အာလူးချောင်းကြော်နဲ့ဘာဂါ
ဒီနှစ်ခုက တွဲစားလို့ တအားကောင်းတာနော်။ ဒါပေမယ့် မစားတာကတော့ အကောင်းဆုံးပါ။ အကြာကြီးကြော်ထားတဲ့ အစားအစာတွေကသွေးတွင်းသကြားဓါတ်ကို ကျဆင်းစေနိုင်ပါတယ်။သွေးတွင်းသကြားဓါတ်ကျဆင်းမှုက ပင်ပန်းစေပြီး အားအင်ကုန်ခမ်းသလိုဖြစ်စေနိုင်ပါတယ်။
ကိုလာ နဲ့ ပီဇာ
ပီဇာမှာက ကစီဓါတ်နဲ့ပရိုတင်းပမာဏ ပါဝင်မှုများသလို ကိုလာမှာကလည်း အချိုဓါတ်ပါဝင်မှုမြင့်ပါတယ်။ ဒီနှစ်ခုကို တွဲပြီးစားသုံးတာက ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေမယ့် အနေအထားပါ။ အစာခြေစနစ်ကို အနှောင့်အယှက်ဖြစ်စေနိုင်သလိုသွေးတွင်းသကြားဓါတ်အပေါ်မှာပါ သက်ရောက်မှုရှိလာနိုင်ပါတယ်။
သစ်သီးတွေနဲ့ဒိန်ချဉ်
ဒိန်ချဉ်ထဲမှာ သစ်သီးလေးတွေထည့်တာက စားလို့ကောင်းတာတော့အမှန်ပါနော်။ ကျန်းမာရေးနဲ့ညီညွတ်တယ်၊လို့လည်း ယူဆလက်ခံထားကြပါတယ်။ ဒါပေမယ့် ဒီနှစ်မျိုးကလည်း တွဲမစားသင့်ပါဘူးတဲ့။ အကြောင်းကတော့ အသီးတွေကထွက်တဲ့ အက်ဆစ်နဲ့ ဒိန်ချဉ်မှာပါတဲ့ ပရိုတင်းတို့ဓါတ်ပြုတဲ့အခါ အစာခြေစနစ်က အကျိုးပြုအမျှင်ဓါတ်တွေကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အခန့်မသင့်ရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်နော်။
ထမင်းစားပြီး သစ်သီးအချိုတည်းခြင်း
ဒါကတော့ မှားယွင်းနေတဲ့ စားသောက်မှုအလေ့အထတစ်ခုပေါ့။ ထမင်းစားပြီးရင် သစ်သီးလေးအချိုတည်းက အလေ့အကျင့်လိုတောင်ဖြစ်နေပါပြီနော်။ ဒါပေမယ့် မစားဖို့ပြောပါရစေ။ သစ်သီးတွေက အစာကြေလွယ်ပေမယ့် ထမင်းစားလိုက်တဲ့အခါ စားသုံးမိတဲ့ ပရိုတင်း၊အဆီနဲ့ ကာဗိုဟိုက်ဒရိတ်တွေကတော့ အစာကြေမလွယ်ပါဘူး။ တကယ်လို့ သစ်သီးမှာပါတဲ့ အချိုဓါတ်က အစာအိမ်ထဲမှာ အချိန်ကြာမြင့်စွာရှိနေမယ်ဆိုရင် အစာအိမ်ထဲမှာ အချဉ်ပေါက်ပြီး ဗိုက်အောင့်ဗိုက်နာတာမျိုးဖြစ်စေနိုင်ပါတယ်။
နွားနို့ထဲကို ငှက်ပျောသီးထည့်လိုက်ရင်တော်တော်မွှေးပြီး စားချင်စရာကောင်းတယ်နော်။ ဒီလိုတွဲစားတာက ခံတွင်းတွေ့စရာဆိုပေမယ့် အစာအိမ်ကတော့ သူတို့ကိုပေါင်းပြီးချေဖျက်ဖို့ အချိန်တော်တော်ယူရပါတယ်။ အစာခြေဖို့အချိန်ကြာမြင့်စွာယူရတာက ခန္ဓါကိုယ်ကို အားအင်ကုန်ခမ်းစေနိုင်ပါတယ်။
ဆိတ်သားနဲ့ပုဇွန်
ပုံမှန်အတိုင်းကတော့ ဒီနှစ်ခုကို တွဲချက်မိခဲပါတယ်။ ဒါပေမယ့် ညစားစားပွဲတွေသွားစားတဲ့အခါမျိုးမှာဖြစ်ဖြစ် ဘူဖေးသွားစားတဲ့အခါမျိုးမှာဖြစ်ဖြစ် တွဲစားမိနိုင်ပါတယ်။ ဒီလိုတွဲစားတာက အစာခြေစနစ်ကို အလုပ်များစေပြီး အစာမကြေတာလိုမျိုးပြဿနာတွေကိုခံစားရစေနိုင်ပါတယ်။
ဒီတော့ အစားတစ်လုတ်ကြောင့် ဒုက္ခမရောက်စေဖို့ ကိုယ့်ကိုယ်ကိုစောင့်ရှောက်လိုက်ပါနော်…. Hello ဆရာဝန်ပရိသတ်ကြီးရေ………………..
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။