backup og meta

ကော်ဖီဟာ ဇီဝဖြစ်ပျက်မှုတွေကို မြန်ဆန်စေသလား


Dr. Thant Zin မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီဟာ ဇီဝဖြစ်ပျက်မှုတွေကို မြန်ဆန်စေသလား

    ကော်ဖီမှာ ကဖိန်းဓာတ် ပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ ကမ္ဘာပေါ်မှာ စားသုံးမှုအများဆုံး စိတ်ပိုင်းဆိုင်ရာ တက်ကြွစေတဲ့ စားသောက်ဖွယ်ရာတမျိုးပဲ ဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ စီးပွားဖြစ်ထုတ်လုပ်လာကြတဲ့ အဆီကျဆေး ဖြည့်စွက်စာတွေမှာလည်း ထည့်သွင်းထားကြပါတယ်။

    ကဖိန်းဟာ အဆီတစ်သျှူးတွေထဲက အဆီဓာတ်တွေကို ရွှေ့ပြောင်းဖယ်ထုတ်နိုင်ပြီး ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးတဲ့ ပစ္စည်းတွေထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။

    ဒီလိုဆိုရင် ကော်ဖီဟာ ကိုယ်အလေးချိန် ကျစေပါသလား။ ဒီဆောင်းပါးမှာ ဆက်လက်ဆွေးနွေးသွားပါမယ်။

    ကော်ဖီမှာ ဇီဝဖြစ်ပျက်မှုကို လှုံ့ဆော်ပေးတဲ့ အရာဝတ္တုတွေ ပါဝင်ပါတယ်

    ကော်ဖီစေ့မှာ တွေ့ရှိရတဲ့ ဇီဝပစ္စည်းတွေဟာ လူ့ခန္ဓာကိုယ်ထဲက ဇီဝဖြစ်ပျက်မှုတွေကို သူ့နည်းသူ့ဟန်နဲ့ လှုံ့ဆော်ပေးနိုင်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် အောက်ပါပစ္စည်းတွေ ဖြစ်ပါတယ်။

    – ကဖိန်း။ ကော်ဖီမှာပါဝင်တဲ့ အဓိက ဇီဝလှုံ့ဆော်တဲ့ ပစ္စည်းဖြစ်ပါတယ်။

    – သီရုဘရိုမိုင်း။ ကိုကိုးမှာ အဓိကတွေ့ရတဲ့ လှုံ့ဆော်ပစ္စည်းဖြစ်ပြီး ကော်ဖီမှာလည်း အနည်းငယ်တွေ့ရပါတယ်။

    – သီရိုဖိုင်လင်း။ ကိုကိုးမှာရော ကော်ဖီမှာပါတွေ့ရပြီး ပန်းနာရင်ကျပ်ကို ကုသရာမှာ သုံးပါတယ်။

    – ကလိုရိုဂျင်းနစ်အက်ဆစ်။ ကော်ဖီမှာ အဓိကပါဝင်တဲ့ ဇီဝလှုံ့ဆော်ပေးတဲ့ ပစ္စည်းဖြစ်ပြီး ကစီဓာတ်စုပ်ယူမှုကို နှေးကွေးစေပါတယ်။

    အဲ့ဒီပစ္စည်းတွေထဲမှာ အရေးအကြီးဆုံးကတော့ ကဖိန်းပဲ ဖြစ်ပါတယ်။ ကဖိန်းဟာ အဒီနိုဆင်းလို့ခေါ်တဲ့ ဦးနှောက်အာရုံကြောလျှပ်ကူးပစ္စည်းကို တားဆီးပေးပါတယ်။ အဒီနိုဆင်းကို တားဆီးခြင်းအားဖြင့် ကဖိန်းဟာ ဒိုပါမင်းနဲ့ နော်အပီနက်ဖရင်းလို့ခေါ်တဲ့ လျှပ်ကူး ပစ္စည်းတွေကို ထွက်လာစေပါတယ်။

    အဆိုပါလျှပ်ကူးပစ္စည်းများဟာ သင့်ကို နိုးကြားတက်ကြွစေနိုင်ပါတယ်။ ကဖိန်းဟာ အဆိုပါနည်းလမ်းနဲ့ ပင်ပန်းနွမ်းနယ်ချိန်မှာတောင် တက်ကြွလန်းဆန်းအောင် အထောက်အကူ ပြုပါတယ်။ လှုပ်ရှားမှုတွေကို ၁၁ ကနေ ၁၂% တိုးတက်လာစေတယ်လို့ ဆိုပါတယ်။

    ကော်ဖီဟာ အဆီတစ်သျှူးတွေက အဆီတွေကို ရွှေ့ပြောင်းဖယ်ထုတ်နိုင်သလား။

    ကဖိန်းဟာ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပါတယ်။ အဲ့ဒီအချိန်မှာ အဆီဆဲလ်တွေဆီ အချက်ပြမှုတွေ ထုတ်လွှင့်ပြီး အဆီတွေကို ဖြိုခွဲစေပါတယ်။ အပီနက်ဖရင်းဟော်မုန်းကို မြင့်တက်စေခြင်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အပီနက်ဖရင်းဟာ သွေးထဲကတဆင့် အဆီတစ်သျှူးတွေဆီသွားပြီး အဆီတွေကို ဖြိုခွဲကာ သွေးထဲကို ရောက်လာစေပါတယ်။

    ဒါပေမယ့် အဆိုပါ အဆီများ သွေးထဲရောက်စေတဲ့ ဖြစ်စဉ်သက်သက်နဲ့ အဆီဓာတ်တွေ လျော့မသွားနိုင်ပါဘူး။ ကယ်လိုရီတွေ များများလောင်ကျွမ်းအောင် ဆောင်ရွက်နိုင်မှသာ အဆီများလျော့ကျမှာ ဖြစ်ပါတယ်။ အစားကို လျှော့စားခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်း ပိုမိုပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကယ်လိုရီကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ကဖိန်းပါတဲ့ အဆီကျဆေးတချို့ကိုလည်း သုံးစွဲနိုင်ပါတယ်။

    ကဖိန်းဟာ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေသလား

    နားနေချိန်မှာ ကယ်လိုရီလောင်ကျွမ်းနှုန်းကို resting metabolic rate (RMR) လို့ သတ်မှတ်ပါတယ်။ အဆိုပါ ဇီဝဖြစ်ပျက်နှုန်း မြန်ဆန်လေလေ ကိုယ်အလေးချိန်ကျဆင်းဖို့ လွယ်ကူလေ ဖြစ်ပါတယ်။ သုတေသနတွေအရ ကဖိန်းဟာ RMR ကို ၃ %ကနေ ၁၁% ထိ မြင့်တက်စေတယ်လို့ သိရပါတယ်။ ပမာဏများလေလေ အာနိသင်များလေလေ ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှု အများစု မြင့်တက်ခြင်းဟာ အဆီလောင်ကျွမ်းမှု မြင့်တက်ခြင်းကြောင့် ဖြစ်ရပါတယ်။

    ဒါပေမယ့် ဒီနှုန်းဟာ အဝလွန်သူတွေမှာ လျော့ကျနေနိုင်ပါတယ်။ သုတေသနတခုမှာတော့ ကဖိန်းကြောင့် အဆီလောင်ကျွမ်းမှုဟာ ပိန်ပိန်ပါးပါးလူတွေမှာ ၂၉% ခန့်ရှိပြီး အဝလွန်သူတွေမှာတော့ ၁၀% ပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနှုန်းဟာ အသက်ကြီးလာတာနဲ့အမျှ ကျဆင်းသွားပြီး ငယ်ရွယ်သူတွေမှာတော့ ပိုမိုမြင့်မားပါတယ်။

    ရေရှည်အတွက်

    သတိပြုရမှာတော့ တချက်ရှိပါတယ်။ လူသားများဟာ ကဖိန်းရဲ့ အာနိသင်တွေကို ကြာလာတာနဲ့အမျှ ယဉ်ပါးသွားတာ၊ မတိုးတော့တာ စသဖြင့် ဖြစ်နိုင်ပါတယ်။ ရေတိုကာလမှာ ကဖိန်းဟာ ဇီဝဖြစ်ပျက်မှုကို မြန်ဆန်စေပြီး အဆီလောင်ကျွမ်းမှုကို မြင့်တက်စေပါတယ်။ ဒါပေမယ့် လူတချို့ကတော့ ကဖိန်းနဲ့ယဉ်ပါးလာပြီး ကဖိန်းရဲ့အာနိသင် သိပ်မပေါ်လွင်တာမျိုး ဖြစ်တတ်ပါတယ်။ လူတဦးချင်းစီရဲ့ အခြေအနေပေါ်လည်း မူတည်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement