ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားလို့ရလား ဆိုတော့ အနည်းအကျဉ်း စားလို့ ရပါတယ်။ အလွန်အကျွံ စားသုံးတာမျိုးတော့ မသင့်တော်ပါဘူး။ ပြောင်းဖူးကို အလွန်အကျွံ စားသုံးတာက အစာမကြေတာနဲ့ အစာခြေစနစ် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။
ကိုယ်ဝန်ဆောင် မေမေ ပြောင်းဖူး စားတဲ့အခါ
ကိုယ်ဝန်ဆောင် မေမေအနေနဲ့ ပြောင်းဖူး စားပေးမယ်ဆိုရင်
ပြောင်းဖူးမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ဝမ်းချုပ်တာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ပြောင်းဖူးမှာ Zeaxanthin ပါဝင်နေတာကြောင့် မေမေတို့ကို အမြင်အာရုံ ကျန်းမာစေသလို ဘေဘီလေးရဲ့ အမြင်အာရုံကိုလည်း အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
ပြောင်းဖူးမှာ ဖောလစ်အက်ဆစ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့်ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေပြီး မွေးရာပါ ချို့ယွင်းမှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
သီရာမင်း ပါဝင်နေတာကြောင့် ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေနိုင်သလို ကြွက်သားနဲ့ အာရုံကြောစနစ်တွေရဲ့ လုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်ပါတယ်။ ဘေဘီလေးရဲက အာရုံကြောစနစ်ကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။
ဘီတာကယ်လ်ရိုတင်း ပါဝင်နေတာကြောင့် ကိုယ်ခံအားကောင်းစေပြီး ဘေဘီလေးကို အကောင်းဆုံး ဖွံ့ဖြိုးစေမှာပါ။ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားစေမှာပါ။
ဒါ့အပြင် ပြောင်းဖူးက ဘေဘီလေးရဲ့ မှတ်ဉာဏ် ကောင်းစေတယ်၊ ကြွက်သားတွေ သန်မာစေတယ်၊ အမြင်အာရုံ ကျန်းမာစေတယ်၊ အာရုံကြောစနစ် ကောင်းကောင်း ဖွံ့ဖြိုးစေတယ်၊၊
ဘာတွေ ဆင်ခြင်ရမလဲ၊၊
လတ်ဆတ်ပြီး အရမ်း မရင့်တဲ့ ပြောင်းဖူးကို ရွေးချယ် စားသုံးဖို့တော့ လိုပါမယ်။ အခွံက ခြောက်နေမယ်။ မှိုတွေ ဖြစ်နေမယ်၊ ပြောင်းဖူးက ခြောက်နေမယ်ဆိုရင် မစားပါနဲ့။
အလွန်အကျွံ စားသုံးတာကိုလည်း ရှောင်ပါ၊၊ ကြွက်ကလေးတွေမှာ လေ့လာချက်အရ polyunsaturated fatty acids ပါဝင်မှု များတဲ့အစားအစာ (ဥပမာ ပြောင်းဖူးလိုမျိုး)က ကလေးလေးရဲ့ အပြုအမူကို ပြောင်းလဲစေတာကို တွေ့ရှိရပါတယ်၊၊ ဒါကြောင့် စိတ်ချရအောင် သင့်တင့်တဲ့ ပမာဏပဲ စားပေးပါ၊၊
အလွန်အကျွံစားတာက မေမေမှာ အစာမကြေတာ၊ ရင်ပြည့်တာကိုလည်း ဖြစ်စေနိုင်တာကြောင့်ပါ၊၊
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။