backup og meta

Liposuction (အဆီစုပ်ထုတ်ခြင်း)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 06/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီစုပ်ထုတ်ခြင်းဆိုတာဘာလဲ

    အဆီစုပ်ထုပ်ခြင်းဆိုတာသင့်အရေပြားအောက်ကအဆီတွေကိုဖယ်ထုတ်ပေးပြီးသင့်ရဲ့ကိုယ်ခန္ဓါကိုပိုမိုသွယ်လျ လှပလာအောင်ဆောင်ရွက်ပေးတဲ့ ပလတ်စတစ်ဆာဂျရီတစ်မျိုးပါ။ အဆီစုပ်ထုတ်ခြင်းကိုအဆီများတဲ့ အောက်ပါနေရာတွေမှာအသုံးပြုနိုင်ပါတယ်။

  • ပေါင်များ
  • တငပါးများ
  • ဗိုက်နဲ့ခါး
  • လက်မောင်းအပေါ်ပိုင်း
  • ကျော
  • ဒူးအတွင်းပိုင်း
  • ရင်ဘတ်
  • ပါး၊ မေးရိုးနဲ့လည်ပင်း
  • ခြေချင်းဝတ်များ
  • တချို့အခြေအနေတွေမှာအဆီစုပ်ထုတ်ခြင်းကိုတစ်ပိုင်းချင်းစီသက်သက်ခွြဲပီးပြုလုပ်ပါတယ်။ တခြားအခြေအနေတွေမှာတော့တခြားပလတ်စတစ်ဆာဂျရီတွေနဲ့တွဲလုပ်ပါတယ်။ဥပမာ – မေးရိုးပြင်ခြင်း၊ရင်သားသေးခြင်း၊ဗိုက်အဆီလျှော့ခြင်း။ သင့်အနေနဲ့ဒီခွဲစိတ်မှုမပြုလုပ်ခင်အတွင်းကျကျသိထားဖို့လိုပါမယ်။

    အဆီစုပ်ထုတ်ခြင်းကိုဘာလို့ပြုလုပ်ကြလဲ

    အဆီစုပ်ထုတ်ခြင်းကိုပြုလုပ်ပြီးတဲ့လူတော်တော်များများကစိတ်ကျေနပ်ကြပါတယ်။ ဒါပေမယ့်လည်းခွဲစိတ်မှုတွေရဲ့ထုံးစံအတိုင်းဖြစ်လာနိုင်တဲ့ဆိုးကျိုးလေးတွေတော့ရှိပါတယ်။ ဒါ့ကြောင့်သင့်အနေနဲ့အဆီစုပ်ထုတ်ခြင်းရဲ့ကန့်သတ်ချက်နဲ့ရှုပ်ထွေးမှုတွေကိုသိထားဖို့လိုပါတယ်။

    အဆီစုပ်ထုတ်ခြင်း မစခင်မှာသင့်အခြေအနေအပေါ်မူတည်ပြီးဒီနည်းလမ်းရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေကိုဆုံးဖြတ်ဖို့လိုပါတယ်။ အဆီစုပ်ထုတ်ခြင်း လုပ်ဖူးတဲ့သူငယ်ချင်းတွေရဲစကားကိုဖြစ်ဖြစ်ဆရာဝန်ကိုဖြစ်ဖြစ် နားယောင်ပြီးသူတို့ရဲ့တိုက်တွန်းမှုအတိုင်းမလုပ်ပါနဲ့ဦး။ သင့်အနေနဲ့သင်ကိုယ်တိုင်လက်ခံနိုင်မှသာလုပ်ပါ။ ဒါကအလှအပဆိုင်ရာခွဲစိတ်မှုဖြစ်တဲ့အတွက်ကျန်းမာရေး ဆိုင်ရာ ခွဲစိတ်မှုတွေလိုအလျင်လိုဖို့မလိုပါဘူး။ အဆီစုပ်ထုတ်ခြင်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက် တွေများများသင်စုဆောင်းလေဆုံးဖြတ်ချက်ကောင်းကောင်းချနိုင်လေဖြစ်ပါတယ်။ ဆိုးကျိုးတွေကလည်းတခြားသူတွေကိုမှဖြစ်တာလို့စိတ်ထဲမတွေးထားပါနဲ့။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုနားလည်ပြီးမှသင်ဆုံးဖြတ်ဖို့ကအရေးကြီးပါတယ်။

    ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

    အဆီစုပ်ထုတ်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။

    တခြားခွဲစိတ်မှုတွေလိုပဲ အဆီစုပ်ထုတ်ခြင်းမှာလည်း နောက်ဆက်တွဲဆိုးကျိုးလေးတွေရှိပါတယ်။ သင့်အနေနဲ့သင့်ခွဲစိတ်ဆရာဝန်ကိုဒီအကြောင်းတွေ သေချာရှင်းပြခိုင်းဖို့လိုပါတယ်။

    ခွဲစိတ်မှုတွေအားလုံးမှာဖြစ်လာနိုင်တဲ့ဆိုးကျိုးကမေ့ဆေး၊ထုံဆေးနဲ့ပတ်သက်ပြီးမမျော်လင့်ထားတဲ့သက်ရောက်မှုရှိခြင်း၊ သွေးထွက်လွန်ခြင်း၊ သွေးကြောတွင်း သွေးခဲပိတ်ဆို့ခြင်းတို့ပဲဖြစ်ပါတယ်။

    အဆီစုပ်ထုတ်ခြင်းရဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကတော့

    • ကိုယ်တွင်းအရည်ဓါတ်ဆုံးရှုံးလွန်ခြင်းကြောင့် ရှော့ခ်ရတဲ့ထိဖြစ်ခြင်း
    • ကိုယ်တွင်းအရည်များ စုပုံလာခြင်း
    • ရောဂါပိုးဝင်ခြင်း၊ဒါကအဆိုးဆုံး နောက်ဆက်တွဲ ပြဿနာတစ်ခုပါ။ အဆီတစ်ရှူးတွေမှာ ရောဂါပိုးဝင်ခြင်းကကုသဖို့ခက်ပါတယ်
    • အနာကျက်နှေးခြင်း
    • အရေပြားနဲ့အာရုံကြောတွေမှာပွန်းတိုက်နာနဲ့တခြားထိခိုက်မှုတွေရှိခြင်း
    • အရေပြားမညီမညာဖြစ်ခြင်း
    • အချိုးမညီသောအရေပြားမျက်နှာပြင်ဖြစ်သွားခြင်း
    • အရေပြားခံစားမှုပြောင်းခြင်း၊ထုံသွားခြင်း
    • အရေပြားအရောင်ပြောင်းခြင်း၊ ရောင်ရမ်းလာခြင်း
    • အမာရွတ် ထင်ထင်ရှားရှားကျန်ခဲ့ခြင်း
    • ဆေးတွေအပေါ်ဓါတ်မတည့်ခြင်း
    • အာရုံကြော၊ သွေးကြော၊ကြွက်သား၊အဆုတ်စတဲ့ကိုယ်တွင်းအင်္ဂါတွေထိခိုက်မိခြင်း
    • နာကျင်မှုဆက်ဖြစ်နေခြင်း
    • သွေးခဲခြင်း၊အဆီခဲခြင်းစတာတွေကအဆုတ်မှာ သွားရောက်ပိတ်ဆို့ပြီး သေဆုံးသည်အထိဖြစ်ခြင်း
    • ခြေထောက်တောက်လျှောက် ဖောရောင်ခြင်း
    • သွေးကြောပိတ်ခြင်း၊နှလုံးနဲ့အဆုတ်ဆိုင်ရာနောက်ဆက်တွဲပြဿနာများ

    ခွဲစိတ်မှုမလုပ်ခင်ခွဲစိတ်မှုအကြောင်းနားလည်ထားဖို့လိုပါတယ်။ အသေးစိတ်ကိုတော့သင့်ခွဲစိတ်ဆရာဝန်ကိုမေးပါ။

    အဆီစုပ်ထုတ်ခြင်းအတွက် ဘာတွေပြင်ဆင်ထားရမလဲ။

    ခွဲစိတ်မှုမလုပ်ခင်နာရီအနည်းငယ်အလိုမှာအစာစားလို့ရမရလိုမျိုးညွှန်ကြားမှုတွေကိုခွဲစိတ်မှုမလုပ်ခင်ပေးမှာဖြစ်ပါတယ်။ များသောအားဖြင့်ခွဲစိတ်မှုမလုပ်ခင်၆နာရီအလိုမှာသင်ဝမ်းသွားထားရပါတယ်။ ခွဲစိတ်မှုမစခင်နာရီအနည်းငယ်အလိုမှာ ကော်ဖီလိုအရည်တော့သောက်လို့ရပါတယ်။

    သင့်အနေနဲ့သင်လက်တလောဘာဆေးတွေသောက်နေလဲ၊သင့်ဓါတ်မတည့်မှုတွေကဘာတွေလဲ၊သင့်တခြားကျန်းမာရေးအခြေအနေတွေကဘယ်လိုတွေလဲဆိုတာခွဲစိတ်မှုမလုပ်ခင်ဆရာဝန်ကိုပြောပြပါ။ ဘယ်အချိန်စားသောက်တာရပ်ရမလဲဆိုတဲ့ညွှန်ကြားချက်တွေကိုတော့လိုက်နာဖို့လိုပါတယ်။

    အဆီစုပ်ထုတ်ခြင်း ခွဲစိတ်မှုအတွင်းမှာ ဘာတွေဖြစ်လဲ။

    အဆီစုပ်ထုတ်ခြင်းကိုသင့်ဆီကအဆီဘယ်လောက်ထုတ်မလဲအပေါ်မူတည်ပြီးမေ့ဆေးအောက်မှာပြုလုပ်မှာပါ။၄၅မိနစ်ကနေနာရီအထိကြာမြင့်နိုင်ပါတယ်။

    အဆင့်၁ – မေ့ဆေး/ထုံဆေးပေးခြင်း

    သင့်ကိုခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်းသက်တောင့်သက်သာရှိနေစေဖို့မေ့ဆေးပေးပါလိမ့်မယ်။ အဆီစုပ်ထုတ်ခြင်းကိုမေ့ဆေးဆိုင်ရာအပေါ်အခြေခံပြုလုပ်မှာပါ။

    အဆင့်၂ -ခွြဲခင်း

    အဆီစုပ်ထုတ်ခြင်းပြုလုပ်ဖို့မြင်နိုင်ဖို့ခက်ခဲတဲ့ခွဲရာသေးသေးလေးပေးကာပြုလုပ်မှာပါ။

    ပထမဆုံး သွေးထွက်နည်းစေဖို့ပိုးသတ်ထားသော အရည်ကိုထိုးသွင်းမှာပါ။ ပြီးရင်ပိုက်အသေးစားအလွတ်တစ်ချောင်းကိုအဆီတွေစုပ်ထုတ်ဖို့ထည့်မှာပါ။ သင့်ကိုယ်ထဲကအဆီတွေကိုလေစုပ်စက်နဲ့ပိုက်ကတစ်ဆင့်စုပ်မှာပါ။

    အဆီစုပ်ထုတ်ခြင်းကိုပြုလုပ်တဲ့နေရာတွေ

    • ကျောအပေါ်ဘက်၊လက်မောင်းအပေါ်ဘက်၊တင်ပါး၊ပေါင်အတွင်းအပြင်၊ ယောက်ျားလေးဆိုရင်ရင်ဘတ်နဲ့ဗိုက်
    • ဗိုက်အပြည့်၊တင်ပါးနဲ့ ပေါင်
    • လည်ပင်းအောက်

    သင်သိချင်တာတွေရှိရင်ဆရာဝန်ကိုအသေးစိတ်မေးနိုင်ပါတယ်။

    အဆီစုပ်ထုတ်ခြင်း ခွဲစိတ်မှုအပြီး ဘာဖြစ်လဲ

    ခွဲစိတ်မှုအပြီးသင့်ခွဲစိတ်ထားတဲ့နေရာနဲ့ပမာဏအပေါ်မူတည်ပြီးတစ်နေ့တည်းဒါမှမဟုတ်နောက်တစ်နေ့ရောက်တာနဲ့သင်အိမ်ပြန်လို့ရပါပြီ။ ခွဲစိတ်ပြီး၂ရက်ကနေ၃ရက်ဆိုအလုပ်ပြန်သွားနိုင်ပါပြီ။ လေ့ကျင့်ခန်းတွေအတွက်သင့်ဆရာဝန်ဆီအကြံတောင်းနိုင်ပါတယ်။ ပုံမှန်အားဖြင့်လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီးထိန်းထိန်းသိမ်းသိမ်းနေရင်တောင်သင့်ရဲ့ကိုယ်ပုံပန်းသွင်ပြင်အသစ်ဖြစ်ဖို့လအနည်းငယ်စောင့်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 06/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement