Behcet ရောဂါလက္ခဏာစုဆိုတာ သွေးကြောတွေ ရောင်ရမ်းတဲ့ အခြေအနေဖြစ်ပါတယ်။ ကိုယ်ခန္ဓါ အစိတ်အပိုင်း အတော်များများမှာ ပြသနာဖြစ်စေပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို မသိရပေမယ့် ရောဂါပေါင်းစုံကြောင့် စနစ်ပေါင်းစုံ ထိခိုက်ရောင်ရမ်းတဲ့ ပြသနာလို့ သိထားကြပါတယ်။ နောက်ဆက်တွဲပြသနာတွေ၊ ရောဂါလက္ခဏာတွေဟာ ပထဝီအနေအထားအရ အမျိုးမျိုး ကွဲပါတယ်။
အမေရိကမှာ ရှားပါးပြီး အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ တွေ့ရများပါတယ်။ အသက် ၂၀-၃၀ အရွယ်မှာ အဓိက ဖြစ်တတ်ပါတယ်။ ဒီရောဂါလက္ခဏာတွေ ပေါ်လာဖို့ လနဲ့နှစ်နဲ့ချီပြီး ကြာတတ်တာကြောင့် ရောဂါရှာဖွေဖို့လည်း ကြာမြင့်တတ်ပါတယ်။
ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
တယောက်နဲ့တယောက် မတူနိုင်ပါဘူး။ သူ့ဖာသာပျောက်ကွယ်သွားပြီး ပြန်လည်းဖြစ်တတ်ပါတယ်။ အချိန်ကြာလာရင် ပြင်းထန်မှု လျော့လာတတ်ပါတယ်။ ဘယ်နေရာမှာ ဖြစ်တယ်ဆိုတာပေါ် မူတည်ပြီး လက္ခဏာတွေ ကွဲပြားပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။
စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေပိုဆိုး မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။
အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
တိကျစွာ မသိရသေးပါဘူး။ ဒါပေမယ့် မိမိကိုယ်ခံအားက ပြန်လည်တိုက်ခိုက်တဲ့ရောဂါလို့ ယူဆကြပါတယ်။ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေဟာ အဓိကကျပါတယ်။
ဒီရောဂါနဲ့ဆက်နွယ်နေတဲ့ မျိုးရိုးဗီဇတွေကို တွေ့ရှိရပါတယ်။ ရောဂါဖြစ်နိုင်ခြေရှိတဲ့ ဗီဇရှိသူတွေဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတဲ့ရောဂါပိုးတွေနဲ့ ထိတွေ့ရင် ရောဂါဖြစ်စေဖို့ လမ်းပွင့်သွားတယ်လို့ သုတေသီတွေက ယူဆကြပါတယ်။
အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
တိကျစွာ အတည်ပြုနိုင်မယ့် စစ်ဆေးမှုတွေ မရှိပါဘူး။ ရောဂါလက္ခဏာပေါ် မူတည်ပြီး ခန့်မှန်းပါတယ်။ တခြားအခြေအနေတွေကို ဖယ်ထုတ်နိုင်ဖို့ သွေးစစ်ခြင်းနဲ့ တခြားဓါတ်ခွဲစစ်ဆေးခြင်းတွေ ပြုလုပ်နိုင်ပါတယ်။
အောက်ပါအခြေအနေတွေကုလည်း ရောဂါအတည်ပြုဖို့ စစ်ဆေးနိုင်ပါတယ်။
အောက်ပါနည်းလမ်းတွေ ပါဝင်ပါတယ်။
Behcet ရောဂါဆိုးရွားတဲ့အခြေအနေမှာ
ပိုမိုဂရုစိုက်ဖို့လိုပါတယ်။ ရောဂါအခြေအနေ အတော်အတန်ကနေ ဆိုးရွားတဲ့အဆင့်အထိ ဆရာဝန်များဟာ အောက်ပါနည်းလမ်းတွေ အသုံးပြုတတ်ကြပါတယ်။
ကြိုတင်ကာကွယ်ဖို့ နည်းလမ်းမရှိပါဘူး။
သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။