backup og meta

လက်ဖက်စိမ်း ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လက်ဖက်စိမ်း ဆိုတာ

    လက်ဖက်စိမ်း ဖျော်ရည်ဟာ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်တစ်ခု ဖြစ်တယ်  ဆိုတာ လက်ခံထားကြပြီးသား ဖြစ်ပါတယ်။ လက်ဖက်စိမ်းရဲ့ အကျိုးကျေးဇူးတွေကို ပါးစပ်ပြောနဲ့ မဟုတ်ဘဲ လက်တွေ့ စမ်းသပ်ပြီး သိရှိလာကြတာ ဖြစ်ပါတယ်။

    လက်ဖက်စိမ်း ကပေးတဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ။

    (၁)      လက်ဖက်စိမ်း မှာ ကျန်းမာစေတဲ့ ဇီဝပစ္စည်းဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ်။

    Polyphenols ဆိုတဲ့ ဒြပ်ပေါင်းဟာ ရောင်ရမ်းခြင်းတွေကို လျော့နည်းသက်သာစေပြီး ကင်ဆာရောဂါကို တွန်းလှန်နိုင်စေပါတယ်။ EGCG လို့ခေါ်တဲ့ ဒြပ်ပေါင်းကတော့ ဓာတ်တိုး ပစ္စည်းဖြစ်တာကြောင့် ဆဲလ်ပျက်စီးခြင်းတွေကို ကာကွယ်ပေးမှာပါ။

    ခန္ဓာကိုယ်ထဲက free radicals ဆိုတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ အိုမင်းရင့်ရော်စေခြင်းနဲ့ အခြားရောဂါတွေကို ဖြစ်စေပါတယ်။လက်ဖက်စိမ်း ဟာ  free radicals ​တွေ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေလည်း ပါဝင်နေပါသေးတယ်။

    (၂)      ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေခြင်း၊

    လက်ဖက်စိမ်းကြောင့် တက်ကြွနေစေပြီး မှတ်ဉာဏ်အားလည်း ကောင်းလာစေပါတယ်။ ဒါဟာ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ ကဖင်းဓာတ်ကြောင့်ပါ။ လက်ဖက်စိမ်း ဟာ ကော်ဖီလိုမျိုး ခန္ဓာကိုယ်အပေါ် ဘေးထွက်ဆိုးကျိုးတွေ မရှိတာမို့ ကဖင်းရယူဖို့ အကောင်းဆုံးရင်းမြစ်ပါ။ ကဖင်းဓာတ်ကြောင့်လည်း တက်ကြွလန်းဆန်း နေစေမှာပါ။

    ကဖင်းတင်မဟုတ်ပါဘူး။ L-theanine ဆိုတဲ့ အမိုင်နိုအက်ဆစ်လည်း ပါဝင်တာကြောင့် စိတ်ဓာတ်ကျလွယ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

    (၃)      အဆီများကို လောင်ကျွမ်းစေနိုင်ပါတယ်။

    လက်ဖက်စိမ်းထဲမှာ ကဖင်းပါဝင်ကြောင်း သိရှိပြီးပါပြီ။ ကဖင်းဟာ အဆီတစ်ရှူး​တွေကနေ အဆီသုံးစွဲ လောင်ကျွမ်းခြင်းကို အားပေးပါတယ်။ လောင်ကျွမ်းသွားတဲ့ အဆီတွေဟာ စွမ်းအင်ဖြစ်သွားမှာပါ။

    (၄)      လက်ဖက်စိမ်း မှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်းစေပါတယ်။

    လက်ဖက်စိမ်း မှီဝဲတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၂၀ ရာခိုင်နှုန်းမှ ၃၀ရာခိုင်နှုန်းထိ လျော့နည်းစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဆိုရင်လည်း ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့နည်းစေနိုင်တယ်လို့ ဆိုထားကြပြန်ပါတယ်။ လေ့လာချက် (၂၉)ခုအရ လက်ဖက်စိမ်းဖျော်ရည် သောက်သုံးခြင်းဟာ အူမကြီး ကင်ဆာဖြစ်ဖို့ (၄၂)ရာခိုင်နှုန်း နည်းပါးသွားပါသတဲ့။

    (၅)      ဦးနှောက်ရဲ့ အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်။

    အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန်​ရောဂါဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး မှတ်ဉာဏ်မေ့ပျောက်တဲ့ ရောဂါတွေဖြစ်ပါတယ်။ လက်ဖက်စိမ်းဟာ ထိုရောဂါတွေရန်မှ ကာကွယ်ပေးထားနိုင်ပါတယ်။

    (၆)      ခံတွင်းအနံ့ဆိုးခြင်းကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။

    Streptococcus mutons ဆိုတဲ့ ဘက်တီးရီးယားဟာ ခံတွင်းထဲမှာ ပေါက်ဖွားတဲ့အခါ ခံတွင်းအနံ့ဆိုးခြင်းနဲ့ သွားနှင့်သွားဖုံး ပျက်စီးခြင်းတွေကို ခံစားရစေပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ခုဟာ ၎င်းဘက်တီးရီးယား ပေါက်ဖွားခြင်းကို ချိုးနှိမ်ပေးနိုင်ပါတယ်။

    (၇)      ဆီးချို အမျိုးအစား (၂) ကို ကာကွယ်ရာမှာ အလွန်ထိရောက်ပါတယ်။

    ဆီးချိုဟာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ခြိမ်းခြောက်နေတဲ့ရောဂါပါ။ သွေးတွင်းသကြားဓာတ် များခြင်းကြောင့် ‌ဆီးချိုဖြစ်လာတာမို့လို့ လက်ဖက်စိမ်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ လျှော့ချပေးနိုင်တယ်လို့ ဆိုထားပြန်ပါတယ်။

    (၈)      နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပြန်ပါသေးတယ်။

    လက်ဖက်စိမ်းဟာ သွေးကြောထဲမှာရှိတဲ့ ဓာတ်တိုးပစ္စည်းတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးပြီး  ကောင်းတဲ့အဆီ တွေကို ပိုမိုထိန်းထားစေနိုင်တာကြောင့် သွေးတိုးနှလုံးနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေး ထားပါတယ်။

    (၉)      ကိုယ်အလေးချိန်ကျဆင်းစေမယ်။

    သင်ဟာ ကိုယ်ခန္ဓာဝဖြိုးသူဖြစ်ပါက သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ နှေးနေတာကြောင့် ဖြစ်နိုင်ပါတယ်။ လက်ဖက်စိမ်းဟာ ဇီဝကမ္မ အဖြစ်အပျက်နှုန်းကို မြန်စေတာမို့ အဆီပိုတွေကျဆင်းကာ ကျန်းမာတဲ့ ကိုယ်အလေးချိန်မှာပဲ ရှိနေစေမှာပါ။

    (၁၀)    နောက်ဆုံးအချက်အလက်ကတော့ အသက်ရှည်စေတာပါ။

    ဂျပန်နိုင်ငံမှာ လေ့လာချက် တစ်ခုပြုလုပ်ခဲ့ကြပါတယ်။ လက်ဖက်စိမ်း ဖျော်ရည်ကို တစ်နေ့မှာ (၅)ခွက်နဲ့ အထက် သောက်သုံးသူတွေမှာ နှလုံးရောဂါကြောင့် သေဆုံးနှုန်းဟာ အမျိုးသမီးတွေမှာ ၃၁ ရာခိုင်နှုန်း နဲ့ အမျိုးသားတွေမှာ ၂၂ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ရပါသတဲ့။

    အလားတူပါပဲ။ လေဖြတ်ခြင်းကြောင့် သေဆုံးနှုန်းဟာလည်း အမျိုးသမီးတွေမှာ ၄၂ ရာခိုင်နှုန်း နဲ့ အမျိုးသားတွေမှာ ၃၅ ရာခိုင်နှုန်း လျော့နည်းသွားတာကို တွေ့ရှိခဲ့ရပါတယ်။

    ဒါကြောင့် ကျန်းမာရေး အကျိုးကျေးဇူးတွေ မြောက်များစွာရှိတဲ့ Green Tea ကို သောက်သင့်သလား။ မသောက်သင့်သလားကိုတော့ သင်ကိုယ်တိုင်သာ ဆုံးဖြတ်ပါတော့။

     ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement