ပရိုတင်းကြွယ်ဝတဲ့ သတ်သတ်လွတ် အစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ပရိုတင်းလို့ဆိုလိုက်ရင် အသားတွေ ငါးတွေကနေပဲ ရမယ်လို့ ပြေးမြင်ကြမယ် ထင်ပါတယ်။ ဒါကလည်း မမှားပါဘူး။ အသားဓာတ် လို့ဆိုတာကိုး။ အသားငါးတွေကနေပဲရမယ်လို့ ယူဆမှာပေါ့။ ဒီတော့ အသားမစားတဲ့သူတွေ အသားဓာတ် မရတော့ဘူးလားလို့ မေးစရာရှိနေနိုင်ပါတယ်။ အသားဓာတ်ရနိုင်တဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ရှိပါသေးတယ်။ ဘာ​တွေဖြစ်မလဲ ဒီဆောင်းပါးလေးကနေ ဖတ်ကြည့်လိုက်ပါ။

ပရိုတင်း ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေက ဘာတွေများလဲ…………..

အသားငါးတွေ မစားဘဲ ပရိုတင်း ကြွယ်ဝဖို့ဆိုရင်တော့ ဒါလေးတွေ စားပေးလို့ရပါတယ်။

ပဲနီလေး

အမျှင်ဓာတ် ကြွယ်ဝသလို ပရိုတင်းလည်း ကြွယ်ဝတာကြောင့် အစာခြေစနစ် ကျန်းမာသလို အရိုးနဲ့ကြွက်သားတွေကို သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ပဲနီလေး တစ်ခွက်စာမှာ ပရိုတင်း ပမာဏ ၁၇.၈၆ ဂရမ် ပါဝင် ပါတယ်။

ကုလားပဲ

စားရတာ အရသာရှိသလို အသားဓာတ်ပါဝင်မှုလည်း မြင့်ပါတယ်။ ကုလားပဲ တစ်ခွက်စာမှာ ပရိုတင်း ၁၄.၅၃ ဂရမ် ပါဝင်ပါတယ်။

အယ်လ်မွန်စေ့

အယလ်မွန်စေ့က အရသာရှိသလို အာဟာရဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပရိုတင်းဓာတ် ကြွယ်ဝသလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီ၊ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ပါဝင်နေပါတယ်။ အယ်လ်မွန်စေ့ တစ်ခွက်စာမှာ ပရိုတင်း ၅.၉၄ ဂရမ် ပါဝင်နေပါတယ်။

ဟင်းနုနွယ်

အမျှင်ဓာတ်ကြွယ်ဝသလို သံဓာတ်လည်းကြွယ်ဝပါတယ်။ ပရိုတင်းလို့ ခေါ်တဲ့ အသားဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေပါ သေးတယ်။ ဟင်းနုနွယ်တစ်ခွက်စာမှာ ပရိုတင်း ၂.၉ ဂရမ် ပါဝင်ပါတယ်။

ကညွတ်

ကညွတ်မှာ အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါတင်မကပါဘူး။ ဗီတာမင် B၊ ဖောလိတ်၊ကော့ပါး၊ မဂ္ဂနိ့၊ဖော့စဖရပ်စ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင် Aဗီတာမင် K တို့ကြွယ်ဝစွာပါဝင်နေပါသေးတယ်။ ကညွတ် တစ်ခွက်စာမှာ ပရိုတင်း ၂.၉ ဂရမ် ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပရိုတင်း ပါဝင်မှုမြင့်မားသလို အမိုင်နိုအက်ဆစ်၊ ဖောလိတ်၊ မဂ္ဂနိ့စ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် C၊ ဗီတာမင် K တို့ လည်းပါဝင်နေပါတယ်။ ပန်းဂေါ်ဖီစိမ်း တစ်ခွက်စာမှာ ပရိုတင်း ၂.၆ ဂရမ် ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ ပရိုတင်း ပါဝင်မှု များသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ သတ္တုဓာတ်တွေဖြစ်ကြတဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖော့ရပ်စိ၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တို့ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ပန်းဂေါ်ဖီ တစ်ခွက်စာမှာ ပရိုတင်း ၂ ဂရမ်အထိ ပါဝင်နေပါတယ်။

သကြားပြောင်း

အရသာရှိရှိ ချိုချိုလေးနဲ့ စားကောင်းတဲ့ သကြားပြောင်းလေးတွေကလည်း ပရိုတင်း ရရှိနိုင်တဲ့ အစားအစာ အရင်းအမြစ်ပါ။ သ​ကြားပြောင်း တစ်ခွက်စာမှာ ပရိုတင်းက ၄.၆၈ ဂရမ် အထိ ပါဝင်နေပါတယ်။

အာလူး

အာလူးကလည်း ပရိုတင်းပါတဲ့ အစားအစားတစ်ခုပါ။ ပရိုတင်းနဲ့အတူ ဗီတာမင် C၊ ဗီတာမင် B6 တို့လည်း ပါဝင်နေပါ သေးတယ်။ အာလူးအရွယ်တော် တစ်လုံးမှာ ပရိုတင်း ၄.၅၅ ဂရမ် ပါဝင်နေပါတယ်။

ပရိုတင်း ပါဝင်နေတဲ့ သစ်သီးတွေကတော့

ပရိုတင်းဓာတ်ပြည့်ဝချင်ပေမယ့် အသားမစားချင်ဘူးဆိုရင် အခုပြောခဲ့တဲ့ အသီးအရွက်တွေကို စားသုံးပေးလို့ရပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အသားကင်တွေရဲ့ အန္တရာယ်

အသားကင်တွေက ဆွဲဆောင်မှုအား သိပ်ကောင်းပါတယ်။ တစ်ခါစားပြီးရင် မရပ်ချင်လောက်အောင်ပါပဲ။ ဒါပေမဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများ အားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာချေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin

စွန့်ချင်ပါလျက်နဲ့ အောင့်ထားမိတဲ့အခါ

တစ်ချို့အခြေအနေတွေမှာတော့ ဝမ်းသွားချင်စိတ်ကို တမင်ထိမ်းချုပ်ထားမိတတ်ပါတယ်။ ဝမ်းသွားချင်စိတ်ကို ထိမ်းချုပ်တာက မှန်ကန်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သွေးသန့်စေဖို့ ဒါတွေစားပါ။

ခန္ဓာကိုယ်က အလုပ်တွေ အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့ သွေးတွေကို လိုအပ်ပါတယ်။ သွေးဆိုတဲ့နေရာမှာ အဆိပ်အတောက်ကင်းပြီး သန့်စင်တဲ့ သွေး ဖြစ်ဖို့က အရေးကြီးပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား........................

ကိုယ်ဝန်ဆောင်မေမေ တည်သီးစားလို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 2, 2020 . 1 min read
ဘာကြောင့် လေပွနေရတာလဲ။

ဘာကြောင့် လေပွနေရတာလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဈေးသက်သာပြီး ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read