ကိုက်လန်
ကိုက်လန်ရွက်မှာ ခွန်အားပြည့်ဖို့ မရှိမဖြစ်အရေးပါတဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ သံဓာတ်ကြွယ်ဝသလို ကယ်လ်စီယမ်၊ ဖောလိတ်နဲ့ ဗီတာမင်ဘီအုပ်စုဝင်တွေ အများကြီးပါဝင်ပါတယ်။
ငှက်ပျောသီးက လှုပ်ရှားသွားလာနေတဲ့ ခန္ဓာကိုယ်ကို လောင်စာဖြည့်ပေးမယ့် အစားအစာတစ်မျိုးပါပဲ။ ပိုတက်စီယမ်ကြွယ်ဝတဲ့ ဒီအသီးက အမျှင်ဓာတ်လည်းများတယ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင် ဘီတွေ အများကြီးပါသေးတယ်။
ကြက်ဥနဲ့ ငှက်ပျောသီး၊ နို့ ပါတဲ့ မနက်စာကို စားမယ်ဆို ပိုပြီးပြည့်စုံတာပေါ့။ ငှက်ပျောသီးမှည့်က အစိမ်းထက် ခွန်အားပိုဖြစ်စေတယ်။
ကြက်ဥတစ်လုံးမှာ အရည်အသွေးမြင့်ပရိုတင်းနဲ့ အကျိုးပြုအဆီတွေပါဝင်ပြီး တစ်နေ့တာလုံးအတွက် တာရှည်ခံတဲ့ ခွန်အားပြည့်ခြင်းကို ရရှိနိုင်ပါတယ်။
ကြက်ဥဟာ သံဓာတ်၊ ဗီတာမင် ဒီ၊ ကိုလင်းဓာတ်၊ ဗီတာမင် ဘီတွဲ အပါအဝင် ဗီတာမင်နဲ့ သတ္တုဓာတ်အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။
ကိုလက်စထရောလျှော့စားနေသူကလွဲလို့ မနက်စာမှာ ထည့်စားတဲ့အခါ ကြက်ဥအနှစ်ရော၊ အကာပါ စားဖို့ မမေ့ပါနဲ့။ အနှစ်က အာဟာရအပြည့်ဆုံးအပိုင်းဖြစ်နေလို့ပါ။
နွမ်းနယ်နေတဲ့ စိတ်နဲ့ခန္ဓာ အားပြည့်လန်းဆန်းစေနိုင်ဖို့ တစ်နေ့တာမှာ မနက်ဖြစ်ဖြစ် နေ့လယ်ဖြစ်ဖြစ် ဒီအစားအစာတွေထဲက ရွေးချယ်စားသုံးကြည့်လိုက်ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။