ဒါဆို မေးစရာရှိတာက ကြက်စွပ်ပြုတ်က ကိုဗစ်ကို ကာကွယ်ပေးနိုင်သလားဆိုပြီးပေါ်လာပါတယ်။ ကိုဗစ်ကာကွယ်ဆေးအနေနဲ့ ကြက်စွပ်ပြုတ်ဟာ အကျိုးမပြုပေးဘူးဆိုပေမဲ့ တခြားရောဂါတွေကို မဖြစ်အောင် ကာကွယ်တိုက်ထုတ်ပေးဖို့ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတာဖြစ်ပါတယ်။ ကိုဗစ်ဖြစ်နေစဉ်ကာလမှာတောင် ကိုယ့်ပတ်ဝန်းကျင် လေထုထဲမှာ ကိုယ့်မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေ အများအပြားရှိနေနိုင်တာကြောင့် တတ်နိုင်သလောက် ကိုယ်ခံအားကောင်းအောင်လုပ်ထားခြင်းက ခုလိုကပ်ဘေးကာလမှာ ကိုယ့်အိမ်မှာပဲ ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။
၄။ အရေပြားကို ကျန်းမာစေတယ်။
ကြက်စွပ်ပြုတ်ဟာ အရေပြား၊ ဆံသား၊ ဦးရေပြားနဲ့ ခြေသည်း၊ လက်သည်းတွေကို အံ့သြဖွယ်ကောင်းလောက်အောင် ကျန်းမာစိုပြေလှပစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြက်စွပ်ပြုတ်မှာ အဓိကပါဝင်တဲ့ ကော်လဂျင် – collagen ဓာတ်ဟာ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး အားဖြစ်စေနိုင်တယ်။ အနာကျက်မြန်စေလို့ အလှအပကို ဂရုစိုက်သူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ အားကစားလိုက်စားသူတွေအတွက် အကောင်းဆုံး အာဟာရအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားဆိုတာ ကိုယ်ခံအားစနစ်ရဲ့ အပြင်ဘက်ဆုံးမှာရှိတဲ့ ခံစစ်အလွှာဖြစ်ပါတယ်။ ဒါကြောင့် အရေပြားက စိုစိုပြေပြေနဲ့ ကျန်းမာနေမှ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ မဝင်အောင် ကူညီပေးနိုင်မှာပါ။
၅။ အရိုးကြီးထွားသန်စွမ်းစေတယ်။
ကြက်စွပ်ပြုတ်မှာ ကိုယ်ခန္ဓာကြီးထွားစေဖို့ အသားဓာတ်တွေ၊ အရိုးသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေလို မဟုတ်ပဲ အရိုး၊ အသားတွေကို ဆူပွက်နေတဲ့ ရေထဲ ထည့်ပြုတ်လိုက်တဲ့အခါ နဂိုရှိပြီးသား အာဟာရဓာတ်တွေကို အရည်တွေက စုပ်ယူသွားနိုင်ပါတယ်။ ဒါကြောင့် အသားကို စားရသလိုပဲ ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး အာဟာရလည်း ရှိစေတာပါ။
၆။ အအေးမိတုပ်ကွေး၊ ဖျားနာဝေဒနာကိုလည်း အမြန်ဆုံးသက်သာစေတယ်။
အပေါ်မှာပြောခဲ့သလိုပါပဲ။ ခုကာလက ကိုဗစ်ပိုးတွေ လျင်မြန်စွာပျံ့နှံ့နေတဲ့ကာလဆိုပေမယ့် တခြားရောဂါပိုးတွေက ပျောက်ကွယ်သွားတာမဟုတ်ပါဘူး။ အရင်အတိုင်းပဲ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေဆဲပါပဲ။ ဒါကြောင့် ခုလိုကပ်ဘေးကာလ ကိုယ့်အိမ်မှာပဲ ကိုယ်အေးချမ်းစွာနေထိုင်နေတဲ့အချိန်မှာ ကိုဗစ်မဟုတ်တဲ့ တခြားဖျားနာတာ၊ ရောဂါတွေကို မဖြစ်စေဖို့ ကြိုတင်ကာကွယ်ထားတာ၊ ဖြစ်လာခဲ့ရင်လည်း ဝေဒနာကို အမြန်ဆုံးသက်သာစေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။