backup og meta

အသားမစားဘဲ အသီးအရွက်ချည်းစားပြီး ဝိတ်ချတော့မယ်ဆို ဒါတွေသိထားဖို့လိုပါတယ် ။

အသားမစားဘဲ အသီးအရွက်ချည်းစားပြီး ဝိတ်ချတော့မယ်ဆို ဒါတွေသိထားဖို့လိုပါတယ် ။

အသားဟင်းတွေ က ကယ်လိုရီ တွေ တက်လွန်းဆိုပြီး အသီးအရွက် တွေချည်းစားပြီး ဝိတ်လျှော့ဖို့ စဉ်စားနေပါသလား။ အသီးအရွက်တွေစားက ကျန်းမာရေးအတွက် သင့်တော်တ,f ဆိုပေမယ့် နည်းလမ်းမမှန်တဲ့အခါ မဖြစ်သင့်တဲ့ ဗီတာမင် ချို့တဲ့တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ သတ်သတ်လွတ်စားတဲ့သူတွေရော၊ အသီးအရွက်ချည်းပဲစားပြီး ဝိတ်ချဖို့ စဉ်းစားထားတဲ့သူတွေ ရော ခုပြောမယ့်အချက်လေးတွေကို သိသင့်တယ်နော်။ ။

ကိုယ်စားမယ့် ထမင်းတစ်နပ်မှာ ဘာတွေပါသင့်လဲ ။ ။

ကာဘိုဟိုက်ဒရိတ်ပါရပါမယ်။

တစ်နေ့လုံး အသီးအရွက်ချည်းစားရုံနဲ့တော့ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ အားအင်တွေ ပြည့်မှာ မဟုတ်ပါဘူး။ ဒီတော့ အားရှိဖို့အတွက် ကစီဓါတ်ကြွယ်ဝတဲ့ ထမင်း၊ အာလူး ကန်စွန်းဥတို့ စားပေးသင့်ပါတယ်။ တကယ်တော့ အသီးအရွက်တွေကရတဲ့ အမျှင်ဓါတ်ဆိုတာလည်း ကာဘိုဟိုက်ဒရိတ် တစ်မျိုးပါပဲ။ ဒါပေမယ့် ထမင်းမှာပါတဲ့ ကစီဓါတ်ကိုကျ ကိုယ်ခန္ဓါက ဖြိုခွဲပေမယ့် အသီးအရွက်ကပါတဲံ အမျှင်ဓါတ်တွေကိုတော့ အစာခြေစနစ်အားကောင်းအောင် အတွက် သိမ်းထားလေ့ရှိပါတယ်။ လူတစ်ယောက်တစ်နေ့လိုအပ်တဲ့ အမျှင်ဓါတ် တွေက အမျိုးသမီးတွေဆိုရင် တစ်နေ့ ၂၅ ဂရမ်လောက်ဖြစ်ပြီး အမျိုးသားတွေကတော့ တစ်နေ့ ၃၈ ဂရမ်လောက်စားပေးရမှာဖြစ်ပါတယ်။

ပရိုတင်းကိုလည်း မေ့ထားလို့မရပါဘူး။

အသားကရတဲ့ ပရိုတင်းကို မစားဘူးဆိုရင်တော့ အသီးအရွက်တွေကရတဲ့ ပရိုတင်းကိုစားပေးဖို့လိုပါလိမ့်မယ်။ ပရိုတင်းဆိုတာ ကိုယ်ခန္ဓါအားအင်အတွက် လိုအပ်တဲ့ ဓါတ်တစ်မျိုးပဲလေ။ ပရိုတင်းဓါတ်ချို့တဲ့ရင် အားမရှိသလို ခံစားရတတ်တော့ ပရိုတင်းကြွယ်ဝတဲ့ ပဲ အမျိုးမျိုး၊ အစေ့အဆံတွေ၊ နဲ့ ကောက်ပဲ သီးနှံတို့ကို စားပေးပါ။ အသီးအရွက်တွေကနေထုတ်ထားတဲ့ ပရိုတင်းအမှုန့်တွေလည်း ရနေပြီဖြစ်တာကြောင့် အသီးအရွက်စားပြီး ဝိတ်ချချင်တဲ့သူတွေ အတွက် အဆင်ပြေတယ်နော်။

ကျန်းမာတဲ့အဆီတွေကို စားသုံးပါ။

အသီးအရွက်စားပြီး ဝိတ်ချြခင်းရဲ့ ကောင်းကျိုးတစ်ချက်က မကောင်းတဲ့အဆီတွေဖြစ်တဲ့ ပြည့်ဝဆီနဲ့ trans fats တွေကို မစားသုံးမိစေတဲ့အပြင် ထောပတ်သီး၊ အစေ့အဆံတွေနဲ့ သံလွင်ဆီတို့ကနေရတဲ့ မပြည့်ဝဆီတို့ရဲ့ အာနိသင်ကြောင့် နှလုံကျန်းမာရေးကိုပါ အထူးကောင်းမွန်စေဦးမှာပါ။

အသီးအရွက်ချည်းစားပြီး ဝိတ်ချမယ်ဆိုပေမယ့် ရှောင်သင့်တဲ့ အစားအစာတွေကိုပါ ရှောင်နိုင်မှ တကယ်ထိရောက်မှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လို အစားအစာတွေကို ရှောင်ရမလဲ။

အသင့်စား အစာအစာတွေကို ရှောင်ပါ။

အသားတော့ရှောင်ပါရဲ့။ အားလူးကြော်တို့ ကွတ်ကီးတို့ကို စွတ်စားနေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ ဝိတ်ချတဲ့ ခရီးလမ်းမှာ ဘယ်မှ မရောက်ဘဲ ကြန့်ကြာနေပါလိမ့်မယ်လ။

အငန်နဲ့ သကြားကိုရှောင်ပါ။

ဈေးကွက်ထဲက အသားအစားထိုး စားစရာတွေထဲမှာ အငန် တွေ သကြားတွေ အလွန်အကဲ ထည့်ထားတာကြောင့် သူတို့ကလည်း ရှောင်သင့်တဲ့ အစားအစာတွေထဲပါပါတယ်။

အချိုရည်။.

အချိုတွေမှာ ပါတဲ့ ဆော်ဒါနဲ့ သကြားတို့ဟာ ကိုယ်အလေးချိန်ကို တဟုန်ထိုးတက်လာစေခြင်းရဲ့ တရားခံတွေ ဖြစ်တာကြောင့် အသီးအရွက်ချည်းစားပြီး ဝိတ်လျှော့ပေမယ့် အချိုရည်တွေ စွတ်သောက်နေရင် တော်တော်နဲ့ ဝိတ်မကျတဲအ့ပြင် ထပ်တောင် တက်လာပါဦးမယ်။

နောက်ပြီး သတ်သတ်လွတ်သမား။ အသီးအရွက်ချည်းပဲ စားတဲ့သူတွေ သထိထားသင့်တဲ့အချက်လည်းရှိပါသေးတယ်။ ဒါကတော့ အာဟာရ ချို့တဲ့မှုပါ။ ဘာတွေလဲဆိုတော့ သံဓါတ်တို့၊ ဗီတာမင် b12 တို့၊ ကယ်လ်ဆီယမ်သတ္တုဓါတ်နဲ့ ပရိုတင်း ချို့တဲ့မှုတို့ပဲ ဖြစ်ပါတယ်။ ဒီတော့ ဖြည့်စွက်အားဆေးလေးသောက်ပေးတာမျိုးနဲ့ အာဟာရချို့တဲ့မှုတွေကို ကာကွယ်ဖို့တော့ လိုပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.livestrong.com/article/13719159-vegan-diet-weight-loss/

Accessed Date 20.6.2019

https://www.theguardian.com/lifeandstyle/2019/jun/19/the-14-things-you-need-to-know-before-you-go-vegan

Accessed Date 20.6.2019

 

ယခုပုံစံ

20/09/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Thin Yadanar @ Frances မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာသော အမျှင်ဓါတ်စားသုံးခြင်း

နေ့စဉ်အာဟာရမှာ ပရိုတင်းဓါတ် ပါဝင်သင့်တဲ့ အကြောင်းရင်း (၁၀) ချက်



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement