ကျား၊ မ မရွေး ကိုယ်ခန္ဓါကြီးထွားစေဖို့၊ နေ့စဉ် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ ပရိုတင်းဓါတ်၊ ကစီဓါတ်နဲ့ အဆီဓါတ်တွေ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီအာဟာရ ၃ မျိုးမှာမှ ပရိုတင်းဟာ လူ့ခန္ဓါကိုယ်နဲ့ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး အာဟာရဖြစ်တယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူး။ ဒီနေ့ဆောင်းပါးမှာ ဘာကြောင့် အသက်အရွယ်မရွေး ပရိုတင်းပမာဏ ပြည့်ဝစွာ စားသုံးဖို့ အရေးကြီးလဲဆိုတာကို ပြောပြပေးမယ်နော်။