ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တိုးတက်စေဖို့ ဘာလုပ်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေဖို့အတွက် ရောဂါပိုးတွေ ကင်းဝေးနေဖို့လိုတာပေါ့။ ဒါဆိုရင် ဒီရောဂါပိုးမွှားတွေကို ရှေ့တန်းကနေ တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ် ကောင်းဖို့ဆိုတာ အရေးကြီးပါတယ်။

ကိုယ်ခံအားကောင်းလို့ ဘာတွေများထူးသွားလဲ…………..

ကိုယ်ခံအားက နားလည်လွယ်အောင် ပြောပြရရင် ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တိုက်ထုတ်ပေးတဲ့ ခံတပ်ကြီးပါ။ အအေးမိဖျားနာတာကစလို့၊ ပြင်းထန်တဲ့ ကူးစက်ရောဂါတွေ ကူးစက်ခြင်းကို ခံနိုင်ရည်စွမ်းရှိအောင် မြှင့်တင်ပေးပါတယ်။

ကုသဆေး ကာကွယ်ဆေးမရှိသေးတဲ့ လတ်တလော အဖြစ်များနေတဲ့ COVID_19 ကမ္ဘာ့ကပ်ရောဂါကြီးကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ သဘာဝတရားကဖန်တီးပေးထားတဲ့ ရောဂါကာကွယ်ခုခံမှုစနစ် ကိုယ်ခံအားကောင်းနေဖို့ပါပဲ။ ကိုယ်ခံအားကပဲ ကုသဖို့ခက်တဲ့ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ပေးမှာပါ။

ကိုယ်ခံအားစနစ်ကို ကိုယ်တိုင် ကောင်းအောင် လုပ်လို့ရသလို ကိုယ်ကိုယ်တိုင်က မသိလိုက်ပဲ အားနည်းသွားအောင် လုပ်မိနိုင်ပါတယ်။ ဒီနေရာမှာ ကိုယ်ခံအားအကြောင်းမပြောခင် ကိုယ်ခံအားကောင်းအောင် ထောက်ပံ့ပေးနေတဲ့ အရာလေးတစ်ခုအကြောင်း အရင်ပြောပြပါရစေ။ ဒါကတော့ Antioxidants လို့ ပြောပြောနေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါ။

Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဆိုတာ ဘာလဲ……..

Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဆိုတာက ဓာတ်တိုးပစ္စည်း (Free radicals) တွေကြောင့် ဆဲလ်တွေ ထိခိုက်ပျက်စီးတာ ကိုယ်တွင်းမှာ မော်လီကျူးတွေ မျှခြေပျက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ညစ်ညမ်းလာတဲ့ ပတ်ဝန်းကျင် အနေအထား၊ လေထု၊ ရေထုတွေကြောင့် နေ့စဉ်နဲ့အမျှ ထိတွေ့နေရတဲ့ ဓာတ်တိုးပစ္စည်း (Free radicals) တွေက မနည်းပါဘူး။

Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ဘယ်နှစ်မျိုးရှိလဲ………

Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) မှာ

  • ခန္ဓာကိုယ်က သူ့အလိုလိုထုတ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း endogenous antioxidants နဲ့
  • ပြင်ပကနေ ရယူရတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း exogenous antioxidants ဆိုပြီးရှိပါတယ်။

Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) က ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ…………

ဓာတ်တိုးပစ္စည်း (Free radicals) တွေဆိုတာက ဆဲလ်တွေကနေ စွန့်ထုတ်လိုက်တဲ့ အရာတွေပါ။ ဒါတွေကို ထိထိရောက်ရောက် ဖယ်ရှားနိုင်ဖို့ လိုပါမယ်။ မဖယ်ရှားနိုင်ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ဆဲလ်တွေကိုလည်း ပျက်စီးစေနိုင်ပါသေးတယ်။

ကိုယ်ထဲမှာ ဓာတ်တိုးပစ္စည်း (Free radicals) တွေများလာတဲ့အခါ နှလုံးရောဂါ၊ ကင်ဆာ၊ အဆစ်ရောင်နာ၊ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ လေဖြတ်တာတွေ ဖြစ်စေနိုင်သလို ကိုယ်ခံအားကို ထိခိုက်စေပြီး အအေးမိဖျားနာဖြစ်လွယ်သလို ရောဂါတွေ ကူးစက်ခံရနိုင်ခြေလည်း တော်တော်လေး မြင့်သွားမှာပါ။

ဒီပြဿနာတွေကင်းစေဖို့ အထိရောက်ဆုံး ကူညီပေးနိုင်တာက ကိုယ်တွင်းက ဓာတ်တိုးပစ္စည်း (Free radicals)  တွေကို အကောင်းဆုံးထိန်းညှိပေးမယ့် Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပါပဲ။ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) က အသားအရေကနေစလို့ ကိုယ်ခံအားအထိ ခန္ဓာကိုယ် ကျန်းမာဖို့ လိုအပ်သမျှကို အကောင်းဆုံးဖြစ်စေဖို့ ပံ့ပိုးပေးပါတယ်။ ရောဂါတွေကနေ ကာကွယ်ဖို့ဆိုရင် ခန္ဓာကိုယ်မှာ Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပြည့်ဝနေဖို့လိုပါမယ်။

Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တိုးတက်စေဖို့ ဘာလုပ်ရမလဲ……………

Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) မြင့်တက်စေဖို့ဆိုရင် လုပ်လို့ရတဲ့ နည်းလမ်း ၂ ခုရှိပါတယ်။ ဒါကတော့

အစားအသောက်

ဗီတာမင် A – နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အသည်း

Beta-carotene (Beta-carotene ဆိုတာ Vitamin A ရဲ့ အခြေခံအုတ်မြစ်ပါ။) – မုန်လာဥနီ၊ ပဲတောင့်ရှည်၊ သရက်သီး၊ ဟင်းနုနွယ်၊ အခြား အနီ၊ လိမ္မော်၊ အစိမ်းရောင် သန်းတဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ

ဗီတာမင် C– ဘယ်ရီသီးတွေ၊ မာလကာသီး၊ ငရုတ်ပွ၊ လိမ္မော်သီးအပါအဝင် အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ

ဗီတာမင်  E–  သစ်ကြားစေ့၊ နေကြာစေ့၊ ဟင်းသီးဟင်းရွက်ဆီတွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

Lycopene –  ခရမ်းချဉ်သီး၊ ဖရဲသီးတို့လိုမျိုး ပန်းရောင်၊ အနီရောင်ရှိတဲ့ အသီးအနှံတွေ

Lutein – ပြောင်းဖူး၊ သင်္ဘောသီး နဲ့ လိမ္မော်သီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

Selenium – ဆန်၊ပြောင်း၊ ဂျုံ၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ချိစ်၊ ပဲအမျိုးမျိုး တို့ စားသုံးပေးလို့ရပါတယ်။

ဒါတွေကနေတဆင့် Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) အမျိုးအစားတွေကို ပြည့်ပြည့်စုံစုံရနိုင်သလို အစားနည်းလာတဲ့ လူကြီးတွေအတွက် အထူးသီးသန့်ထုတ်ထားတဲ့ လိုအပ်တဲ့ အာဟာရပြည့်ဝ စုံလင်စွာပါဝင်နေတဲ့ ဖြည့်စွက်အာဟာရတွေကနေလည်း ရနိုင်ပါတယ်။

အစားအသောက်အပြင် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာကလည်း Antioxidants (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ကိုတိုးစေနိုင်ပါတယ်။

  • လမ်းလျှောက်တာ
  • ယောဂလုပ်တာ
  • စက်ဘီးစီးတာ
  • ခပ်ရွရွလေး ပြေးတာ
  • အကြောလျှော့တာလိုမျိုး ဟာ အသက်အရွယ်တိုင်းနဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက ကိုယ်ခံအားကောင်းစေသလို သက်ကြီးရွယ်အိုတွေမှာ ကြွက်သားအားနည်းတာ၊ အရိုးသိပ်သည်းဆ ကျဆင်းတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျန်းမာပျော်ရွှင်စွာ အသက်ကြီးစေဖို့ဆိုရင် အာဟာရပြည့်အောင်စားပြီး ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ ကိုယ်ခံအားကောင်းအောင် ဂရုစိုက်လိုက်ပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများက ဘာတွေ ဖြစ်မလဲ။ နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ ကတော့ ....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

အနီရောင်အသား ဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား တွေကို ခေါ်တာပါ။ ကျန်းမာရေး ပညာရှင်တွေက အနီရောင် အသားတွေကို လျှော့စားဖို့ အကြံပေးလေ့ရှိတာ ဘာကြောင့်များပါလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ…….

အသည်းရောဂါရဲ့ အစောပိုင်း လက္ခဏာတွေ က ဘာတွေများလဲ....... အသည်းရောဂါက အမျိုးအစားကို လိုက်ပြီး ခံစားရတဲ့ လက္ခဏာတွေ ကွာခြားနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ………

Copper က ကျန်းမာရေးကို ဘယ်လို အားဖြည့်ပါသလဲ......... ဒီဓာတ်ကို များသောအားဖြင့် အသည်း၊ ဦးနှောက်၊ ကျောက်ကပ် နဲ့ ကြွက်သားတွေမှာ တွေ့ရနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ် ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ကိုဗစ် ကာကွယ်ဆေးတွေ ကြားက ကွာခြားချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 16, 2021 . 3 mins read
ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ.......

ချွေးနံ့ပြင်း လာရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2021 . 2 mins read
Hybrid immunity ဆိုတာ ဘာများလဲ.........

Hybrid immunity ဆိုတာ ဘာများလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 15, 2021 . 2 mins read
ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ......

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ……

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 13, 2021 . 2 mins read