backup og meta

ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ကော်လာဂျင်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22 နာရီ အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ခန္ဓာအတွက်  မရှိမဖြစ် ကော်လာဂျင်။  ။

    ကိုယ်ခန္ဓါအတွက် မရှိမဖြစ် ကော်လာဂျင်။ ။ ကော်လာဂျင် လို့ဆိုလိုက်တာနဲ့ နုပျိုချင်ရင်၊အသားအရေတင်းရင်းချင်ရင် ကော်လာဂျင်သောက်၊ အသက်ကြီးလာရင်ကော်လာဂျင်ရှိဖို့လိုအပ်တယ်ဆိုတဲ့ စကားသံတွေ မကြာခဏ ကြားဖူးကြမှာပါ။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကော်လာဂျင်ဆိုတာ အသားအရေ အတွက်ကောင်းစေတဲ့ ဓါတ်စာတစ်ခုဆိုတာ ငြင်းလို့ မရပါဘူး။ ဒါပေမယ့် ကော်လာဂျင်ဟာ အသားအရေအတွက်တစ်ခုပဲ ကောင်းစေတာမဟုတ်ပါဘူး။ အသားအရေအပြင် ကိုယ်ခန္ဓါမှာ ကော်လာဂျင်ရဲ့ အခြား အခန်းကဏ္ဍ တွေ အများကြီးရှိပါသေးတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။ ။

    ကော်လာဂျင်ဆိုတာဘာလဲ ။ ။

    Collagenကော်လာဂျင်ဆိုတာ ကိုယ်ခန္ဓါကနေ သဘာဝအလျောက်ထုတ်လုပ်တဲ့ ပရိုတင်းတစ်မျိုးပါ။ သုံးပင်လိမ် သဏ္ဍာန်ရှိတဲ့ ရှည်လျားပြီး အမျှင်ပုံစံရှိတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပါတယ်။ ကျုံနိုင် ဆန့်နိုင်အား အလွန်ကောင်းမွန်ပြီး ကိုယ်တွင်းဆဲလ်တွေနဲ့ တစ်ရှူးတွေကို ထောက်ပံ့ပေးတဲ့ ပရိုတင်းတစ်မျိုးပါ။

    ပရိုတင်းဆိုတော့ Amino acid တစ်မျိုးဖြစ်တဲ့ Collagen ကို Amine နဲ့ carboxylic acid တွေနဲ့ ဖွဲ့စည်းထားပြီးတော့ သူ့မှာ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်၊ နိုက်ထရိုဂျင်နဲ့ ကာဗွန် တို့လည်းပါဝင်ပါတယ်။ ကော်လာဂျင်ရဲ့ သုံးပင်လိမ်ပုံသဏ္ဍာန်ကိုတော့ Amino acid သုံးမျိုးဖြစ်တဲ့ glycine, proline, hydroxyproline တို့က ပုံဖော်ပေးထားတာပါ။

    ကော်လာဂျင် ဘယ်နှစ်မျိုးရှိလဲ ။

    ကိုယ်ခန္ဓါမှာ ကော်လာဂျင်အမျိုးအစားပေါင်း ၂၀ ကျော်လောက်ရှိပါတယ်။ အဲဒီအထဲကမှကော်လာဂျင် Type I ကနေ Type V အထိက ကိုယ်ခန္ဓါမှာ အများဆုံးတွေ့ရတဲ့ ကော်လာဂျင်တွေပါ။

    • Type I – အရိုး၊ အရွတ်၊ အရိုးတွယ်ဆက်တစ်ရှူးနဲ့ အသားအရေမှာတွေ့ရပါတယ်။
    • Type II- အရိုးနုနဲ့ မျက်လုံးမှာ တွေ့ရတဲ့ ကော်လာဂျင်တစ်မျိုးပါ။
    • Type III – အသည်း၊ နှလုံးနဲ့ သွေးလွှတ်ကြောနဲ့ ကြွက်သားတို့မှာ အများဆုံးတွေ့ရတတ်ပြီး
    • Type IV – ကျောက်ကပ်၊ နဲ့ ကိုယ်တွင်း ကလီစာတော်တော်များများမှာ သူပါဝင်နေတတ်ပါတယ်။
    • Type V – ဆဲလ်တွေရဲ့ မျက်နှာပြင် ၊ ဆံပင်နဲ့ လက်သည်းတို့မှာ တွေ့ရတတ်တဲ့ ကော်လာဂျင်တစ်ခုပါ။

    ဒီလို ကိုယ်ခန္ဓါနေရာအလိုက် ကော်လာဂျင်တွေရှိတယ်ဆိုမှတော့ ကော်လာဂျင်မှာ သူလုပ်ဆောင်ရမယ့် အခန်းကဏ္ဍ အများကြီးရှိတယ်ဆိုတာ ခန်းမှန်းသိလောက်ပြီလို့ထင်ပါတယ်။ ဘယ်လို အခန်းတွေကနေ ပါဝင်နေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။

    ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ကော်လာဂျင်။ ။

    ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ကော်လာဂျင်။ ။ အကြောင်း လေ့လာကြည့်လိုက်ရအောင်နော်။

    ( ၁ ) အသားအရေကို တင်းရင်းနုပျိုစေပါတယ်။

    ဒါကတော့ ကော်လာဂျင်Type I ရဲ့ အာနိသင်ပါ။ အသားအရေဟာ ကော်လာဂျင်ရဲ့ အစွမ်းကို သိသာအောင် အများဆုံ ဖော်ပြပေးနိုင်တဲ့နေရာတစ်ခုဆိုလည်း မမှားပါဘူး။ ကော်လာဂျင်ဟာ နောက်ထပ် အရေပြားမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုး ဖြစ်တဲ့ elastin နဲ့ ပူးပေါင်းပြီး အရေပြားကို ကျုံ့နိုင်ဆန့်နိုင်အားကောင်းအောင် ၊ တင်းရင်းအောင် အားဖြည့်ပေးကြပါတယ်။ ဒီတော့ နုပျိုတင်းရင်းတဲ့ အသားအရေ ပိုင်ဆိုင်ဖို့က ကော်လာဂျင်နဲ့ ၈၀ ရာခိုင်နှုန်း သက်ဆိုင်နေပါတယ်။

    ( ၂ ) အရိုးတွေကို သန်မာစေပါတယ်။ အဆစ်အမြစ် တွေကို ကျန်းမာစေပါတယ်။

    ဒါကကော်လာဂျင် Type I နဲ့ Type II ရဲ့ အခန်းကဏ္ဍပါ ။ အရိုးတစ်ခုကို လေ့လာကြည့်ရင် ကော်လာဂျင်ပရိုတင်းနဲ့ hydroxyapatite လို့ခေါ်တဲ့ သတ္တုဓါတ် နှစ်ခုကို တွေ့ရမှာပါ။ ဒီနှစ်ခု ပူးပေါင်းပြီး အရိုးသန်မာဖို့၊ လှုပ်ရှားမှု အဆင်ပြေစေဖို့နဲ့ အဆစ်အမြစ်တွေ ကျန်းမာစေဖို့ ကူညီပေးနေတာပါ။ လေ့လာချက်တွေအရတော့ အရိုးဖွဲ့စည်းပုံ ၃၀ ရာခိုင်နှုန်းမှာ ကော်လာဂျင် ၉၅ ရာခိုင်နှုန်းတောင် ပါနေတယ်လို့ဆိုပါတယ်။ ဒီတော့ အရိုးတစ်ခုအတွက် ကော်လာဂျင်ကလည်း မရှိမဖြစ်နော်။

    ( ၃ ) မျက်လုံးအားကောင်းစေပါတယ်။

    ကော်လာဂျင်Type II ဟာ မျက်လုံးရဲ့ ကြွက်သားတွေ ကျုံနိုင်ဆန့်နိုင်ဖို့နဲ့ မှန်ဘီလူးတွေ ခုံးနိုင် ခွက်နိုင်ဖို့ နဲ့ မျက်လုံး အသွားအလာ ချောမွတ်အောင် လုပ်ဆောင်ပေးနေတဲ့ ကော်လာဂျင် တစ်မျိုးပါ။

    ( ၄) သွေးကြောတွေရဲ့ ကျုံနိုင်ဆန့်နိုင်ဖို့အတွက်လည်း ကော်လာဂျင်က မပါမဖြစ်ပါ။

    နှလုံးရဲ့ သွေးလွှတ်ခန်းတွေ ကောင်းကောင်းညှစ်နိုင်ဖို့၊ သွေးတွေ ဝင်လာရင် နေရာကျယ်အောင် ကြွက်သားတွေဆန့်ပေးနိုင်ဖို့နဲ့ သွေးတွေကိုသယ်ပို့ပေးနေတဲ့ သွေးကြောနံရံတွေ ကျုံနိုင် ဆန့်နိုင်အားကောင်းစေဖို့အတွက် ကော်လာဂျင် Type III ရှိနေဖို့လိုအပ်ပါတယ်။

    ( ၅ ) ကြွက်သားတွေကို သန်မာစေပါတယ်။

    ဒါကတော့ ကော်လာဂျင် Type III အဓိကလုပ်ဆောင်ပေးတဲ့ အရာတစ်ခုပါ။ ကိုယ်ခန္ဓါရဲ့ ကြွက်သားနှစ်မျိုးဖြစ်တဲ့ skeletal muscle မှာရော ဆီးအိမ်နဲ့ အခြား မျိုးပွား အဂါၤမှာတွေ့ရတဲ့ smooth muscles တို့လို နှလုံးဖွဲ့စည်းထားတဲ့ cardiac muscles လို့ ကြွက်သားတွေ လှုပ်ရှားမှုအားကောင်းအောင် ၊ ကျန်းမာအောင် စွမ်းဆောင်ပေးနေတဲ့နေရာမှာလည်း ကော်လာဂျင်ပါဝင်နေပါတယ်။

    ( ၆ ) ကျောက်ကပ်

    အရမ်းနူးညံ့တဲ့ ကိုယ်တွင်း ကလီစာ ကျောက်ကပ်ကို ဖုံးထားပေးတဲ့ အလွှာပါးလေးဟာ ကော်လာဂျင် Type IV နဲ့ အများဆုံးဖွဲ့စည်းထားတာပါ။ ဒီတော့ ကျောက်ကပ်တစ်ခု ကျန်းမာဖို့အတွက် ကော်လာဂျင်က လိုအပ်နေပြန်ရော။

    ( ၇ ) ဆံပင်တွေကို သန်စွမ်းစေပြီး ဆံသားတွေကို နူးညံ့စေပါတယ်။ ကျန်းမာတဲ့လက်သည်းတွေကို ပိုင်ဆိုင်စေပါတယ်။

    ကော်လာဂျင် Type V ဟာ လက်သည်း တွေ ကြွပ်ဆတ်တာ လက်သည်းအဖျားအားနည်းတာတွေကို ကာကွယ်ပေးပြီး ဆံသားကျိုးကျေ အဖျား နှစ်ခွဖြစ်တာမျိုးတွေ မရှိအောင် ကာကွယ်ပေးနေတဲ့ ကော်လာဂျင် တစ်မျိုးပါ။ ။

    ဒီတော့ ကော်လာဂျင်ရဲ့ အရေးကြီးပုံတွေ၊ လုပ်ငန်းဆောင်တာအကြောင်းတွေ သိသွားလောက်ပြီလို့ထင်ပါတယ်။ ဒါပေမယ့်အသက် ၂၅ နှစ်နောက်ပိုင်းဆို ကိုယ်တွင်းက ကော်လာဂျင် ထုတ်နှုန်း တဖြည်းဖြည်း ကျလာပါတဲ့အတွက် အရေးအကြောင်းတွေစပေါ်လာတာ၊ အရိုးအဆစ်တွေ နာတာ ၊နှလုံးအားနည်းတာမျိုးတွေ ဖြစ်ရတာပါ။ ဒီတော့ အသက်ကြီးလာတဲ့အခါ ထုတ်နှုန်း နည်းနေတဲ့ ကော်လာဂျင်နေရာကို ပြန်လည်ဖြည့်တင်းဖို့ ကော်လာဂျင်ဖြည့်စွက်စာအားဆေးတွေ၊ ကော်လာဂျင် ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့လိုတယ်ဆိုလည်း မမေ့ပါနဲ့။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22 နာရီ အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement