backup og meta

လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးသွားတယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲ ရှိတာလား။ ။

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ ။အတိတ်မေ့သွားပြီး ကိုယ့်မိသားစု ကိုယ်ချစ်ရတဲ့သူတွေကို ကာလတိုတစ်ခုလောက် သတိမရတော့တာမျိုး။ ဒါမျိုးက ရုပ်ရှင်တွေထဲမှာပဲ ရှိတာလား။ အပြင်မှာရော ဒီလို ခဏတာ အတိတ်မေ့သွားတဲ့သူတွေရှိလား။

ရှိပါတယ်။ အပြင်မှာလည်း ဒီလိုမျိုး ခဏလောက် အတိတ်မေ့သွားပြီး ဘာကိုမှသတိမရတော့တာမျိုးတွေရှိပါတယ်။ ဆေးပညာအရဆို ဒါကို short term amnesia (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း ) လို့ခေါ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာတော့ (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း )short term amnesia အကြောင်းလေးပြောပြပေးချင်ပါတယ်။ ရုပ်ရှငိထဲမှာပဲ မဟုတ်။ အပြင်မှာလည်း ဒီလိုမျိုး အတိတ်မေ့တာတွေရှိတယ်ဆိုတာလေး ပြောပြချင်တာပါ။

လတ်တလော မှတ်ဉာဏ်ဆိုတာ ဘာလဲ ။ ။

လတ်တလော မှတ်ဉာဏ် ဆိုတာ လူတစ်ယောက်ရဲ့ ဦးနှောက်ထဲမှာ ခုလတ်တလော တွေးနေတဲ့ အတွေးတွေကို ဦးနှောက်က မှတ်ထားပေးတဲ့ မှတ်ဉာဏ်ကို ပြောချင်တာပါ။ လတ်တလောမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေ၊ ရနေတဲ့ အသံတွေ အနံ့တွေက လတ်တလောမှတ်ဉာဏ်ထဲမှာပါပါတယ်။ သူ့ရဲ့ ကြာချိန်ကတော့ စက္ကန့် ၃၀ ကနေ ရက်အနည်းငယ်လောက်သာ ရှိသလို သူ့ကို သိမ်းထားနိုင်တဲ့ ဦးနှောက် အကျယ်ကလည်း နေရာသေးသေးလေးပဲရှိပါတယ်။

လတ်တလော မှတ်ဉာဏ်ကို အဓိက ထိန်းချုပ်နေတဲ့ နေရာကတော့ frontal lobe လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အရှေ့ဆုံး အပိုင်းဖြစ်ပြီး ပေးပို့လာတဲ့ သတင်း အချက်တွေကတော့ hippocampus မှာဆုံးသွားပါတယ်။ hippocampus မှာရှိတဲ့ အာရုံကြော neurons လေးတွေဟာ လက်တလော အဖြစ်အပျက်တွေရဲ့ မှတ်ဉာဏ်ကို ထိန်းသိမ်းထားရတာပါ။

short term amnesia (လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးခြင်း ) ဆိုတာဘာလဲ ။ ။

short term amnesia ဆိုတာ လတ်တလော ဖြစ်နေတဲ့ အရာတွေကို အတိတ်မေ့သွားတာပါ။ အတိတ်မေ့သွားတယ်ဆိုပေမယ့် ဟိုးအရင် အနှစ် ၂၀ တုန်းက အရာတွေကို သိနေပြီး ခုလတ်တလော မိနစ် ၂၀ လောက်အတွင်းဖြစ်ပျက်သွားတာတွေကို သတိမရတော့တာမျိုးပါ။ ပြောရမယ်ဆိုရင် လောလော လတ်လတ် အဖြစ်အပျက်တွေကို မေ့သွားတာမျိုးပေါ့။

short term amnesiaကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ ။ ။

သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိပါတယ်။

  • ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်မိသွားတာမျိုး။
  • ဦးနှောက်သွေးကြောဖောင်းပြီး ဦးနှောက်ဆဲလ်တွေကို ပိနေတာမျိုး
  • အောက်ဆီဂျင်ဦးနှောက်ထဲ ကောင်းကောင်းမရောက်တာ
  • အရက် တွေ ၊ မူးယစ်ဆေးတွေ အလွန်အကျွံသုံးထားတာ
  • လေဖြတ်တာ
  • ဦးနှောက်ကင်ဆာ
  • အတက်ရောဂါ
  • ဦးနှောက်ထဲပိုးဝင်တာ နဲ့
  • စိတ်ကို ပြင်းပြင်းထန်ထန်ထိခိုက်စေတဲ့ အဖြစ်အပျက်တွေကို ကိုယ်တိုင်ကြုံတွေ့လိုက်ရတဲ့ အခါမျိုး တို့ဟာ လတ်တလော မှတ်ညဏ် ပျောက်ဆုံးခြင်း ( short term amnesia) ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးနေကြောင်း သေချာအောင် ဘယ်လိုစမ်းသပ်မှာလဲ ။ ။

ဆရာဝန်ကနေပြီးတော့

  • လူနာရဲ့ ဦးနှောက်တွေးခေါ်နိုင်စွမ်းနဲ့ စိတ်အခြေအနေကိုစမ်းသပ်မယ်
  • သွေးစစ်ပြီးတော့ ဗီတာမင် B 12 ချို့တဲ့မှုနဲ့ သိုင်းရွိုက်ရောဂါတွေ ရှိမရှိစမ်းမယ်
  • ဦးနှောက်ကို CT စကင်မ် ဖတ်မယ်၊
  • MRI လို့ခေါ်တဲ့ သံလိုက် ပုံရိပ်ဖော်စက်နဲ့ ဦးနှောက်ကို ပုံရိပ်ဖော်မယ်
  • EEG လို့ခေါ်တဲ့ ဦးနှောက်တွင်းစီးနေတဲ့ လျှပ်စစ်လိုင်းတွေကို တိုင်းတာမယ်
  • ပြင်းထန်တဲ့ စိတ်ဒဏ်ရာ တစ်ခုခုရခဲ့လားဆိုတာတွေ မေးကြည့်ပြီးတော့ လတ်တလော မှတ်ဉာဏ် ပျောက်ဆုံးရခြင်းအကြောင်းကို ဖော်ထုတ်မှာဖြစ်ပါတယ်။

လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးခြင်းအတွက် ကုသနည်းက ဘာတွေလဲ။ ။

ginko လို့ခေါ်တဲ့ တရုတ်ရိုးရာ ဆေးမြစ်လေးက လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးတာကို ပြန်ကောင်းစေပါတယ်တဲ့။ ဒါပေမယ့် လတ်တလောတွေ့ရှိချက်တွေ အရတော့ ginko ဟာ ထင်သလောက် အကျိုးမဖြစ်စေဘူးဆိုတာကို တွေ့ရှိရပေမယ့်လည်း သောက်ပေးလို့ ဆိုပါတယ်။

အခြားနည်းတွေကတော့

ဦးနှောက်ကိုအလုပ်ပေးတဲ့ နည်းတွေဖြစ်တဲ့ mnemonics လို့ခေါ်တဲ့ စကားလုံး၊ စကားစု၊ ဓါတ်ပုံတွေကို ပစ္စည်းတစ်ခုခုနဲ့ တွဲပေးတာမျိုးကို လုပ်ပေးလို့ရပါတယ်။ ဥပမာ ပြောရရင်

  • တစ်လချင်းစီမှာ ရက်ပေါင်း ဘယ်နှစ်ရက်ရှိလဲဆိုတာကို မှတ်ခိုင်းတာမျိုး။
  • နာမည်နဲ့ ပစ္စည်းကို တွဲမှတ်တာမျိုး
  • ခုံပေါ်မှာ ချထားတဲ့ ပစ္စည်းတွေ ကို စက္ကန့် ၃၀ လောက်မှတ်ခိုင်းလိုက်ပြီး မှတ်မိသလောက် ကို စက္ကန့် ၃၀ အတွင်း ပြန်ချရေးခိုင်းတာမျိုး တွေ ဖြစ်ပါတယ်။

ဒါ့ပြင် ဦးနှောက်ကို အလုပ်ပေးတဲ့ နည်းတွေဖြစ်တဲ့ ဆူဒိုကု ကစားတာ၊ စကားဝှက်တွေဖွက်တာ၊ စာဖတ်တာတွေက လတ်တလော မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို သက်သာအောင် လုပ်ပေးနိုင်တဲ့ နည်းတွေပါ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.livescience.com/42891-short-term-memory-loss.html Accessed Date 21.1.2019

https://www.webmd.com/brain/memory-loss#1Accessed Date 21.1.2019

ယခုပုံစံ

04/10/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကြောင့် ဦးနှောက်မပျက်စီးပါစေနဲ့။ ။

ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်တက်စေပြီး မှတ်ဉာဏ်ကိုကောင်းမွန်စေတဲ့ အစားအသောက်များ ။ ။


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thin Yadanar @ Frances မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement