သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

သက်ကြီးပိုင်းအရွယ် နှလုံးကျန်းမာအောင် ဘယ်လိုဆင်ခြင်ထိန်းသိမ်းမလဲ

နှလုံးရောဂါဟာ လူကြီးတွေရဲ့ကျန်းမာရေးအတွက်ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်ပါတယ်။ အသက် ၆၅ နှစ်အထက်ရှိသူတွေမှာ နှလုံးရောဂါနဲ့သေဆုံးသူ ၈၄ ရာခိုင်နှုန်းရှိပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေက အသက်အရွယ်နဲ့လိုက်ပြီး တိုးလာတာဖြစ်ပေမယ့် အသက်ကြီးတိုင်းမလွဲမသွေ နှလုံးရောဂါဖြစ်လာမှာတော့ မဟုတ်ပါဘူး။ မှန်ကန်နဲ့နေထိုင်မှုအမူအကျင့်တွေနဲ့ နှလုံးကျန်းမာစေမယ့်ဓါတ်စာအာဟာရတွေက နှလုံးရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အဖြစ်များဆုံးနှလုံးရောဂါအမျိုးအစားကတော့ နှလုံးသွေးကြောကျဉ်းရောဂါ (coronary artery disease (CAD)) ဖြစ်ပါတယ်။ CAD ဟာ နှလုံးဖောက်ပြန်ခြင်း၊ နှုလုံးရပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်မမှန်ခြင်း တို့လို ပြင်းထန်တဲ့နှလုံးဝေဒနာတွေရဲ့ အကြောင်းရင်းခံဖြစ်နေတတ်ပါတယ်။

နှလုံးရောဂါလက္ခဏာ ဘယ်လိုသိနိုင်မလဲ

နှလုံးရောဂါရဲ့ အန္တရာယ်လက္ခဏာတွေဟာ နှလုံးဖောက်ပြန်ခြင်း(heart attack) မရခင်အထိ မသိသာသေးပါဘူး။ heart attack ဖြစ်တော့မယ့်လက္ခဏာ ဒါမှမဟုတ် အရေးပေါ်လက္ခဏာတွေကတော့ –

မူးလဲတာ၊ မိုက်ခနဲမူးတာ၊ အသက်ရှူကျပ်လာတာ၊မူးဝေ အော့အန်ချင်လာတာ၊ ရင်ပြည့်သလို အစာမကြေ သလို ခံစားရတာ၊ ခါး၊ ပခုံးနဲ့ လည်ပင်းတို့မှာ ဖြစ်နေကျမဟုတ်တဲ့ နာကျင်မှုတွေခံစားလာရတာ၊ ချွေးထွက်များ တာ၊ နှလုံးခုန်မူမမှန်တာ စတဲ့လက္ခဏာတွေပါ။

နှလုံးရောဂါဖြစ်စေတဲ့တခြားရောဂါအကြောင်းရင်းတွေများစွာရှိသလို နှလုံးလုပ်ဆောင်ချက်ရုတ်တရက် ရပ်ဆိုင်းခြင်း ဖြစ်နိုင်ခြေလည်းများပါတယ်။ နှလုံးရောဂါရှိနေပြီဆိုရင် သွေးဖိအားကိုထိန်းပြီး သွေးတွင်းကိုလက်စထရောကိုလျော့နည်းအောင် ဆင်ခြင်ရပါမယ်။ ဆီးချိုရှိရင် ဆီးချိုကိုထိန်းနိုင်ရပါမယ်။

အသက်ဘယ်လောက်ကြီးကြီး နှလုံးကျန်းမာရေးကို ထိန်းသိမ်းလို့ရတယ်ဆိုပေမယ့် တကယ်တမ်းကျ အားထုတ်ကြိုးစားရပါတယ်။ နှလုံးအတွက်ကောင်းကျိုးပြုတဲ့ အစာအာဟာရတွေလိုမျိုး ကိုယ့်ရဲ့နေ့စဉ်အမူအကျင့်တွေကိုတောင် ပြောင်းလဲရနိုင်တဲ့အပြင် လှုပ်လှုပ်ရှားရှားပိုနေပေးဖို့လိုပါမယ်။

လူကြီးတွေရဲ့နှလုံးကျန်းမာရေးအတွက် ကြိုတင်ကာကွယ်စောင့်ရှောက်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လုံလောက်တဲ့လှုပ်ရှားမှုလုပ်ပေးပါ –

တစ်နေ့ကို မိနစ်၃၀လောက် ကိုယ်လက်လှုပ်ရှားမှုလုပ်ပေး ပါ။(ဥပမာ-တစ်နေ့ကို ၁၀ မိနစ်လောက်လမ်းလျှောက်ထွက်တာမျိုး)

ဆေးလိပ်ဖြတ်ပါ။

အရက်ဖြတ်ပါ။ –

အရက်သောက်တတ်သူဖြစ်ရင် အရက်ဖြတ်ပါ။ အရက်သောက်သုံးမှုများရင် နှလုံးပြဿနာကို ပိုဆိုးစေနိုင်ပါတယ်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာအာဟာရစားပါ။ –

အဆီများတဲ့အသားတွေလိုမျိုး ကိုလက်စထရောပါတဲ့ အစားအစာတွေ၊ အငန်နဲ့ ပြည့်ဝဆီတွေကို ချင့်ချိန်စားပြီး သစ်သီးနဲ့ အသီးအရွက်တွေကို များများစားပါ။

သွေးပေါင်၊ဆိးချို အတက်အကျတွေကို မျက်ခြေမပြတ်ပါစေနဲ့

သွေးတိုး၊ ကိုလက်စထရောများနေခြင်း၊ ဆီးချိုတက်နေခြင်းတို့အပါအဝင် နှလုံးရောဂါဖြစ်စေနိုင်တဲ့ ရောဂါအခံတွေကို ဆေးနဲ့ထိန်းနိုင်ခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါ။

ဘဝရဲ့စိတ်ဖိစီးမှုကိုလျှော့ချပါ

စိတ်ဖိစီးမှုဟာ လူကြီးတွေရင်ဆိုင်နေရတဲ့ နှလုံးရောဂါအန္တရာယ်အချက်တွေကို ပိုဆိုးစေပါတယ်။ စိတ်ဖိစီးမှုဖြေလျှော့တဲ့အကြံပြုချက်တွေကို ရှာဖွေပါ။

ကိုယ်အလေးချိန်အတက်အကျကို ဂရုစိုက်ပါ။

– ကိုယ်အလေးချိန်များလွန်းရင် နှလုံးရောဂါအန္တရာယ်ကိုတိုးစေနိုင်ပါတာကြောင့် ကိုယ်အလေးချိန်ကိုထိန်းပါ။

အစာအာဟာရကို ဆင်ခြင်ရွေးချယ်ပါ –

ကျန်းမာရေး နဲ့ညီတာကိုပဲစားတာက နှလုံးရောဂါအန္တရာယ်ကို ပိုတိုးစေပြီး ရုတ်တရက်နှလုံးရပ်မှုခံစားရပြီးနောက်ပိုင်းမှာ အသက်ရှင်နိုင်ဖို့ ရာခိုင်နှုန်း ပိုများစေနိုင်ပါတယ်။ wholegrain ၊ ပါစတာ၊ ပေါင်မုန့်နဲ့ထမင်းတို့လို ကစီများတဲ့အစာတွေ ၊နို့ထွက်ပစ္စည်း၊ အကျိုးပြုအဆီတွေနဲ့ အသား၊ငါး၊ကြက်ဥ၊ပဲတို့လို ပရိုတင်းတွေ၊အသီးအနှံ၊အသ်ီးအရွက်တွေ အားလုံးဟာ ညီညွတ်မျှတတဲ့အာဟာရပုံစံပါပဲ။ အချိုဓါတ်များတဲ့ အစားအစာတွေနဲ့သောက်စရာတွေကို တတ်နိုင်သလောက်လျှော့စားပါ။

ကျန်းမာရေးစစ်ဆေးမှုပုံမှန်လုပ်ပေးပါ။

သွေးတိုး၊ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓါတ်များနေတာတွေလိုမျိုးနှလုံးအန္တရာယ်ဖြစ်စေနိုင်တဲ့အန္တရာယ်အချက်တွေကို စီမံထိန်းချုပ်ပါ။ ကိုယ့်မှာဘယ်အချက်တွေရှိနေသလဲ သိနိုင်ဖို့က ကျွမ်းကျင်သူနဲ့ ပုံမှန်ပြသစစ်ဆေးသင့်ပါတယ်။

ဆရာဝန်နဲ့ပြသခြင်းက နှလုံးကျန်းမာရေးအတွက် အကောင်းဆုံးလမ်းညွှန်ဖြစ်ပါတယ်။ ကျန်းမာရေးဂရုစိုက်တဲ့ လူနေမှုပုံစံကိုစတင်ပြီး နှလုံးရောဂါအန္တရာယ်ရှိမရှိကို စစ်ဆေးဖို့က ဘယ်တော့မှနောက်မကျပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ ကဘာတွေများလဲ။ သိထားတာတွေက ဘတွေ မှန်လို့ ဘာတွေ မှားနေလဲ။ သိချင်တယ်ဆိုရင် အတူတူဆန်းစစ်ရအောင်လေ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ ဆိုတာဘာလဲ။ ဘယ်လောက်အထိ အကျိုးပြုနိုင်လို့လဲ။ ဘာတွေ စားသောက်ရမလဲဆိုတာကို ဖတ်ကြည့်လို့ ရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာ (၆) မျိုး

ဆီးချိုရှိသူတွေ ကို ရေဓာတ်ဖြည့်ပေးမယ့် သောက်စရာတွေက ဘာဗတွဖြစ်မလဲ။ ဘယ်လောက်ထိ ကျန်းမာစေဖိုပ ထောက်ကူပေးသလဲ ဆိုတာကို ဆေင်းပါးလေးထဲ ဖတ်ကြည့်ပါ။

ရေးသားသူ Aye Thi Mon

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အရက်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 30, 2021 . 2 mins read
လူကြီးတွေမှာ အစာစားချင်စိတ်ပျောက်

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ထိခိုက်ဒဏ်ရာ နည်းအောင် ဘယ်လို ဂရုစိုက်ကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် မေ 21, 2021 . 2 mins read
ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read