backup og meta

သွေးတိုးကိုပါ ထိန်းညှိပေးတဲ့ ဖရဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးတိုးကိုပါ ထိန်းညှိပေးတဲ့ ဖရဲသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    အရည်ရွှမ်းတဲ့ ဖရဲသီးကို အနီပဲဖြစ်ဖြစ် အဝါပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြတဲ့သူ များပါတယ်။ ရေဓာတ်ပြည့်ဝစေတဲ့အပြင် ဘီတာကယ်ရိုတင်းနဲ့ လိုင်ကိုပင်းဓာတ်တွေကြွယ်ဝလို့ သူ့ရဲ့ အာဟာရတန်ဖိုးက မသေးလှပါဘူး။

    ဖရဲသီးမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့အော်ဂင်းနစ်ဒြပ်ပေါင်းတွေအပြင် ဗီတာမင်စီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ ပိုတက်ဆီယမ်ပါဝင်မှုမြင့်မားပါတယ်။ ဗီတာမင်အေ၊ ဗီတာမင် ဘီဆစ်နဲ့ ကာရိုတီးနွိုက်နဲ့ အပင်ထွက်အာဟာရဓာတ်တွေပါဝင်နေပါသေးတယ်။ ဒီလောက် ပါဝင်မှုများတဲ့အသီးက ဘာကျန်းမာရေးအကျိုးကျေးဇူးတွေရှိနေလဲဆိုတာကြည့်ရအောင်။

    ၁) ကျောက်ကပ်ရောဂါတွေကို ကုသနိုင်တယ်

    ဖရဲသီးမှာ ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးရာမှာ အစွမ်းထက်တဲ့ ပိုတက်ဆီယမ်ပါဝင်မှုများပါတယ။ ဒါ့အပြင် သွေးတွင်း ယူရစ်အက်စစ်ပါဝင်မှုကိုလျော့နည်းစေတာ ကြောင့် ကျောက်ကပ်ထိခိုက်ပျက်စီးမှုုဖြစ်နိုင်ခြေနည်းစေပါတယ်။ ရေဓာတ်ပါဝင်မှုမြင့်မားလို့ဆီးရွှင် စေပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကိုကောင်းစေပါတယ်။ ဖရဲသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကျောက်ကပ်ကောင်းစေဖို့ အချိန်အတော်ကြာအထောက်အကူပေးနိုင်ပြီး အရေပြားပေါ်က အစက်အပျောက်တွေနဲ့ အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လျော့ပါးသက်သာစေနိုင်ပါတယ်။

    ၂) အပူရှပ်ခြင်းကိုကာကွယ်ပေးတယ်

    ဖရဲသီးဟာ ခန္ဓာကိုယ်အပူချိန်နဲ့သွေးဖိအားကို လျော့ကျစေနိုင်တဲ့အစွမ်းရှိပါတယ်။ ဒါ့ကြောင့် အပူပိုင်းဒေသမှာနေထိုင်သူတွေဟာ နွေရာသီမှာအပူရှပ်ခြင်းကနေကာကွယ်နိုင်အောင် မွန်းလွဲပိုင်းမှာ နေ့တိုင်းဖရဲသီးစားလေ့ရှိပါတယ်။ ရေဓာတ်ပါဝင်မှုများလို့ နွေပူပူ နေပူပူကာလအတွင်း ခန္ဓာကိုယ်မှာ အရည်ပိုဖြစ်ပေါ်မှုကိုအားပေး ပြီး ချွေးပိုထွက်စေကာ ခန္ဓာကိုယ်ကို အအေးဓာတ်ရစေပါတယ်။

    ၃) သွေးပေါင်ချိန်ကို မှန်စေခြင်း

    ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် သွေးတိုးကိုကျစေပါတယ်။ ကာရိုတီးနွိုက်တွေကြောင့် နှလုံးသွေးကြောနံရံနဲ့ သွေးကြောမာခြင်းတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် သွေးတိုးကိုကျစေပြီး သွေးခဲပိတ်ဆို့မှု၊ လေဖြတ်ခြင်း၊ နှလုံးရုတ်တရက်ဖောက်ခြင်း၊နှလုံးသွေးကြောမာ ရောဂါတို့ ဖြစ်လာနိုင်ခြေနည်းပါးစေပါတယ်။

    ၅) ကင်ဆာကာကွယ်တယ်

    ဖရဲသီးက ကင်ဆာကာကွယ်နိုင်စွမ်းရှိတဲ့လိုင်ကိုပင်းနဲ့ ကာရိုတီးနွိုက်ပါဝင်မှုမြင့်မားတာကြောင့် ဆီးကျိတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ ဗီတာမင်စီရဲ့ အစွမ်းနဲ့ လိုင်ကိုပင်းဓာတ်တို့ ပေါင်းစပ်တဲ့အခါ ဖရဲသီးဟာ ကင်ဆာကာကွယ်တဲ့အသီးတစ်မျိုး ဖြစ်နေပါတော့တယ်။

    ၆) ဆီးချိုသွေးချိုကို ထိန်းပေးနိုင်တယ်

    အချိုနည်းတဲ့အစာတွေပဲစားရမယ်ဆိုတဲ့ ဆီးချိုရောဂါရှိသူတွေမှာ ထမင်းများများမစားရတာကြောင့်၊ စားနေကျအစားအစာတွေကို ပုံစံခွက်နဲံ့လျှော့စားရတာကြောင့် မတင်းတိမ်နိုင်ဖြစ်နေခြင်းကို ဖရဲသီးက ကူညီပေးနိုင်ပါတယ်။ ဖရဲသီးက သူတို့အတွက် အားဖြည့်ဓာတ်စာကောင်းတစ်မျိုးပါပဲတဲ့။ ချိုအေးတဲ့ အရသာနဲ့ ဖရဲသီးက ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့သတ္တုဓာတ်တွေပါဝင်တာကြောင့် ခန္ဓာကိုယ် ထဲမှာ အင်ဆူလင်လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို ကျစေပါတယ်။ ဆီးချိုသမားတွေကို ဖရဲသီးအခွံနဲ့ချက်လုပ်တဲ့ ဟင်းနဲ့အသုပ်တွေကိုကျွေးရင်လည်း သွေးတွင်းသကြားဓာတ်ကျစေနိုင်တယ်လို့ သိရပါတယ်။

    ၇) နှလုံးကျန်းမာစေတယ်

    ဖရဲသီးမှာကြွယ်ဝတဲ့ ကာရိုတီးနွိုက်တစ်မျိုးဖြစ်တဲ့ လိုင်ပိုဆင်းဓာတ်က နှလုံးရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ အရွယ်တင်စေတဲ့အာနိသင်ကြောင့် လူသိများတဲ့ ဘီတာကယ်ရိုတင်းကြောင့် နှလုံးကို ဆက်လက်ကျန်းမာနေစေပြီး နှလုံးနဲ့ပတ်သက်တဲ့ ရောဂါပြဿနာတွေကိုကာကွယ်ပေးပါတယ်။ကိုလက်စထရောကို ကျစေပြီး နှလုံးနဲ့ပတ်သက်တဲ့ အန္တရာယ်ရှိအခြေအနေတွေကို ခံစားရနိုင်ခြေနည်းပါးစေပါတယ်။

    ၈) မျက်စိမှုန်ဝါးခြင်းကို ကာကွယ်ပေးတယ်

    ဖရဲသီးစားရတာကြိုက်တဲ့သူဆိုရင် မျက်စိကျန်းမာရေးနဲ့ပတ်သက်ပြီး စိတ်မပူပါနဲ့။ ဖရဲသီးက ဘီတာကယ်ရိုတင်း၊ဗီတာမင်စီ၊လူတိန်းနဲ့ zeaxanthin တို့ကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်မှုန်ဝါးခြင်း၊ အမြင်အာရုံဆုံးရှုံးမှုကိုကာကွယ်ပေးပါတယ်။ ဒါ့အပြင် မျက်ရည်ခန်းခြောက်ခြင်း၊ ရေတိမ် စတဲ့တခြားမျက်စိပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ၉) ပန်းသေပန်းညှိုးကို ကုသနိုင်တယ်

    ဖရဲသီးရဲ့ Arginine ဓာတ်ဟာ ပန်းသေပန်းညှိုးခြင်းကိုကုသနိုင်တဲ့အစွမ်းရှိတဲ့အပြင် နှိုးဆွနိုင်တဲ့အာနိသင်ကြောင့် လိင်စိတ်ကိုဖြစ်ပေါ်စေပြီး၊ ကျန်းမာတဲ့ခန္ဓာကိုယ်ကို ရရှိစေပါတယ်။

    ဖရဲစေ့ဟာလည်း ကောင်းကျိုးပြုအဆီနဲ့ပရိုတင်းကြွယ်ဝပြီး phytonutrients တွေကြောင့် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ၊ မျက်စိနဲ့ အညစ်အကြေးစွန့်စနစ်တွေရဲ့လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement