ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ ကို သိရှိထားဖြင်းဖြင့် ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာ ဘာရောဂါဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်း ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရောဂါလက္ခဏာများ

ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများ

ခန္ဓာကိုယ်ထဲက ဆဲလ်တွေ ပုံမှန်အလုပ်လုပ်ဖို့ဆိုရင် ရေနဲ့ ဓာတ်ဆားဓာတ်တွေ မျှတနေဖို့ လိုပါတယ်။ ဓာတ်ဆားဓာတ်တွေက micronutrients တွေဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ဖို့အတွက် အရေးပါလှပါတယ်။ အထူးသဖြင့် ဆိုဒီယမ်၊ ပိုတက်ဆီယမ် စတာတွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို ထိန်းချုပ်ထားတဲ့ ဓာတ်ဆားဓာတ်တွေပါ။ ဒီဓာတ်ဆားဓာတ်တွေက လိုလို့လည်း မရသလို များသွားလို့လည်း မရပါဘူး။ ပုံမှန်အတိုင်းပဲ ရှိနေရပါမယ်။ ရေဓာတ်ကလည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ ခန္ဓာကိုယ်မှာ ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာများကို ပြောပြပေးပါမယ်။  ရေနဲ့ ဓာတ်ဆားတွေက ခန္ဓာကိုယ်အတွက် ဘာလုပ်ပေးသလဲ  ဆိုဒီယမ်၊ ပိုတက်ဆီယမ်လိုမျိုး ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်မှာ နေ့တိုင်း အချိန်တိုင်း ဖြစ်ပေါ်နေတဲ့ ဇီဝဖြစ်စဉ်တွေအတွက် အရေးကြီးပါတယ်။ ဓာတ်ဆားဓာတ်တွေက သွေးအပါအဝင် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအရည်တွေမှာ ပျော်ဝင်နေပြီး […]

ရောဂါလက္ခဏာများ ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

Ascites (ရေဖျဉ်းဆွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ascites (ရေဖျဉ်းဆွဲခြင်း) ကဘာလဲ။ ရေဖျဉ်းဆွဲခြင်း သည် ဝမ်းဗိုက်ထဲတွင် အဝါရောင်ဖျော့ဖျော့အရည်များနှင့် အရည်ကြည်များစုပုံလာခြင်းဖြစ်သည်။ ရင်ဘတ်ခေါင်းပေါက်အောက်တွင် ဝမ်းဗိုက်ခေါင်းရှိပြီး ရင်ဝမ်းခြားကြွက်သားကခြားထားပေး သည်။ ထိုအရည်များသည် အသည်းရောဂါ၊ကင်ဆာများ၊နှလုံး(သို့)ကျောက်ကပ်ရောဂါများ ကြောင့်ဖြစ်သည်။ Ascites (ရေဖျဉ်းဆွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAscites (ရေဖျဉ်းဆွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ရေဖျဉ်းဆွဲခြင်း ၏လက္ခဏာများသည် အရည်များစုပုံစေရသည့် အကြောင်းအရင်းပေါ်မူတည်ကာ နှေးကွေးစွာ (သို့)ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည်။ ထို လက္ခဏာများသည် အမြဲတမ်း အရေးပေါ်ကုသရန်မလိုအပ်သော်လည်း အောက်ပါ ကဲ့သို့ခံစားလာရပါက သင့်ဆရာဝန်အား သင် သည် ပြသသင့်ပါသည်။ ရုတ်တရက်ကိုယ်အလေးချိန်များလာခြင်း ဝမ်းဗိုက်ဖောင်းကားလာခြင်း လှဲနေသောအခါ အသက်ရှူရခက်ခြင်း အစားစားချင်စိတ်လျော့နည်းလာခြင်း ဗိုက်အောင့်ခြင်း လေထိုးလေအောင့်ဖြစ်ခြင်း ပျို့ခြင်း၊အန်ခြင်း ရင်ပူခြင်း ရေဖျဉ်းဆွဲသည့် လက္ခဏာများသည် အခြားရောဂါများကြောင့်ဖြစ်ပွားနိုင်သည်ကို လည်း သိရှိမှတ်သားထားပါ။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ […]


အခြေခံကျန်းမာရေး

Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ကဘာလဲ။ နှာခေါင်းပိတ်ခြင်း နဲ့ ပါးရိုးပေါ်မှာ ဖိအားများသလို ခံစားရခြင်းတွေဟာ ထိပ်ကပ်နာ ဖြစ်နေတယ်လို့ပြောနိုင်ပါတယ်။ ထိပ်ကပ်နာဆိုတာဟာ သင့်နှာခေါင်းဘေးမှာရှိတဲ့ ရိုးတွင်းလေအိတ်ငယ်တွေကို ကာရံထားတဲ့ အမြှေးပါးကရောင်ခြင်း ပိုးဝင်ခြင်းကနေဖြစ်ပွားတာပါ။၎င်းကနှာခေါင်းထဲက အကျိအချွဲတွေကို အပြင်ထွက်တာကနေ တားဆီးနေတာပါ။ Acute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ရုတ်တရက်ဖြစ်တတ်တဲ့ ထိပ်ကပ်နာဟာ အဖြစ်များပါတယ်။ အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန် နဲ့တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများAcute Sinusitis (ထိပ်ကပ်နာဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာတွေကတော့ -အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိတဲ့ ထူပျစ်ပျစ်အရည် တွေဟာနှာခေါင်းကနေစီးကျခြင်း သို့မဟုတ် လည်ပင်း အနောက်ထဲကနေစီးကျလာခြင်း။ -နှာခေါင်းပိတ်ခြင်း ကနေ သင့်နှာခေါင်းနဲ့အသက်ရှုဖို့ခက်ခဲ ခြင်း။ -နာကျင်ခြင်း၊ ထိရင်နာခြင်း၊ရောင်ခြင်း၊မျက်လုံး၊ ပါးရိုး ၊နှာခေါင်းနဲ့ နဖူးတို့မှာ ဖိအားများလာခြင်း၊ ရှေ့ကိုကုန်းလိုက် တဲ့အခါပိုဆိုးခြင်း။ -နားထဲမှာဖိအားများခြင်း -ခေါင်းကိုက်ခြင်း -အပေါ်မေးရုးနဲ့ အောက်သွားကိုက်ခြင်း၊ -အနံ့ခံအာရုံနဲ့ အရသာခံအာရုံ လျော့ခြင်း -ချောင်းဆိုးခြင်း၊ ညဘက်မှာ ပိုဆိုးတတ်ခြင်း -ခံတွင်းနံ့ နံခြင်း -နုံးချိခြင်း -ဖျားနာခြင်း (အပေါ်မှာ မပါခဲ့တဲ့ မပြောခဲ့တဲ့ လက္ခဏာတွေရှိပါသေးတယ်။ တကယ်လို့သင်က သိချင်သေးတဲ့ […]


ရောဂါလက္ခဏာများ

Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ကဘာလဲ။ အဆီကျိတ်ဆိုတာ တဖြည်းဖြည်းချင်းကြီးလာတဲ့ အဆီခဲတခုဖြစ်ပြီး သင့်အရေပြားနှင့် သင့်ကြွက်သားတို့အောက်တွင်အများဆုံးရှိတတ်သည်။ ဂျုံနယ်သလိုများခံစားရတတ်ပြီး မနာပါ။ လက်ချောင်းဖြင့်အနည်းငယ်ဖိလိုက်ပါက လှုပ်သည်။ အဆီကျိတ်သည် ကင်ဆာမဟုတ်ပါ။ ပုံမှန်အားဖြင့်လည်း အန္ဓါရယ်မရျိပါ။ ကုသမှုမလိုအပ်တတ်သော်လည်း သင့်အားအနှောက်အယှက်ဖြစ်စေပါက နာလာပါက ပိုကြီးလာပါက သင့်ထုတ်လိုပါက ထုတ်နိုင်သည်။ Benign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) က ဘယ်လောက်အဖြစ်များသလဲ အသက်အလယ်အလတ်တွင်ဖြစ်တတ်သည်။ တချို့သူများတွင်အဆီကျိတ်တခုထက်ပိုရှိတတ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBenign Lipoma (ကင်ဆာမဟုတ်သောအဆီကျိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ အရေပြားတွင် ဖြစ်သောအကျိတ်ပုံစံအများအပြားရှိသောလည်း အဆီကျိတ်တွင် ထူးခြားသောသွင်ပြင်ရှိသည်။ အဆီကျိတ်ဟုသံသယရှိပါက တဖြည်းဖြည်းချင်း ကိုင်ပါကနူးညံသည်။ လက်ချောင်းဖြင့်ဖိပါက လွယ်လွယ်ကူကူရွေ့သည်။ အရေပြားအောက်တွင်သာရှိသည်။ ဖြူဖျော့သည်။ အရောင်မရှိပါ။ တဖြည်းဖြည်းချင်းကြီးလာမည်။ အဆီကျိတ်သည်များသောအားဖြင့် လည်ပင်း အနောက် ပုခုံးတို့တွင်ရှိတတ်သည် သို့သော် အစာအိမ်ပေါင်နှင့် လက်မောင်းတို့တွင်တော့မဖြစ်ပါ။ အဆီကျိတ်သည် အရေပြားအောက်ရှိ အာရုံကြော်ပေါ်တွင် ကြီးလာမှသာ နာတတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ […]


အခြေခံကျန်းမာရေး

Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) ကဘာလဲ။ Trichotillomania လို့အမည်တွင်တဲ့ အမွှေးနုတ်တဲ့ရောဂါဆိုတာ ဦးရေပြား၊ မျက်ခုံးနဲ့ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ ပေါက်နေတဲ့ အမွှေးအမှင်တွေကို ထပ်တလဲလဲ ဆွဲနုတ်ချင်နေတဲ့ စိတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ကာယကံရှင်အနေနဲ့ ဒီလိုဆွဲမနုတ်မိအောင် ဘယ်လောက်ပဲကြိုးစားသည်ဖြစ်စေ စိတ်မထိန်းနိုင်ဘဲ ဆွဲနုတ်မိနေတဲ့ ရောဂါဖြစ်ပါတယ်။ ဦးရေပြားက ဆံပင်တွေကို ဆွဲနုတ်ဖန်များတဲ့အခါ ခေါင်းပေါ်မှာ ဟိုနေရာတကွက် ဒီနေရာတကွက် ထိပ်ပြောင်လာပြီး လူမှုဆက်ဆံရေးနဲ့ လုပ်ငန်းခွင်မှာ သိသိသာသာ အနှောင့်အယှက်ဖြစ်ရသလို ဒီလို အမွှေးကွက်တိကွက်ကြား ဖြစ်တာကို ဖုံးကွယ်နိုင်ဖို့ အသည်းအသန် ကြိုးစားအားထုတ်ကြရတာလည်း ဖြစ်ပါတယ်။ Trichotillomania (hair-pulling disorder) (အမွှေးနုတ်တဲ့ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ လူဦးရေရဲ့ တစ်ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းလောက်မှာ ဒီရောဂါရှိပြီး များသောအားဖြင့် ဆံပင်၊ မျက်ခုံးမွှေးနဲ့ မျက်တောင်မွှေးတွေကို ဆွဲနုတ်ကြတာပဲ ဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဒီရောဂါဖြစ်တဲ့လူဦးရေ […]


အခြေခံကျန်းမာရေး

Hyperventilation (အသက်ရှုမြန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperventilation (အသက်ရှုမြန်ခြင်း) ကဘာလဲ။ အသက်ရှုမြန်တယ်ဆိုတာ အသက်ရှုသွင်းရှုထုတ် အလွန်မြန်တဲ့ ရောဂါ ဖြစ်ပါတယ်။ ကျန်းမာတဲ့ အသက်ရှုခြင်းက အောက်စီဂျင်ကို ရှုသွင်းခြင်းနဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်ရှုထုတ်ခြင်းကို အချိုးညီညီလုပ်ဆောင်တာ ဖြစ်ပါတယ်။ ရှုသွင်းတာထက် ရှုထုတ်တာက ပိုမြန်တဲ့ အခါ အရမ်းစိတ်ညစ်စရာ ကောင်းပါတယ်။ ဒီအဖြစ်က ခန္ဓါကိုယ်အတွင် ကာဘွန်ဒိုင်အောက်ဆိုဒ်တွေ အလျင်အမြန် လျော့သွားတဲ့ အခါမျိုးမှာ ဖြစ်တတ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ နိမ့်ခြင်းက သွေးတွေကို ဦးနှောက်ဆီ ပို့ဆောင်ပေးတဲ့ သွေးကြောတွေကို ကျဉ်းမြောင်းသွားစေပါတယ်။ ဦးနှောက်က လိုအပ်တဲ့ သွေးအထောက်အပံ့ကို မရနိုင်တဲ့အခါမှာ ခေါင်းထဲ ရိုးတိုးရိပ်တိတ် ဖြစ်ပြီး လက်ချောင်းတွေကလည်း ဆတ်ခနဲ ဆတ်ခနဲ ဖြစ်လာပါတော့တယ်။ အလွန်အမင်း အသက်ရှုမြန်ဆန်ခြင်းက သတိမေ့မျောတဲ့ အထိ ဖြစ်သွားစေနိုင်ပါတယ်။ အသက်ရှုမြန်ခြင်းကို အောက်ပါနာမည်တွေနဲ့လည်း သိကြပါတယ်။ အသက်ပြင်းပြင်း မြန်မြန်ရှုခြင်း အသက်ပုံမှန်ထက် ပိုများများရှုခြင်း မြန်ဆန် ပြင်းထန်သော အသက်ရှုနှုန်း Hyperventilation […]


ရောဂါလက္ခဏာများ

Pilonidal Cyst (အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pilonidal Cyst ( အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ကဘာလဲ။ အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်။ သည် အရေပြားပေါ်တွင်ပေါ်လာသောပုံမှန်မဟုတ်သည့်အိတ်ဖြစ်ပြီး များသောအားဖြင့် ဆံပင်နှင့်အရေပြားအပိုင်းအစများပါတတ်သည်။ ထိုအိတ်သည် အမြဲတမ်းနီးပါး မြီးညှောင့်ရိုး တင်ပင်းထိပ်တွင်ရျိလေ့ရှိသည်။ အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်သည်အမျှင်မှအရေပြားကိုဖောက်ပြီး နှစ်မြှုပ်သွားသည့်အခါတွင်ဖြစ်သည်။ ထိုအိတ်မှ ရောဂါပိုးဝင်သွားပါကပြည်တည်ပြီး အလွန်နာတတ်သည်။ ထိုအိတ်ကို ခွဲကြောင်းအသေး သို့မဟုတ် ခွဲစိတ်ခြင်းဖြင့်ဖယ်ထုတ်နိုင်သည်။ အထိုင်များသောသူ ဥပမာ ကုန်ကားမောင်းသူ မျိုးတွင်ပိုဖြစ်နိုင်သည်။ Pilonidal Cyst ( အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာများသောအားဖြင့် လူငယ်ယောက်ျားလေးများတွင်အဖြစ်များပြီး ပြန်ဖြစ်တတ်သည်။ အချိန်ကြာကြီးထိုင်နေရသူ ဥပမာ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPilonidal Cyst ( အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ ထိုအိတ်တွင်ရောဂါပိုးဝင်သွားပါက ပြည်တည်ကျိတ်ဖြစ်သွားလိမ့်မည်။ ရောဂါပိုးဝင်ပြီး အရေပြားပေါ်တွင်ဖြစ်လာသောအရည်အိတ်၏လက္ခဏာများမှာ နာခြင်း ရဲခြင်း ပြည် သို့မဟုတ် သွေးများ အရေပြားပွင့်နေသောနေရာမှထွက်လာခြင်း ပြည်မှအနံဆိုးံများနံခြင်း   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ စောစီးစွာသိပြီးကုသပါက ရောဂါပိုဆိုးလာခြင်းနှင့် အခြားအရေးပေါ်ပြသာနာများမှကာကွယ်နိုင်သည်။ ထို့ကြောင့် ထိုပြင်းထန်သောအချိန်မရောက်မီ စောစီးစွာဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် […]


အခြေခံကျန်းမာရေး

Restless Legs Syndrome (Restless Leg Syndrome)

အဓိပ္ပါယ်ဖွင့်ဆိုချက်Restless Legs Syndrome (Restless Leg Syndrome) ကဘာလဲ။ Restless leg syndrome ကို Ekbom disease လို့လည်းခေါ်ပါတယ်။ ခြေထောက်လှုပ်ရှားချင်စိတ်ကို မထိန်းနိုင်သော အာရုံကြောရောဂါတစ်မျိုးပါ။ ခြေဖဝါး၊ ခြေသလုံးနဲ့ ပေါင်တို့မှာလဲ ယွစိယွစိဖြစ်နေတဲ့ ခံစားချက်ရှိနေနိုင်ပါတယ်။ ညနေဘက်တွေ၊ ညဘက်တွေမှာ ထိုခံစားချက်ပိုပြင်းထန်လာနိုင်ပြီး ခြေထောက်တင်မကပဲ လက်မှာလဲဖြစ်နိုင်ပါတယ်။   Restless leg syndrome ဟာ PLMS လို့ခေါ်သော အိပ်နေစဉ် ခြေတို့လက်တို့ ဆတ်ကနဲလှုပ်သွားခြင်းမျိုးနဲ့ ဆက်နွယ်မှုရှိနေနိုင်ပါတယ်။ တချို့လူတွေက ရံဖန်ရံခါသာ ဖြစ်တတ်သော်လည်း တချို့ကတော့ နေ့တိုင်း လိုလိုဖြစ်နေတတ်ပါတယ်။ ရောဂါလက္ခဏာတွေက အနည်းငယ်ရှိသလို ပြင်းထန်တာတွေလည်းရှိပါတယ်။ ဆိုးရွားလာရင် အရမ်းစိတ်ပျက်စရာကောင်းပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာပါ နှောက်ယှက်လာနိုင်ပါတယ်။ Restless Legs Syndrome (Restless Leg Syndrome) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး၊ ကျားမ […]


အခြေခံကျန်းမာရေး

Hyperhidrosis (ချွေးထွက်လွန်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hyperhidrosis (ချွေးထွက်လွန်ခြင်း) ကဘာလဲ။ ချွေးထွက်လွန်ခြင်းသည် အပူချိန်များခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်သောအချိန်မျိုးတွင်ပုံမှန်ထက်ပို၍ချွေးထွက်ခြင်းဖြစ်သည်။ ချွေးထွက်များခြင်းကြောင့် သင့်အဝတ်စိုရွဲသွားခြင်း သို့မဟုတ် ချွေးများလက်ကစီးကျလာခြင်းထိဖြစ်တတ်သည်။ ထိုပြင် သင့်ပုံမှန်လုပ်ဆောင်ချက်များကိုအနှောက်အယှက်ပေးမည့်အပြင် ချွေးထွက်လွန်ခြင်းကြောင့် ဒေါသထွက်လွယ်ခြင်း အရှက်ရခြင်းတို့ပါဖြစ်တတ်သည်။ ချွေးထွက်ခြင်းသည်အရှက်ရစေသည် အကျီများကိုစိုစေသည် ။ အချစ်ဇာတ်လမ်းများပျက်စီးစေသည် စီးပွားရေး ပတ်ဝန်းကျင်တွင်ရှုပ်ထွေးမှုများဖြစ်လာနိုင်သည်။ ပိုဆိုးပါက ဘောပင်ကိုင်ရန် ကားလက်တန်းကိုင်ရန် သို့မဟုတ် လက်ဆွဲနှုတ်ဆက်ရန်ခက်ခဲသည်အထိဖြစ်တတ်သည်။ Hyperhidrosis (ချွေးထွက်လွန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများHyperhidrosis (ချွေးထွက်လွန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ချွေးထွက်လွန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ များသောများဖြင့် လူများသည် လေ့ကျင့်ခန်းလုပ်ခြင်းငို့မဟုတ် ပင်ပင်ပန်းပန်းလုပ်လိုက်ခြင်း ပူသောရာသီဥတုတွင်နေခြင်း ရင်တုန်ခြင်း စိတ်ဖိစီးမှုများသောအခါမျိုးတွင်မှ ချွေးထွက်တတ်ကြသည်။ ချွေးထွက်လွန်ခြင်းရှိသူတွင်ပုံမှန်ထက်အများကြီးပိုထွက်နေနိုင်သည်။ ချွေးထွက်ခြင်းသည် များသောအားဖြင့်လက် ခြေ လက်မောင်း သို့မဟုတ် မျက်နှာတွင်ဖြစ်တတ်ပြီး အနည်းဆုံး တစ်ပါတ်တခါ လမ်းလျောက်သောအချိန်များတွင်ပိုဖြစ်တတ်သည်။ ချွေးထွက်ခြင်းသည် ခန္ဓါကိုယ်နှစ်ခြမ်းလုံးတွင်ဖြစ်တတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]


ရောဂါလက္ခဏာများ

Galactorrhea ( နို့ရည်စိမ့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Galactorrhea ( နို့ရည်စိမ့်ခြင်း) ကဘာလဲ။ နို့ရည်စိမ့်ခြင်းသည် သားမြတ်ခေါင်းမှ နို့ရည်များစိမ့်ထွက်သော အခြေအနေဖြစ်ပြီး နို့တိုက်မိခင်များရှိ နို့ရည်ထွက်ခြင်းနှင့်မတူပါ။ နို့ရည်စိမ့်ခြင်းမှာ သူကိုယ်တိုင်သဘောအရ ရောဂါတစ်ခု မဟုတ်သော်လည်း အောက်ခံရောဂါတစ်ခု၏ လက္ခဏာဖြစ်နိုင်ပါသည်။ ကလေးတစ်ခါမှမမွေးဖူးသော သို့မဟုတ် သွေးဆုံးပြီးသော အမျိုးသမီးများတွင် ဖြစ်ပွားလေ့ရှိသည်။ သို့သော် နို့ရည်စိမ့်ခြင်းမှာ အမျိုးသားများရော တစ်နှစ်သားကလေးများတွင်ပါ ဖြစ်ပွားတတ်ပါသည်။ ရင်သားအား လွန်ကျူးစွာလှုံ့စော်မှုလုပ်ခြင်း၊ ဆေးဝါဘေးထွက်ဆိုးကျိုးများ၊ ပစ်ကျူထရီဂလင်း ပုံမှန်မဟုတ်ခြင်းများ စသည်တို့မှာ နို့ရည်စိမ့်ခြင်းဖြစ်နိုင်သော အကြောင်းရင်းများဖြစ်ပါသည်။ နို့ရည်စိမ့်ခြင်းမှာ နို့ထွက်စေသော ဟော်မုန်းဖြစ်သည့် ပရိုလက်တင်လယ်ဗယ် မြင့်လာခြင်းကြောင့် ဖြစ်ရကြောင်းဆိုပါသည်။ တစ်ခါတစ်ရံတွင်တော့ နို့ရည်စိမ့်ရခြင်းအကြောင်းရင်းကို ဆုံးဖြတ်လို့မရသည်လည်း ရှိပါသည်။ ထိုအခြေအနေမှာ အလိုလိုပျောက်ကင်းနိုင်၏။ Galactorrhea ( နို့ရည်စိမ့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များ၏။ မျိုးပွားနိုင်သည့်အရွယ် အမျိုးသမီးများတွင် အဖြစ်အများဆုံးဖြစ်ပြီး ကလေးမမွေးဖူးသော […]


အခြေခံကျန်းမာရေး

Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) ကဘာလဲ။ Ganglion cysts ဆိုတာ သင့်လက်ကောက်ဝတ်/လက်ရဲ့ အရွတ်ကြော သို့မဟုတ် အဆစ်ပေါ်မှာ အဖြစ်အများဆုံးဖြစ်တဲ့ ကင်ဆာမဟုတ်သော အဖုအကျိတ်တစ်မျိုးပါ။ ခြေကျင်းဝတ်/ခြေထောက်မှာလည်း ဖြစ်နိုင်ပါတယ်။ Ganglion cysts ဟာ ပုံမှန်အားဖြင့် အဝိုင်း၊ဘဲဥပုံရှိပြီး ဂျယ်လီလိုအရည်တွေနဲ့ ပြည့်နေပါတယ်။ သေးတဲ့ Ganglion cysts တွေဟာ ပဲစေ့အရွယ်လောက်ရှိပြီး ကြီးလျှင်တော့ အချင်းတစ်လက်မလောက်အထိ ရှိနိုင်ပါတယ်။ Ganglion cystsဟာ အနီးအနားက အာရုံကြောကိုဖိမိလျှင် နာကျင်မှုကို ခံစားရနိုင်ပါတယ်။ သူတို့ရဲ့တည်နေရာက တခါတရံ အဆစ်လှုပ်ရှားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ Ganglion cysts (ကင်ဆာမဟုတ်သော အဖုအကျိတ်) က ဘယ်လောက်အဖြစ်များသလဲ Ganglion cysts ဟာ လက်မှာ အဖြစ်အများဆုံး အဖုအကျိတ်ဖြစ်ပါတယ်။ အသက်၁၅နှစ်မှ ၄၀အတွင်း လူငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး အမျိုးသားတွေထက် […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း