ကစီဓာတ်ဟာ အင်ဆူလင်ကို ပိုမိုထွက်စေပြီး အမိုင်နိုအက်ဆစ်စုပ်ယူခြင်း၊ သွေးထဲမှာ tryptophan ကို ချန်ထားခဲ့ခြင်း စတဲ့ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် tryptophan ကြွယ်ဝတဲ့ အစားအစာတွေကို ကစီဓာတ်နဲ့ တွဲဖက်စားသုံးခြင်းဟာ ဆီရိုတိုနင်ဓာတ်ကို မြင့်တက်စေပါတယ်။
အမှန်တော့ ဆီရိုတိုနင်မြင့်တက်စေဖို့ဆိုရင် အစားအစာတွေအပြင် တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်။ အဲဒီအချက်တွေကတော့
– လေ့ကျင့်ခန်းပြုလုပ်ခြင်း။ အင်္ဂလန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဟာ ဆီရိုတိုနင်မြင့်တက်စေပြီး စိတ်ကျခြင်းကို ကာကွယ်ပေးတဲ့ အာနိသင် ရှိတယ်လို့ သိရပါတယ်။
– နေရောင်ခြည်။ တောက်ပတဲ့နေရောင်ခြည်ဟာ ဆီရိုတိုနင်ဓာတ်ကို မြင့်တက်စေပါတယ်။ နွေးထွေးတဲ့နေရောင်ခြည်ကို ထိတွေ့ခြင်းဟာ ညအချိန်မှာလည်း ကောင်းစွာအိပ်ပျော်စေပြီး စိတ်ကြည်လင်စေတယ်လို့ သိရပါတယ်။
– အပြုသဘောဆောင်သောစိတ်။ နေ့စဉ်ဘဝမှာ အပြုသဘောဆောင်တဲ့ စိတ်ထားနဲ့ ကျင့်ကြံနေထိုင်ခြင်းဟာ ဆီရိုတိုနင်ပမာဏကို ပိုမိုမြင့်တက်လာစေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။