backup og meta

ကျန်းမာတဲ့ လက်သည်းတစ်စုံ ပိုင်ဆိုင်ဖို့ ဘာတွေ သိထားရမလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာတဲ့ လက်သည်းတစ်စုံ ပိုင်ဆိုင်ဖို့ ဘာတွေ သိထားရမလဲ ။  ။

    လက်သည်း ခြေသည်း ကြည်ကြည်လှလှ လေး တစ်စုံဟာ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ သူ့ရဲ့အလှအပကို ဖော်ပြတယ်တဲ့။ ဒီလို လှပတဲ့ လက်လေးတစ်စုံ ရဖို့အတွက် ကိုယ့်ဘက်က ဘာတွေ ဆောင်ရမလဲ၊ ဘာတွေ ရှောင်ရမလဲ ။ ။

    ပုံမှန် ကျန်းမာတဲ့ လက်သည်းတစ်ခုဟာ ဘယ်လို ပုံစံရှိနေရမလဲ ။ ။

    ပုံမှန် ကျန်းမာနေတဲ့ လက်သည်းလေးဟာ ပန်းရောင်ကြည်ကြည်လေးဖြစ်နေသင့်ပြီး ချောမွေ့နေတဲ့ မျက်နှာပြင် တစ်ခုရှိနေရပါမယ်။ ဒါ့အပြင် လက်သန်းပန်းကုံးလေးတွေ နဲ့ လက်အသားကြားထဲမှာလည်း ဘာအသားစမှ ထွက်မနေသင့်ပါဘူး။

    ကျန်းမာတဲ့ လက်သည်းတစ်ခုရဖို့အတွက် ဘာတွေ ရှောင်ရမလဲ၊ ဆောင်ရမလဲ ။ ။

    ဆောင်ရန် အချက်များ ။ ။

  • လက်သည်းကို ပုံမှန် ညှပ်ပါ။ – ချေးညှော်တွေ ကင်းစင်နေတဲ့ လက်သည်းတစ်ခုဖြစ်ဖို့ လက်သည်းပုံမှန်ညှပ်ပါ။
  • လက်သည်းကို ခြောက်ခြောက်သွေ့သွေ့နဲ့ သန့်သန့်ရှင်းရှင်းထားပါ။ – ဘက်တီးရီးယားနဲ့ မှိုတွေ ကင်းစင်နေတဲ့ လက်သည်းတစ်ခုရဖို့အတွက် လက်သည်းကို သန့်ရှင်းနေအောင်ထားရပါမယ်။ ရေနဲ့ ကြာကြာထိတွေ့နေရတဲ့ လက်သည်းတွေဟာ ကျိုးလွယ်တတ်ပါတယ်။.ဒါကြောင့် အဝတ်လျှော်ချိန်၊ ပန်းကန်ဆေးချိန်တွေ ဆို ရာဘာလက်အိတ်လေးဝတ်ထားဖို့ အကြံပေးချင်ပါတယ်။
  • လက်သည်းပန်းကုံးလေးတွေကို အစိုဓါတ်ထိန်းခရင်လိမ်းပေးပါ။ – လက်သည်းပန်းကုံးအောက်မှာ လက်အသားလေးတွေ ဖွာကြဲနေတာမျိုး ဖြစ်ဖူးပါသလား။ ဒါဟာ လက်သည်းမှာ အစိုဓါတ်မရှိလို့ဖြစ်ရတာပါ။
  • ကိုယ်သုံးနေတဲ့ လက်သည်းညှပ်တို့ လက်သည်းချေးထုတ်တဲ့ အတံတို့ကို ပိုးမွှားတွေ ရန်ကနေ ကင်းအောင် သေချာ သန့်သန့်ရှင်းရှင်းထားပါ။
  • လက်သည်းကျန်းမာရေး အတွ့က် အဓိက လိုအပ်တဲ့ ဘိုင်အိုတင်နဲ့ ဇင့်ပါတဲ့ ဖြည့်စွက်အားဆေးတွေ သောက်ပါ။
  • ရှောင်ရန် အချက်များ ။ ။

  • လက်သည်းကို အမာပစ္စည်းတစ်ခုလို သဘောထားပြီး မသုံးပါနဲ့။ ဥပမာ မာတဲ့ ပစ္စည်းတစ်ခုခုကို လက်သည်းသုံးပြီး ဆွဲထုတ်တာမျိုးပေါ့။
  • လက်သည်းကို မကိုက်ပါနဲ့။ လက်သည်း ကိုက်လိုက်တာကြောင့် လက်သည်းတွေ မညီညာနဲ့ အစွန်းထွက်နေမယ့် အပြင် လက်သည်းကိုက်တတ်တာဟာ စိတ်ရောဂါတစ်မျိုးပါ။
  • လက်စွယ် တွေကို လက်သည်းညှပ်နဲ့ မညှက်ဘဲ လက်နဲ့ ဆွဲထုတ်တာမျိုး မလုပ်ပါနဲ့။ လက်စွယ်ငုတ်တတ်လို့ပါ။
  • လက်သည်းနီ တွေ ခဏခဏ ဆိုးတာကြောင့် လက်သည်းပေါ်မှာ မှိုတွေ ပိုပေါက်နိုင်ပါတယ်။ တစ်ရံ တစ်ခါတော့လည်းလက်သည်းမျက်နှာပြင်လေးကို အောက်ဆီဂျင်လေး ပေးရှူလိုက်ပါ။
  • လက်သည်းနီ ဖျက်ဆေးတွေမှာ ပါတဲ့ ဓါတု တစ်မျိုးက လက်သည်း မျက်နှာပြင်ကို တိုက်စားတာကြောင့် လက်သည်းတွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် လက်သည်းဖျက်ဆေးတွေ ခဏခဏ မသုံးသင့်ပါ။
  • လက်သည်းပေါ်မှာ မှိုစွဲတဲ့ လက္ခဏာတွေဖြစ်တဲ့ လက်သည်းတွေ အထပ်ထပ်ဖြစ်နေတာ၊ ဝါနေတာ၊ ကျိုးလွယ် ေနတာမျိုးဖြစ်ရင် ပေါပေါ့ဆဆ မနေလိုက်ပါနဲ့။ အရေပြားဆရာဝန်ဆီသွားပါ။
  • လက်သည်းဆိုတာလည်း ကိုယ်ပေါ်က အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကိုယ့်ကျန်းမာရေး အခြေအနေတွေကိုလည်း သူကဖော်ပြနိုင်တာကြောင့် သူ့ကို ကျန်းမာအောင် ထားသင့်ပါတယ် ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement