backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

သစ်တိုသီး ဆိုရင် သစ်တိုသီးငပိချက်ပဲ ပြေးမြင်ကြမှာပဲ။ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်လည်း ဖြစ်တယ်။ ဒါ့ထက်ပိုပြီး ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး တွေအများကြီးရှိတယ်ဆိုတာရော သိကြပြီးပြီလား။

သစ်တိုသီးမှာ ဗီတာမင် ဘီနဲ့ စီ ကြွယ်ဝလို့ ဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကိုမြှင့်တင်ပေးပြီး ကိုယ်ခံအားစနစ်ကိုကောင်းစေတယ်။ ကာဗိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်နဲ့ သံဓာတ် ၊ဖော့စဖရပ်စ်တို့လည်း ထိုက်သင့်သလောက်ပါဝင်တယ်။ သစ်တိုသီးကို အိန္ဒိယ၊ ထိုင်း၊ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အစိမ်းပဲဖြစ်ဖြစ်၊ ချက်ပြုတ်ပြီးပဲဖြစ်ဖြစ် နှစ်ခြိုက်စွာစားသုံးကြပါတယ်။ အရေးကြီးတာက အစေ့ကို ဖယ်ဖို့ပါပဲ။ သူက အတွင်းသားကို အဓိကစားသုံးရတဲ့အသီးဖြစ်ပါတယ်။

သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

(၁) ကြွက်သားနဲ့ အာရုံကြော ကျန်းမာစေတယ်

သစ်တိုသီးမှာ ပိုတက်စီယမ်ပါဝင်မှုများလို့ ကြွက်သားနဲ့ အာရုံကြောစနစ်အတွက် အရမ်းကိုကောင်းပါတယ်။ ပိုတက်စီယမ်က ကြွက်သားနဲ့အာရုံကြောစနစ်ရဲ့လုပ်ဆောင်ချက်တွေကို အထောက်အကူပေးပြီး နှလုံးသွေးကြောကျန်းမာရေးကို လည်း အားပေးပါတယ်။

(၂) သွေးတွင်းသကြားဓာတ်ကို ထိန်းတယ်

သူ့မှာ သကြားဓာတ်ပါဝင်မှုနည်းပါးပြီး အမျှင်ဓာတ်ပါဝင်မှု မြင့်မားလို့ ဆီးချိုဝေဒနာ ဖိစီးနေတဲ့သူတွေအတွက် သင့်တော်ပါတယ်။ အမျှင်ဓာတ်က အစာချေဖျက်မှုစနစ်ကို နှေးစေတဲ့အတွက်သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ကာကွယ်ပေးပါတယ်။

သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

(၃) ကင်ဆာ ကာကွယ်တယ်

သစ်တိုသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာဆဲလ်တွေ ဖြစ်ပေါ်မှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်လာနိုင်တဲ့ အကျိတ်တွေကိုပါလျော့နည်းစေ၊ သေးသွားစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။

(၄) သွားကျန်းမာ စေတယ်

ပန်းသီးလိုမျိုးပဲ သစ်တိုသီးကို ကိုက်ပြီးဝါးစားတာက တံတွေးပိုထွက်အောင် တံတွေးဂလင်းတွေကို နှိုးဆွပေးပြီး ခံတွင်းဘက်တီးရီးယားအရေအတွက်ကို လျော့နည်းစေပါတယ်။

(၅) ကိုလက်စထရော ကျစေတယ်

Pectin ဆိုတဲ့ အမျှင်ဓာတ်နဲ့ အကျိုးပြုကိုလက်စထရောတွေ ပါဝင်လို့ မကောင်းတဲ့ကိုလက်စထရောတွေကို သွေးထဲမရောက်အောင် ကာကွယ်ပေးပါတယ်။ မကောင်းတဲ့ ကိုလက်စထရောတွေများနေရင် သွေးတိုး၊ လေဖြတ်ခြင်းနဲ့ နှလုံးရောဂါတွေကိုဖြစ်လာစေနိုင်တယ်။

သစ်တိုသီး ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး (၇) ချက်

(၆) ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ ကုသနိုင်တယ်

သစ်တိုသီး မှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေဖို့ အထောက်အကူပေးပါတယ်။ အမျှင်ဓာတ်တွေက အူလမ်းကြောင်းနဲ့ အစာခြေစနစ်ကို လုပ်ဆောင်ချက် ချောမွေ့အောင် ကူညီပေးနိုင်တဲ့ဓာတ်တွေဖြစ်ပါတယ်။

(၇) အရိုးကျန်းမာစေတယ်

ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်ပါဝင်မှုကြောင့် အရိုးနဲ့ သွားရဲ့သိပ်သည်းဆ ထုထည်ကို ထိန်းသိမ်းပေးတဲ့အတွက် အရိုးပွခြင်းနဲ့ သွားကြွေလွှာပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ဆေးဖက်ဝင်တာတွေ သိရပြီဆိုတော့ ဈေးမှာ သစ်တိုသီး တွေ့တာနဲ့ ချက်စားလိုက်တော့နော်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement