သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မနက်ခင်းကို ဒီအရာတွေမစတင်ပါနဲ့

မနက်ခင်းကို ဒီအရာတွေမစတင်ပါနဲ့

မနက်ခင်းအစပြုမှုက တစ်နေ့တာလုံးအတွက် အရေးကြီးဆုံးအချိန်ပါ။ ဒီလိုအရေးကြီးတဲ့အချိန်မှာ အကောင်းဆုံးစတင်ဖို့ မနက်ခင်းမှာ ဒီအရာတွေနဲ့ မစတင်ဖို့ပြောပါရစေ။

မနက်စာအဖြစ်မစားသင့်တဲ့အရာတွေ

လိမ္မော်ရည်

လိမ္မော်ရည်ဆိုတဲ့နေရာမှာ အသီးစစ်စစ်ကိုဖျော်ထားတာမဟုတ်ဘဲ လိမ္မော်အချိုရည်မျိုးကိုပြောတာပါ။ ဒီအချိုရည်တွေက သကြားပါဝင်မှုများပြီးသွေးတွင်းသကြားဓါတ်ကို တက်စေနိုင်တာကြောင့် မနက်ခင်းမှာ အချိုဓါတ်ပါဝင်မှုများတဲ့ လိမ္မော်ရည်ကို မသောက်ဖို့ပြောပါရစေ။

သကြားဓါတ်ပါဝင်မှုများတဲ့ ကွေကာအုတ်
မနက်ခင်းမှာ ကွေကာအုတ်စားတာက ကျန်းမာရေးနဲ့ညီညွတ်တဲ့ မနက်စာဆိုပေမယ့် သကြားပါဝင်မှုများရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် သကြားပါဝင်မှုများတဲ့ ကွေကာအုတ်တွေကို မစားပါနဲ့။ ဒီလိုစားသုံးမှုကသွေးတွင်း ဂလူးကို့စ်ကိုမြင့်တက်စေနိုင်ပြီး ခဏတာတော့ အားပြည့်သလိုခံစားရနိုင်ပေမယ့် နောက်ပိုင်းမှာတော့ အားအင်ကုန်ခမ်းသွားသလို ခံစားရနိုင်ပါတယ်။
မနက်ခင်းကို ကော်ဖီလေးတစ်ခွက်နဲ့ စတင်လိုက်တာက အကောင်းဆုံးလိုပ ယူဆနေသူတွေရှိနေနိုင်ပါတယ်။ တကယ်တော့ မနက်စာအနေနဲ့ ကော်ဖီတစ်ခွက်သောက်တာက နေ့လည်စာအထိခွန်အားတွေရှိနေအောင် သင့်ကို အားမဖြည့်ပေးနိုင်ပါဘူး။ နောက်တစ်ချက်က အချိုဓါတ်တွေနဲ့ နို့၊နို့မှုန့်တို့ရောစပ်ထားတဲ့ ကော်ဖီတွေက အစာခြေစနစ်ကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ အစားမစားခင် ကော်ဖီသောက်တာမျိုးမလုပ်ပါနဲ့။ ကော်ဖီကြိုက်တတ်ရင်လည်း ဗိုက်ပြည့်တာအရာတစ်ခုခုနဲ့တွဲစားပေးတာအကောင်းဆုံးဖြစ်မှာပါ။
အချို့က မနက်စာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် အသီးအနှံစားမယ်။ ငှက်ပျောသီးလေးက အဆင်ပြေနိုင်တယ်ဆိုပြီး တွေးနေတဲ့ သူတွေရှိနေလား။ တကယ်တော့ ငှက်ပျောသီးက အစာခြေရည်ပိုထွက်စေတာကြောင့် မနက်စာအနေနဲ့ မစားသင့်ပါဘူး။ ဗိုက်ပြည့်ဖို့ထက် ဗိုက်ကို ပိုဆာစေနိုင်သလိုသွေးတွင်းသကြားဓါတ်ကိုလည်းမြင့်တက်စေနိုင်ပါတယ်။
အချိုကဲတဲ့ ဒိန်ချဉ်
ဒိန်ချဉ်က ကာဗိုဟိုက်ဒရိတ်ပါဝင်မှုနည်းတယ်ဆိုပေမယ့် အချိုဓါတ်ပါဝင်မှုများနေရင်တော့သွေးတွင်းသကြားဓါတ်မြင့်တက်စေပြီး ခန္ဓါကိုယ်ကို ထိခိုက်စေနိုင်ခြေတော်တော်လေးများပါတယ်။ ဒိန်ချဉ်ထဲကို အချိုမထည့်ဘဲ သစ်သီးတွေထည့်စားတာက မနက်စာကောင်းတစ်ခုလို့ဆိုနိုင်ပေမယ့် အချိုဓါတ်ပါဝင်နေတဲ့ ဒိန်ချဉ်နဲ့တော့မနက်ခင်းကို မစတင်လိုက်ပါနဲ့။
ပြုပြင်ထားတဲ့အသားတွေ
ဒီအစားအစာတွေက ဆားပါဝင်မှုများသလို တာရှည်ခံဓါတုပစ္စည်းတွေလည်း ပါဝင်မှုများတာကြောင့် မနက်စာအနေနဲ့ စားသုံးတာမျိုးမလုပ်သင့်ပါဘူး။ ခန္ဓါကိုယ်ကို အားပြည့်စေတယ်ဆိုတာထက် ဆိုးကျိုးကပိုများပါတယ်။ ဒါကြောင့် မနက်ခင်းကို အသားစားချင်ရင်တောင် အသားစစ်စစ်လေးစားပေးပါ။
ပေါင်မုန့်အဖြူ
အာဟာရပါဝင်မှုတော်တော်လေးနည်းပါတယ်။ မနက်စာကို ပေါင်မုန့်အဖြူအစား၊ ပေါင်မုန့်ကြမ်း ၊ အစေ့အဆန်တွေပါတဲ့ ပေါင်မုန့်ကို စားသုံးပေးပါ။ အစာခြေစနစ်ကျန်းမာဖို့အတွက်လည်း အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။
နည်းနည်းပဲဆိုရင် ပြဿနာမရှိပေမယ့် အရမ်းများလွန်းရင်တော့ အစာခြေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မနက်ခင်းစာကိုထောပတ်အစား အဆီပါဝင်မှုနည်းတဲ့ ချိစ်တွေကို စားသုံးပေးပါ။
ထမင်းဖြူ
အာရှနိုင်ငံတော်ေ်တာ်များများက မနက်ခင်းကို ထမင်းဖြူ နဲ့ ဟင်းတွေတွဲပြီးစားလေ့ရှိကြပါတယ်။ တကယ်တော့မနက်ခင်းမှာ ထမင်းစားတာက အာဟာရ ရနိုင်ခြေနည်းပါတယ်။ ဒါကြောင့် မနက်ခင်းစာကို ထမင်းဖြူမစားပါနဲ့။
အရမ်းစပ်တဲ့အစားအစာတွေ
ဘာမှမရှိသေးတဲ့ အစာအိမ်မှာ အစပ်တွေစားတာက အစာအိမ်ကို ဒုက္ခပေးရာကျပါတယ်။ ဒါကြောင့် မနက်စာကို အစပ်တွေမစားခင်မှာသေချာလေးစဉ်းစားပေးပါ။ တစ်နေ့တာလုံး ဗိုက်ထဲမှာ မအီမသာမဖြစ်စေဖို့ မနက်စာကို အစပ်တွေမစားပါနဲ့။
ဒါကြောင့်မနက်ခင်းကို အခုပြောခဲ့တာတွေနဲ့ မစတင်ဖို့ တိုက်တွန်းချင်ပါတယ်နော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
health-tool-icon

အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)

အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်

အမျိုးသား

အမျိုးသမီး

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

13 foods you should avoid eating for breakfast, according to a nutritionisthttps://www.cosmopolitan.com/uk/body/diet-nutrition/g18193099/foods-to-avoid-eating-breakfast/ Accessed Date 25 January 2019

Banned Breakfast: 15 Foods you should never eat first thing in the morninghttp://www.mariefranceasia.com/health/on-my-plate/healthy-eating/food-never-eat-morning-262562.html#item=15 Accessed Date 25 january 2019

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 01/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။