယ်ဖို့ ကူညီပေးနိုင်ပါတယ်။ ကယ်လိုရီတွက်ချက်နေချိန်မှာ BMRကို TDEE တွက်ချက်ဖို့ သုံးနိုင်ပါတယ်။ ဒါမှ ဝိတ်ကျဖို့ တစ်နေ့ကို ကယ်လိုရီဘယ်လောက်ပဲ စားရမယ်ဆိုတာကို သိနိုင်မှာပါ။