၄။ အရိုးကျန်းမာရေးအတွက် အထူးကောင်းတယ်။
ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင် ဒီဟာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေပြီး အရပ်ကို ရှည်လာစေတယ်။ သွားတွေကိုလည်း ခိုင်မာစေပြီး အလွယ်တကူ ကျိုးပဲ့ခြင်း မဖြစ်စေဘူး။ အသက်ကြီးလာတဲ့အခါ အမျိုးသမီးများ ကြုံရတတ်တဲ့ အရိုးပါးရောဂါတွေနဲ့ တခြားသော အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
၅။ ဝိတ်ချနေတဲ့သူရော၊ ဝိတ်တက်ဖို့ ကြိုးစားနေတဲ့သူအတွက်ပါ အဆင်ပြေတယ်။
ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားနေသူတွေအတွက် လိုအပ်တဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်တွေ ဖြည့်ပေးတယ်။ အစားအစာအပြင် နွားနို့ပါ တွဲသောက်ပေးမယ်ဆိုရင် ကြွက်သားတက်တာ ပိုမြန်တယ်။ ဝိတ်ချတဲ့သူတွေမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ရတဲ့အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးဖို့ ပရိုတင်းဓာတ်က မရှိမဖြစ် အရေးပါပါတယ်။
၆။ မျက်စိကိုလည်း အားကောင်းစေတယ်။
ဗီတာမင် အေ အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကြောင့် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပြီး တစ်နေ့လုံး ကွန်ပျူတာ၊ ဖုန်းနဲ့ မျက်စိမခွာ ကြည့်နေသူတွေ သောက်ပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။