backup og meta

အမျိုးသားများတွင်အဖြစ်များသောနှလုံးရောဂါလက္ခဏာများ


Dr. Kaung Thar မှ ရေးသားသည်။ · 23/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများတွင်အဖြစ်များသောနှလုံးရောဂါလက္ခဏာများ

    ယနေ့အခါတွင် အမျိုးသားများတွေ့ကြုံနေရသည့် ကျန်းမာရေးဆိုးကျိုးများထဲမှ တစ်ခုမှာနှလုံးရောဂါဖြစ်သည်။ အမေရိကန်နှလုံးအသင်းအဖွဲ့မှ ပြောထားသည်မှာ အမျိုးသားသုံးယောက်တိုင်းတွင် နှလုံးနှင့်ပတ်သက်သည့်ရောဂါများခံစားရသူမှာ တစ်ယောက်ထက်ပိုသည်ဟု ဖြစ်သည်။

    ထိုရောဂါများတွင် နှလုံးရပ်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးဆိုင်ရာရောဂါပိုးဝင်ခြင်း၊ နှလုံးစည်းချက်မမှန်ခြင်း နှင့် မွေးရာပါနှလုံးချို့ယွင်းချက်တို့ဖြစ်သည်။ အမျိုးသားများတွင် နှလုံးရောဂါလက္ခဏာများသည် ၎င်းတို့တွင်ရှိသော ရောဂါအမျိုးအစားပေါ်မူတည်ပါသည်။

    နှလုံးရောဂါ၏ အစောပိုင်းလက္ခဏာများ

    နှလုံးရောဂါ၏ အစောဆုံးလက္ခဏာများမှာ နှလုံးဖောက်ခြင်း(သို့) အခြားပြင်းထန်သောပုံစံမျိုးဖြစ်သည်။ သို့သော် နှလုံးရောဂါဟုထင်ရှားစွာ မပေါ်ခင် ကြိုတင်သိနိုင်သော လက္ခဏာများစွာရှိသည်။ အစောပိုင်းတွင် လက္ခဏာများသည် အနှောင့်အယှက်ဖြစ်ရုံလောက်သာဖြစ်ပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်သည်။

    ဥပမာ နှလုံးခုန်နှုန်းမမှန်ခြင်းသည် လေ့ကျင့်ခန်းအတော်အသင့်လုပ်ပြီးလျှင် အသက်ရှူခက်ခြင်း၊ နေလို့မကောင်းခြင်း၊ ရင်ဘတ်တွင်ညှစ်ထားသလိုဖြစ်ခြင်း၊ ခေါင်းမူးခြင်းလောက်သာဖြစ်စေပါသည်။

    သွေးကြောနှင့်ဆိုင်သည့် နှလုံးရောဂါအများအပြားတွင် ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူခက်ခြင်းတို့ ပြတတ်သည်။ အခြားလက္ခဏာများမှာ ခြေလက်များနာခြင်း၊ ထုံကျဉ်ခြင်း၊ အေးစက်ခြင်း၊ အားနည်းခြင်းတို့ဖြစ်သည်။

    အချို့လူများတွင် နှလုံးခုန်မမှန်ခြင်း၊ အလွန်ပင်ပန်းခြင်းတို့လည်း ခံစားရနိုင်သည်။ ဤလက္ခဏာများသည် သွေးကြောများတွင် အနည်အဖတ်များ လာပုံခြင်းကြောင့် ကျဉ်းလာကြောင်းကို ညွန်ပြနိုင်သည်။

    ၎င်းတို့က နှလုံးခုန်ရန်ခက်ခဲခြင်း၊ ခန္ဓါကိုယ်တစ်ရှူးများသို့ အောက်ဆီဂျင်ပါသည့်သွေးကို လုံလုံလောက်လောက်မပို့နိုင်ခြင်းတို့ကို ဖြစ်စေသည်။

    အထက်ပါလက္ခဏာများမဟုတ်ဘဲ နှလုံးတွင်ရောဂါပိုးဝင်ကြောင်းကို ချောင်းခြောက်ဆိုးခြင်း၊ ဖျားခြင်း၊ အရေပြားအကွက်များပေါ်ခြင်းတို့ဖြင့် သိနိုင်သည်။ တခြားရောဂါများရှိလျှင်လည်း နှလုံးရောဂါပိုဖြစ်နိုင်သည်။ ဥပမာ သင့်တွင် ဆီးချိုနှင့် သွေးတိုးရှိလျှင် နှလုံးရောဂါဖြစ်နိုင်ချေ ပို၍များသည်။

    နှလုံးရပ်ခြင်းနှင့် လေဖြတ်ခြင်းတို့၏ အဖြစ်များသော လက္ခဏာများ

    နှလုံးဖောက်ခြင်း၊ နှလုံးရပ်ခြင်းသည် သွေးကောင်းကောင်းမစီးဆင်းတော့၍ နှလုံးကြွက်သားများ အလုပ်မလုပ်နိုင်တော့သော အခါတွင် တွေ့ရတတ်သည်။ ရင်ဘတ်အောင့်ခြင်းကသာလျှင် နှလုံးဖောက်ခြင်း လက္ခဏာဟု လူအချို့ကတွေးမိကြသည်။

    သို့သော် ရင်ဘတ်ညှစ်ထားသလိုဖြစ်ခြင်း၊ အောင့်ခြင်းတို့သည် အမျိုးသားများတွေ့ကြုံရသော လက္ခဏာအများစုဖြစ်သည်။ လူနာများသည် ဤလက္ခဏာမျိုးကို လက်မောင်း၊ ကျော၊ လည်ပင်း၊ ဗိုက်၊ မေးရိုးတို့တွင်လည်း ခံစားရနိုင်သည်။

    အခြားအတွေ့များသော လက္ခဏာများမှာ အသက်ရှူမဝခြင်း၊ ပျို့ခြင်း၊ ခေါင်းမူးခြင်း၊ အကြောင်းမရှိဘဲ ချွေးထွက်ခြင်း တို့ဖြစ်သည်။

    လေဖြတ်မည့် အမျိုးသားတိုင်းနီးပါးတွင် ခန္ဓါကိုယ်တစ်ဖက်တည်းတွင်သာ ထုံခြင်း၊ အားနည်းခြင်းတို့ကို တွေ့ကြုံနိုင်သည်။ ထုံခြင်းကို မျက်နှာ၊ လက်မောင်း၊ ခြေထောက်တို့တွင်တွေ့နိုင်သည်။

    အခြားလက္ခဏာများမှာ စိတ်ရှုပ်ထွေးခြင်း၊ စကားပြောခက်ခဲခြင်း၊ ဘာပြောနေသည်ကို သဘောမပေါက်ခြင်း၊ အဆက်အစပ်မရှိခြင်း၊ အမြင်အာရုံပြောင်းလာခြင်း၊ ခေါင်းအလွန်ကိုက်ခြင်းတို့ ဖြစ်သည်။ အရေးကြီးသည်မှာ လက္ခဏာအများစုမှာ ကြိုမသိဘဲ ရုတ်တရက် ဖြစ်တတ်ခြင်းဖြစ်သည်။ ဤလက္ခဏာများတွေ့ပါက သင့်ဆရာဝန်ကိုချက်ချင်းခေါ်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 23/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement