ကိုယ်အလေးချိန်ကလည်းများနေတယ်။ ချက်ချင်း ဝိတ်မကျတော့ဘူးဆိုရင် ကျန်းမာရေးကိုထိခိုက်နိုင်တယ်။ လုံးဝ မစားဘဲနဲ့လည်း မနေနိုင်ဘူး။ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့လည်း ခက်နေတယ်ဆိုတဲ့ အဝလွန်တဲ့သူတွေ အတွက် ကိုယ်အလေးချိန်ကျသွားစေဖို့ နည်းပညာအသစ်တွေပေါ်ထွန်းလာပါပြီ။ အစားလျှော့ ရတာလည်းမဟုတ်၊ လေ့ကျင့်ခန်းလုပ်ရတာလည်း မဟုတ်ဘဲ ခွဲစိတ်မှုလုပ်ပြီး ဝိတ်ချတဲ့နည်းပညာတွေ ပေါ်ထွက်လာခဲ့ပါပြီ။ ထူးဆန်းလိုက်တာနော်။ ဘယ်လိုများပါလိမ့်။ ။