ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ!

Creatinine ဆိုတာက ကြွက်သားတည်ဆောက်မှုကနေ ထွက်လာတဲ့ အမိုင်နိုအက်ဆစ် creatineရဲ့ ဘေးထွက်ပစ္စည်း တစ်မျိုးပေါ့။ ဒီ Creatinine ပမာဏကို ဆီး ဒါမှမဟုတ် သွေးထဲမှာ ရှိနေတဲ့ ပမာဏကို စစ်ဆေးပြီး ရောဂါအခြေအနေကို ဆန်းစစ်ရတာပဲ ဖြစ်ပါတယ်။ တကယ်လို့ စစ်ဆေးတဲ့အချိန်မှာ ကိုယ်တွင်းက Creatinine ပမာဏက မြင့်တက်နေတာမျိုး ရှိနိုင်သလို ကျဆင်းနေတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ​ကြောင့် အခုတစ်ခေါက်တော့ ဗဟုသုတအနေနဲ့ သိရှိနိုင်စေဖို့ Creatinine Levels ဘာကြောင့် ကျဆင်းနေပါသလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ https://hellosayarwon.com/orthopedics-musculoskeletal/other-bone-diseases/anatomy-of-muscle/ Creatinine  ဆိုတာ ဘာများလဲ! Creatinine  ဆိုတာက ကြွက်သားတွေက စွမ်းအင်ရစေဖို့အတွက် creatine ကို ဖြိုခွဲလိုက်ချိန်မှာ ခန္ဓာကိုယ်က ထုတ်လွှတ်လိုက်တဲ့ အရာပါ။ သွေးထဲမှာ ရှိတဲ့ Creatinine ပမာဏကို ကျောက်ကပ်က […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကဘာလဲ။ ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် နှာတာရှည် ခဏခဏပြန်ဖြစ်သောရောဂါဖြစ်ပြိး နာကျင်ခြင်းကိုဖြစ်စေတတ်သည်။ အစောပိုင်းတွင် သင့်အရေပြားပေါ်ဝက်ခြံကဲ့သို့သောအဖုများပေါ်လာမည်။ ထိုအဖုများကပျံ့သွားပြီး ဝက်ခြံမပေါက်တတ်သောနေရာများတွင်ပင်ပေါ်လာသည်။ Hidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ တစ်ရာခါနှုန်းသောသူများတွင်နိုင်သည်။-သို့သော် အချို့သူများတွင်ရှက်သောကြောင့်ကုသမှုမခံယူခြင်းလည်းရှိနိုင်သည်။ လက္ခဏာများHidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းသည် ဝက်ခြံနှင့်မတူသောအချက်က အရေပြားမည်သည့်နေရာတွင်မဆိုဖြစ်နိုင်သည်။ အဖြစ်အများဆုံးနေရာမှာ ချိုင်းအောက်(တစ်ဖက်သို့မဟုတ် နှစ်ဖက်) ပေါင်ခြံကြား(လိင်အဂါီၤ စအိုဘေးနား နှင့် ပတ်ဝန်းကျင်နေရာ) ပေါင် တင်ပါးအပေါ် အမျိုးသမီးရင်သား(အောက်နှင့်တခါတရံရင်သားအပေါ်) ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်းစရှိပါက အောက်ပါတို့ကိုစသတိထားမိတတ်သည်။ တစ်ခု(သို့မဟုတ်တော်တော်များများ) ဝက်ခြံနှင့်တူသောအဖုများ အရေပြားပေါ်တွင်တွေ့ရပြီး တခါတရ့ပျောက်ပြီးပြန်ဖြစ်သည်။ ကုသမှုမခံယူပါက လူနာတွင်အောက်ပါတို့ဆက်ဖြစ်နိုင်သည် နာခြင်း။ နက်နက်သို့ရောက်ပြီး ပြန်ကောင်းပြန်ဖြစ်နေခြင်း ခဏခဏပြန်ဖြစ်နေရာမှအမာရွတ်ထင်ခြင်း အမာရွတ်သည်အချိန်ကြာလာသည်နှင့်အမျှမာလာခြင်း အရည်ပြားတွင်လိုဏ်ဂူကဲ့သို့သော လမ်းကြောင်းပေါ်လာခြင်း အရေပြားတွင်ပြင်းထန်စွာရောဂါပိုးဝင်ခြင်း အရေပြားကင်ဆာဖြစ်ခြင်း(ရှားရှားပါးပါးဝ လက္ခဏာများသည် မပြင်းထန်သည်မှ ပြင်းထန်သည်အထိဖြစ်နိုင်သည်။ လူလူချင်းမတူ လူတူသော်လည်းဖြစ်သောအချိန်မတူ ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစိးစွာသိပါက ကုသမှုပိုထိရောက်နိုင်သည်။ အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်တွေ့ပါ။ နာခြင်း အပါတ်အနည်းငယ်ကြာသည်အထိပြန်မကောင်းခြင်း ကုသပြီး အပါတ်အနည်းငယ်တွင်ပြန်ဖြစ်ခြင်း နေရာများစွာတွင်ပေါ်ခြင်း ခဏခဏပြန်ဖြစ်ခြင်း လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။ အကြောင်းရင်းများHidradenitis Suppurativa (ချွေးဂလင်းများပြည်တည်နာဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အဘယ်ကြောင့်ဖြစ်သည်ကမသေချာသော်လည်း အချို့သူများက ချွေးပေါက်ပိတ်ခြင်းကြောင့်ဖြစ်သည်ဟုယူဆကြသည်။ အကယ်၍ ချွေးနှင့်အမှံုများက […]


အခြေခံကျန်းမာရေး

Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ကဘာလဲ။ မျက်နှာအကြောလိုက်ခြင်းဆိုသည်မှာ ထိန်းချုပ်မရပဲအလိုအလျောက် မျက်နှာရှိ ကြွက်သားများ တောင့်ခြင်း၊ ကျုံ့ခြင်းကိုဆိုလိုသည်။ဥပမာ နှာခေါင်းရှံု့နေခြင်း မျက်တောင်အလျင်အမြန် ခက်နေခြင်းတို့ဖြစ်သည်။ အလိုအလျောက်ဖြစ်၍ထိန်းချုပ်မရသော်လည်း တခါတရံပြန်လည် ထိန်းချုပ်နိုင်တတ်သည်။ မျက်နှာအကြောလိုက်ခြင်းမှာ ပြင်းထန်သောရောဂါတခုမဟုတ်ပါ။ ကလေးအများစုတွင် မွေးဖွားပြီး လအနည်းငယ်အတွင်းထိ ထိုကဲ့သို့ ဖြစ်ပွားနိုင်ကြသည်။ Facial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အကြောလိုက်ခြင်းသည် ကလေးဘဝတွင်သာဖြစ်နိုင်သော်လည်း အသက်ကြီးသည်အထိ တခါတရံတွင်ဖြစ်လာနိုင်သည်။ ယောင်္ကျားလေးများတွင် မိန်းကလေးများထက် သုံးဆ၊လေးဆ နီးပါးပိုအဖြစ်များသည်။ ကလေးအရေအတွက်၏ လေးပုံတပုံခန့်ပင် တခါတရံဖြစ်ပွားနိုင်သည်။ ဆရာဝန်နှင့် ထပ်မံသိရှိလိုပါက တိုင်ပင်ပြသရန်။ လက္ခဏာများFacial tic disorder (မျက်နှာတွင်အကြောလိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်နှာအကြောလိုက်ခြင်းသည် ထပ်ကာထပ်ကာထိန်းချုပ်မရသော မျက်နှာကျံှု့ခြင်း များဖြစ်ပွားနိုင်သည်။ မျက်တောင်ခဏဏခက်ခြင်း မျက်နှာတွန့်ရှံု့ခြင်း ပါးစပ်ရွဲ့ခြင်း အလိုအလျောက် နှာခေါင်းရှံု့နေခြင်း မျက်စိစွေခြင်း ချောင်းခဏဏဟန့်ရခြင်း စသည်ဖြင့်လည်း ဖြစ်ပွားနိုင်သည်။ အထက်ပါလက္ခဏာရပ်များအပြင် ထပ်မံကျန်ရှိနိုင်သေးသည်။ စိုးရိမ်ရပါက ဆရာဝန်နှင့်ပြသတိုင်ပင်ပါ။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများFacial tic disorder […]


အခြေခံကျန်းမာရေး

Obsessive Compulsive Disorder (အစွဲလန်းလွန်စိတ်ဝေဒနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Obsessive Compulsive Disorder (အစွဲလန်းလွန် စိတ်ဝေဒနာ ) ကဘာလဲ။ အစွဲလမ်းလွန် စိတ်ဝေဒနာ (obsessive compulsive disorder) ဆိုသည်မှာ လူနာ၏ တွေးခေါ်မှုနှင့် အပြုအမှုများကို ထိခိုက်စေသော စိတ်ရောဂါ တစ်မျိုးဖြစ်ပါသည်။ လူနာသည် အတွေးများ အမြဲပေါ်လာပြီး စွဲလန်းစိတ်နဲ့ တူညီသောလှုပ်ရှားမှုများကို ထပ်ခါထပ်ခါ ပြုလုပ်ပါသည်။ ဥပမာ တံခါးကို သော့ခတ်ထားသလား မထားသလား ဟု တွေးကာ တံခါးဆီသို့ ခဏခဏ သွားခြင်း ဖြစ်သည်။ လူနာများသည် ထိုသို့တွေးခြင်းကိုရပ်ရန် ကြိုးစား သော်လည်း စိတ်ရှုပ်ထွေးမှုနှင့် စိတ်တင်းမာမှု များသာ ထပ်မံ ဖြစ်စေပါသည်။ နောက်ဆုံးတွင် စိတ်သက်သာစေရန် ထိုလှုပ်ရှားမှုများကိုသာ လိုက်လံ ပြုလုပ်ပါတော့ သည်။ Obsessive Compulsive Disorder (အစွဲလန်းလွန် စိတ်ဝေဒနာ ) […]


ရောဂါလက္ခဏာများ

Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) ကဘာလဲ။ အေခရိုမက်ဂလီ ဆိုတာ ကြီးထွားမှု ဟော်မုန်းတွေ များခြင်းကြောင့် ဖြစ်တဲ့ ဟော်မုန်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီလိုများခြင်းက ခေါင်းမှာရှိတဲ့ အရေပြားနဲ့ အရိုးတွေ၊ မျက်နှာ လက်နဲ့ ခြေထောက်တွေက ခန္ဒါကိုယ်ထက် ကြီးထွားမှု ပိုမြန်စေပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှုတွေ ဟာနှေးကွေးလာပြီး နှစ်နဲ့ ချီအောင် ပြောင်းလဲမှုတွေကို မတွေ့ရတတ်ပါဘူး။ အေခရိုမက်ဂလီ ကို မကုဘဲထားလျှင် ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာတွေ ပြလာလျှင် ဆရာဝန်နဲ့ ပြဖို့ အရေးကြီးပါတယ်။ Acromegaly (ကိုယ်ခန္ဓါအစိတ်အပိုင်းများ အလွန်အမင်းကြီးထွားသော ရောဂါ၊ အေခရိုမက်ဂလီ) က ဘယ်လောက်အဖြစ်များသလဲ အေခရိုမက်ဂလီ က အဖြစ်များတဲ့ ရောဂါတော့ မဟုတ်ပါဘူး။ ပုံမှန်အားဖြင့် သက်လက်ပိုင်း ယောက်ျားနှင့် […]


ရောဂါလက္ခဏာများ

ဒီလက္ခဏာတွေရှိနေရင် သင့်မှာ ဗီတာမင်ချို့တဲ့မှု တွေရှိနေပါပြီ

ကျန်းမာပျော်ရွှင်တဲ့နေ့စဉ်ဘဝကို ပိုင်ဆိုင်နိုင်ဖို့က ခန္ဓာကိုယ်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်က အသွေးအသားနဲ့တည်ဆောက်ထားတာကြောင့် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို သေချာဖြည့်တင်းပေးဖို့၊ ဗီတာမင်ချို့တဲ့မှု တွေ မဖြစ်စေဖို့က  မေ့ထားလို့မရပါဘူး။ ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်တွေကို မရရှိတဲ့အခါ ဝေဒနာတွေဖြစ်လာပါတော့တယ်။ လိုအပ်တဲ့ဓာတ်တွေ မရတာနဲ့ ချက်ချင်း အပြင်းအထန်ဝေဒနာတွေ ခံစားရတာတော့ မဟုတ်ပါဘူး။ ရှေ့ပြေးလက္ခဏာလေးတွေ အရင်စဖြစ်လာပါတယ်။ ဘယ်လက္ခဏာက ဘယ်ဗီတာမင် ချို့တဲ့နေတာလဲ ဆိုတာကို သိထားဖို့တော့လိုပါမယ်။ ဒါဆိုရင် ပြင်းထန်တဲ့ ဆိုးကျိုးတွေမဖြစ်ပေါ်လာခင် ပြန်လည်ဖြည့်တင်းချိန်ရနိုင်ပါတယ်။ ဒါကြောင့် သတိထားကြည့်နိုင်ဖို့ သိသာထင်ရှားတဲ့ ဗီတာမင်ချို့တဲ့မှု လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ်။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အာဟာရဓာတ်ပြည့်ဝစွာရရှိဖို့ လိုအပ်ပါတယ် ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေဖို့အတွက် အာဟာရပြည့်ဝအောင်စားသုံးဖို့ လိုတယ်ဆိုတဲ့အကြောင်းကို မကြားဖူးသူက မရှိသလောက်ဖြစ်မှာပါ။ အစားအသောက်တွေ စားတဲ့အခါ အာဟာရပြည့်ဝအောင် စားသုံးကြရပါတယ်။ တကယ်လို့များ ကိုယ်စားသုံးတဲ့ အစားအသောက်တွေက အာဟာရဓာတ်မပြည့်ဝဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အားမရှိသလိုဖြစ်တာ၊ […]


အခြေခံကျန်းမာရေး

Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) ကဘာလဲ။ ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဆိုသည်မှာ တိကျသောအကြောင်းအရင်းမရှိပဲဖြစ်ပွားသော စအိုနာကျင်မှုဖြစ်သည်။ ထိုနာကျင်မှုသည် ပြင်းထန်သော စအိုတွင်းနှင့် စအိုစပ်ရှိကြွက်သားကျုံ့ခြင်းကြောင့်ဖြစ်သည်။ လီဗေတာအေနိုင်းရောဂါစုကဲ့သို့သော စအိုနာကျင်မှုတစ်မျိုးနှင့်လည်း ဆင်တူသည်။ သို့သော် ထို ရောဂါစုတွင် နာကျင်မှုသည် မိနစ်အနည်းငယ်အစား ရက်များစွာကြာရှည်တတ်သည်။ မည်သူမဆို ပရော်တယ်ဂျီးယား ဖူးဂပ်စ် ဖြစ်ပွားနိုင်သည်။ သို့သော် ထိုရောဂါသည် ပျိုဖော်မဝင်ခင်တွင် ဖြစ်ပွားလေ့မရှိပဲ အမျိုးသားများထက်စာလျှင် မိန်းမများတွင်ပိုဖြစ်တတ်သည်။ မည်သည့်အကြောင်းကြောင့် ဖြစ်ကြောင်း ကိုရှင်းလင်းစွာမသိရပဲ ထိုကဲ့သို့ဖြစ်ကြောင်းကို မိန်းမအများစုကသာ တင်ပြသတင်းပေးလေ့ရှိကြ၍ဖြစ်သည်။ Proctalgia fugax (ပရော်တယ်ဂျီးယား ဖူးဂပ်စ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများProctalgia fugax (ပရော်တယ်ဂျီးယား […]


အခြေခံကျန်းမာရေး

Behcet's Syndrome (Behcet ရောဂါလက္ခဏာစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Behcet’s Syndrome (Behcet ရောဂါလက္ခဏာစု) ကဘာလဲ။ Behcet ရောဂါလက္ခဏာစုဆိုတာ သွေးကြောတွေ ရောင်ရမ်းတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ်ခန္ဓါ အစိတ်အပိုင်း အတော်များများမှာ ပြသနာဖြစ်စေပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် ရောဂါပေါင်းစုံကြောင့် စနစ်ပေါင်းစုံ ထိခိုက်ရောင်ရမ်းတဲ့ ပြသနာလို့ သိထားကြပါတယ်။ နောက်ဆက်တွဲပြသနာတွေ၊ ရောဂါလက္ခဏာတွေဟာ ပထဝီအနေအထားအရ အမျိုးမျိုး ကွဲပါတယ်။ Behcet’s Syndrome (Behcet ရောဂါလက္ခဏာစု) က ဘယ်လောက်အဖြစ်များသလဲ အမေရိကမှာ ရှားပါးပြီး အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ တွေ့ရများပါတယ်။ အသက် ၂၀-၃၀ အရွယ်မှာ အဓိက ဖြစ်တတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေ ပေါ်လာဖို့ လနဲ့နှစ်နဲ့ချီပြီး ကြာတတ်တာကြောင့် ရောဂါရှာဖွေဖို့လည်း ကြာမြင့်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။   လက္ခဏာများBehcet’s Syndrome (Behcet ရောဂါလက္ခဏာစု) ရဲ့လက္ခဏာတွေကဘာတွေလဲ တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ […]


အခြေခံကျန်းမာရေး

ဆေးမတည့်ခြင်း

ဆေးမတည့်ခြင်းဆိုတာ သင့်ကိုယ်ခံအားစနစ်ကနေ ဆေးဝါးများကို လွန်ကဲစွာ တုံ့ပြန်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘယ်ဆေးမဆို ဓါတ်မတည့်ခြင်း ဖြစ်ပွားနိုင်ပါတယ်။ ၁။ ဆေးမတည့်ခြင်းဆိုတာ ဘာလဲ ပထမဆုံး ဆေးသောက်ချိန်မှာ ဘာဖြစ်တယ်ဆိုတာ သင်မသိနိုင်ပါဘူး။ ဒါပေမယ့် သင့်ရဲ့ ကိုယ်ခံအားစနစ်ဟာ ဆေးကိုတုံ့ပြန်ဖို့ ခုခံပစ္စည်းများကို တိတ်တဆိတ် ထုတ်လုပ်နေပါတယ်။ နောက်တကြိမ်ဆေးသောက်လိုက်တဲ့အခါ ခုခံပစ္စည်းဟာ သင့်ရဲ့ သွေးဖြူဥတွေကို ဟ်စ်တမင်းဓါတ်တွေ ထွက်လာစေပါတယ်။ ဒါဟာ ဓါတ်မတည့်လက္ခဏာတွေရဲ့ အကြောင်းရင်းပဲ ဖြစ်ပါတယ်။ ဆေးမတည့်ခြင်းကို ဖြစ်ပေါ်စေတဲ့ အဓိကဆေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အတက်ရောဂါတွင် သုံးသောဆေးများ - အင်ဆူလင် - အိုင်အိုဒင်း - ပင်နီဆလင်ကဲ့သို့ ပဋိဇီဝဆေးများ - ဆာလ်ဖာဆေးများ - အက်စပရင်နှင့် အိုင်ဗျူပရိုဖင်ကဲ့သို့ စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ - အတက်ကျဆေးများ - ခုခံပစ္စည်းဓါတ်ပွားကုသခြင်း - ကင်ဆာဆေးသွင်းကုသခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဆေးတမျိုးရဲ့ ဘေးထွက်ဆိုးကျိုးကို ဓါတ်မတည့် တုံ့ပြန်မှုလို့ […]


ရောဂါလက္ခဏာများ

နာတာရှည်နာကျင်မှု

နာကျင်ခြင်းတွေဟာ ဒဏ်ရာတွေ၊ ထိခိုက်မှုတွေ၊ ရောဂါတွေ အထူးသဖြင့်ကြွက်သားနဲ့အရိုးဆိုင်ရာရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ နာကျင်ခြင်းဟာ ကျွန်ုပ်တို့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေ၊ အလုပ်တွေ၊ မိသားတွေ ချစ်ခင်သူတွေနဲ့ဆက်ဆံရေးကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ နာကျင်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းကိုကုသဖို့ကပထမပါ။ ဒါပေမယ့်တခါတလေမှာတော့ သင့်ဘဝအနှစ်သာရအတွက် နာကျင်မှုကိုအရင်ကုဖို့က ပိုအရေးကြီးကောင်းကြီးနိုင်ပါတယ်။ နာတာရှည်နာကျင်ခြင်း လပေါင်း၊ နှစ်ပေါင်းများစွာကြာတတ်တဲ့ တစ်သျှူးထိခိုက်မှုတွေကြောင့် ရတတ်တဲ့ နာကျင်ခြင်းတွေဖြစ်တယ်။ ဥပမာ- အရိုးအဆစ်ရောင်ခြင်း၊ ခေါင်းတခြမ်းပြင်းထန်စွာကိုက်ခြင်း၊ အရွတ်ရောင်ခြင်း၊ လက်ဖျံတွင်ဖြစ်သော အရွတ်ရောဂါတစ်မျိုး တို့ဖြစ်တယ်။ နာတာရှည်နာကျင်ခြင်းဟာ ရုတ်တရတ်ခေတ္တနာကျင်သောနာကျင်မှုနဲ့ မတူပါဘူး။ ရုတ်တရတ်ခေတ္တနာကျင်ခြင်းက ထိခိုက်မှုကိုအသိပေးတဲ့ ယာယီလှုံ့ဆော်မှုတစ်ခုဖြစ်တယ်။ ၃ လနဲ့အထက်ကြာတဲ့နာကျင်မှုကို နာတာရှည်နာကျင်မှုလို့ခေါ်တယ်။ အာရုံကြောစနစ်မှ ခန္ဓါကိုယ်ရဲ့တစ်နေရာရာကနေ နာကျင်တဲ့အသိလှုံ့ဆော်မှုကို လပေါင်းများစွာ၊ နှစ်ပေါင်းများစွာကြာအောင်ရနေတာဖြစ်တယ်။ တခါတလေမှာ နာကျင်မှုကြောင့် နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိပ်ရေးပျက်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိတ်အခြေအနေပြောင်းလွယ်ခြင်း၊ ပူပင်သောကရောက်ခြင်း၊ နွမ်းနယ်လွယ်ခြင်း၊ နေ့စဉ်ဘဝတွင် အာရုံဝင်စားမှုနည်းခြင်းတို့ဖြစ်လာနိုင်ပါတယ်။ စိတ်နဲ့ကိုယ်ဟာ ဆက်နေတာကြောင့် […]


အခြေခံကျန်းမာရေး

အာဟာရချို့တဲ့ခြင်း၏ လက္ခဏာများ

ကလေးများအဟာရချို့တဲ့ကြောင်းပြောကြသည့်အခါ လူအများထင်ကြသည်မှာ ကြီးထွားဖွံ့ဖြိုးရန်လိုအပ်သည့် ပရိုတင်းနှင့်ကယ်လိုရီများကို လုံလောက်စွာ မစားသောကြောင့်ဖြစ်ရသည် အာဟာရမလုံလောက်ခြင်း ကိုသာ ထင်ကြပါသည်။ အမှန်တကယ်တွင် အာဟာရချို့တဲ့ခြင်းဆိုသည်မှာ အာဟာရမလုံလောက်ခြင်းရော အာဟာရပိုလျှံနေခြင်းကိုပါ ဆိုလိုပါသည်။ ကလေးတစ်ယောက် လိုအပ်သည်ထက် ကယ်လိုရီပိုစားသုံးပါက အာဟာရပိုလျှံခြင်း ဖြစ်နိုင်ပါသည်။ ဒီဆောင်းပါးကတော့ အာရဟာမလုံလောက်ခြင်းသာ အဓိကထားရေးသားပါမည်။ အာဟာရချို့တဲ့ခြင်းကိုဖြစ်စေသည့်အကြောင်းရင်းများ အစားအသောက်ကောင်းကောင်းမစားရခြင်းက အဓိကပင်ဖြစ်သည်။ ကလေးမှ အစားအစာလုံလောက်စွာ မစားသောက်ရလျှင် သို့မဟုတ် စားသည့်အစာမှ လုံလောက်သည့်အာဟာရများ မရလျှင် အာဟာရချို့တဲ့နိုင်ပါသည်။ ထို့အပြင် မျိုချရခက်ခဲသည့်ရောဂါများကြောင့်လည်း အစာအာဟာရ လုံလောက်စွာ စားနိုင်မည်မဟုတ်ပါ။ တစ်ခြားသော အကြောင်းရင်းတစ်ခုမှာ စိတ်ကျန်းမာရေးမကောင်းခြင်းပင်။ စိတ်ကျနေသည့်ကလေးတစ်ယောက်သည် အစာကောင်းကောင်းမစားနိုင်ပါ။ ထိုမှ အာဟာရချို့တဲ့နိုင်ပါသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစားအစာဈေးကြီးခြင်း သို့မဟုတ် ပြတ်လပ်ခြင်းကြောင်း အာဟာရချို့တဲ့မှု ဖြစ်ပွားနိုင်ပါသည်။ အာဟာရချို့တဲ့သည့်လက္ခဏာများ တွေ့ရနိုင်သည့် လက္ခဏာများမှာ - · အဆီများဆုံးရှုံးခြင်း · အသက်ရှုလမ်းကြောင်းပြဿနာ (အသက်ရှုရခက်ခြင်း) · စိတ်ကျခြင်း · ခွဲစိတ်ကုသခြင်း၏ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်