ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

Cd4 Count (CD4 အရေအတွက်စစ်ခြင်း)

CD4 cells အရေအတွက်စစ်ခြင်းဆိုတာဘာလဲ။ CD4 cells ဆိုတာ HIV ရောဂါသည်တွေမှာ ကိုယ်ခံအားအခြေအနေကိုသိရန် စစ်ဆေးလေ့ရှိသော သွေးစစ်ဆေးမှုတစ်မျိုးဖြစ်တယ်။ CD4 cells များမှာ သွေးဖြူဥဆဲလ်တစ်မျိုးဖြစ်ပြီး သွေးဖြူဥများမှာ ရောဂါပိုးဝင်ခြင်းကို တိုက်ခိုက်ရာမှာလိုပါတယ်။ CD4 cells များကို T-lymphocytes, T-cells ဒါမှမဟုတ် T-helper cells လို့လည်းခေါ်ကြပါတယ်။ HIV ဗိုင်းရပ်စ်ဟာ CD4 cells တွေကိုတိုက်ခိုက်ပါတယ်။ CD4 အရေအတွက်ကိုကြည့်ပြီး တခြားသောရောဂါဝင်နိုင်ချေကို ခန့်မှန်းလို့ရနိုင်တယ်။ CD4 အလုံးရေအရေအတွက်ဟာ အချိန်နဲ့အမျှပြောင်းလဲနိုင်တာကြောင့် အရေအတွက်ထက် CD4 ပမာဏပုံစံကပိုအရေးကြီးပါတယ်။ CD4 ပမာဏပုံစံကို ကြည့်ခြင်းဖြင့် ကိုယ်ခံအားစနစ်အပေါ် HIV ဗိုင်းရပ်ရဲ့တိုက်ခိုက်မှုကို သိနိုင်တယ်။ ကုသမှုမခံယူသော HIV ဝေဒနာသည်များမှာ ရောဂါတိုးလာသည်နှင့်အမျှ CD4 ပမာဏတဖြေးဖြေးကျသွားမှာဖြစ်တယ်။ CD4 ပမာဏနည်းခြင်းဟာ ကိုယ်ခံအားစနစ်အားနည်းနေပြီး […]


ဆေးစစ်ချက်များ

Cerebral Angiogram (ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Cerebral Angiogram (ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း ) ကဘာလဲ။ Cerebral angiogram ဆိုတာ ခေါင်းနှင့်လည်ပင်းရှိသွေးကြောများအခြေအနေကို အရောင်ပါဆေးတစ်မျိုး၊ X-ray camera (fluoroscopy) တို့ကိုသုံးကာ ပုံရိပ်ဖမ်းယူကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။ Cerebral angiogram ကို ဦးနှောက်ကိုသွေးသယ်ယူပေးနေသော သွေးလွှတ်ကြောလေးချောင်း၊ သို့မဟုတ် သွေးပြန်ကြောကို ကြည့်ရန်သုံးနိုင်တယ်။ ဘာကြောင့် ဦးနှောက်သွေးကြောပုံရိပ်ဖမ်းခြင်း (cerebral angiogram) ကိုလုပ်လေ့ရှိသလဲ သွေးလွှတ်ကြောပိတ်နေနိုင်ချေရှိသူတိုင်း စစ်ဆေးစရာမလိုပါဘူး။ အန္တရာယ်များ၊ ဘေးထွက်ဆိုးကျိုးများရှိတာကြောင့် တခြားသောစစ်ဆေးမှုများနှင့် မလုံလောက်သောအခါမှ စစ်ဆေးလေ့ရှိပါတယ်။ ကြည့်ခြင်းဖြင့်- • ဦးနှောက်သွေးကြောဖောင်းခြင်း • သွေးကြောကျဉ်းခြင်း • သွေးလွှတ်ကြောနှင့် သွေးပြန်ကြောကြား သွေးကြောများရှုပ်ထွေးခြင်း • သွေးကြောရောင်ခြင်း • အကျိတ် • သွေးခဲ • သွေးလွှတ်ကြောနံရံပြဲနေခြင်း များကို ရှာဖွေနိုင်ပါတယ်။ • ခေါင်းကိုက်ခြင်း • သတိမေ့ခြင်း • စကားဝါးခြင်း • မူးခြင်း • အမြင်ေဝဝါးခြင်း • အားနည်ခြင်း၊ ထုံထိုင်းခြင်း စသည့်လက္ခဏာများနှင့်ပတ်သက်ပြီး ရောဂါစစ်ဆေးရှာဖွေရန်အတွက်လည်း သုံးနိုင်တယ်။ စစ်ဆေးမှုမပြုလုပ်ခင်ဘာတွေသိထားသင့်လဲ ဒီစစ်ဆေးမှုအစား MRA (သံလိုက်ဓါတ်မှန်ဖြင့် သွေးကြောပုံရိပ်ဖမ်းခြင်း)၊ CTA […]


ဆေးစစ်ချက်များ

Cervical Spine Ct Scan (လည်ပင်းရိုးဆစ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Cervical Spine Ct Scan (လည်ပင်းရိုးဆစ်ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း) ကဘာလဲ။ ကျောရိုးမကြီးတစ်ခုလုံးရဲ့ လည်ပင်းမှအပိုင်းကို လည်ပင်းရိုးဆစ်ဟုခေါ်ပြီး Cervical spine CT scan ဆိုသည်မှာ ထိုလည်ပင်းရိုးဆစ်ကို အထူးပြု X-ray ၊ ကွန်ပြူတာတို့နှင့် ပေါင်းစပ်ကာ ပုံရိပ်ဖော်ကြည့်ရှုစစ်ဆေးခြင်းဖြစ်တယ်။ လတ်တလော အက်စီးဒင့်တစ်ခုခု၊ ထိခိုက်မှုတစ်ခုခု သို့မဟုတ် ဇတ်နာခြင်းများခံစားနေရပါက Cervical spine CT scan ရိုက်ရတတ်ပါတယ်။ ထိုစစ်ဆေးမှုက ကျောရိုးဆစ်ရဲ့ လည်ပင်းပိုင်းတွင် ထိခိုက်မှုများရှိပါက တိကျစွာဖော်ပြနိုင်ပါတယ်။ Neck CT scan (လည်ပင်းစီတီစကင်ရိုက်ခြင်း) ဟုလည်းခေါ်တတ်ပါတယ်။ Cervical CT scan ကိုဘာအတွက်ရိုက်လေ့ရှိသလဲ Cervical CT scan ဟာ ခန္တာကိုယ်ရဲ့ တိကျသောပုံရိပ်များကို လျင်မြန်စွာ ပုံဖော်နိုင်ပါတယ်။ ဟာဆိုရင်- • ကလေးများတွင် မွေးရာပါလည်ပင်ရိုး ထိခိုက်ယိုယွင်းမှုကို စစ်ဆေးရှာဖွေရန် • ကျောရိုးမ […]


ဆေးစစ်ချက်များ

Dental X-Rays (သွားဓါတ်မှန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dental X-Rays (သွားဓါတ်မှန်) ကဘာလဲ။ သွားဓါတ်မှန် တွေဟာ သွား၊အရိုးနဲ့ ပတ်လည်မှာ ရှိတဲ့ တစ်ရှူး တွေကို X ray သုံးပြီး ပုံဖော်ယူခြင်း ဖြစ်ပြီး သွား၊ ပါးစပ်၊ မေးရိုးအစရှိတာတွေမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ X-ray ပုံတွေဟာ သွားပိုးစားခြင်းတွေ၊ ဖုံးကွယ်နေတဲ့ အရာတွေ (ဥပမာ အံသွား) ဒီအတိုင်းမမြင်နိုင်တဲ့ အရိုးဆုံးရှုံးမှုတွေကို ဖေါ်ပြပေးနိုင်ပါတယ်။ သွားဓါတ်မှန် တွေကို သွားရောဂါကုသမှုတွေအတွက် စစ်ဆေးမှုတစ်ခု အဖြစ် အသုံးပြုကြပါတယ်။ သွားဓါတ်မှန် တွေဟာ ဓါတ်ရောင်ခြည် ပမာဏ အနည်းငယ်ကိုသာ အသုံးပြုကြပါတယ်။ အောက်ဖေါ်ပြပါ သွားဓါတ်မှန် တွေကို အများဆုံး အသုံးပြုကြပါတယ်။ • Bitewing X-rays တွေဟာ အပေါ်နဲ့ အောက်အံသွားတွေကို ဖေါ်ပြပြီး သွားတွေ တစ်ခုနဲ့ […]


ဆေးစစ်ချက်များ

Dexamethasone Suppression Test

အဓိပ္ပါယ်ဖွင့်ဆိုချက်Dexamethasone suppression test ဆိုတာဘာလဲ။ Dexamethasone suppression test ဟာ ဦးနှောက်ရှိ ပစ်ကျူထရီဂလင်း (Pituitary gland) ကနေ ထုတ်လိုက်တဲ့ Adrenocorticotrophic (ACTH) ဟော်မုန်းကို ဖိနှိပ်လို့ရမရ စစ်ဆေးခြင်းဖြစ်ပါတယ်။ ဒီစစ်ဆေးမှုဟာ အက်ဒရီနယ်ဂလင်း ကနေ ထုတ်ထားတဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ ကော်တီစော (cortisol) များတဲ့ အခြေအနေတစ်ခုဖြစ်တဲ့ Cushing’s syndrome ရောဂါ ကို စစ်ဆေးနိုင်ပါတယ်။ Cushing’s syndrome ဆိုသည်မှာ cortisol ဟော်မုန်း များသောကြောင့်ဖြစ်လာတဲ့ ရှုပ်ထွေးတဲ့ ရောဂါစုတစ်ခုဖြစ်ပြီး လက္ခဏာအားဖြင့် ကိုယ်အလေးချိန်တက်၊ အရေပြားပါး၊ သွေးတိုး၊ ဆီးချို၊ အရိုးပွ၊ မျက်နှာဖောင်း၊ အားအင်ချည့်နဲ့လာတတ်သည်။ Dexamethasone suppression test ကို ဘယ်အချိန်မှာ လုပ်ကြတာလဲ။ ဒီစစ်ဆေးမှုကိုတော့ သင့်ဆရာဝန်က သင့်ကိုယ်ခန္ဓါအတွင်း […]


ဆေးစစ်ချက်များ

Diagnostic Heart Catheterization (နှလုံးပိုက်ထည့်ပြီး ရောဂါရှာဖွေစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diagnostic Heart Catheterization (နှလုံးပိုက်ထည့်ပြီး ရောဂါရှာဖွေစစ်ဆေးခြင်း) ကဘာလဲ။ Diagnostic Heart Catheterization ဟာနှလုံးဘယ်ဘက်အခန်းနဲ့ ညာဘက်အခန်းထဲကို ပိုက်အသေးတစ်ခုထည့်ပြီး သွေးပေါင်တိုင်းတာခြင်းဖြစ်ပါတယ်။ ပိုက်ကို ညာဘက်နှလုံးအခန်းထဲထည့်ခြင်းကို pulmonary artery catheterization (အဆုတ်သွေးကြောတွင်းပိုက်ထည့်ခြင်း)လို့ခေါ်ပြီး နှလုံးသွေးကြောအခြေအနေတွေကို သိရှိဖို့နဲ့ နှလုံးရောဂါတွေကို ကုသဖို့ အသုံးပြုကြပါတယ်။ ဘယ်ဘက်မှာထည့်ထားတဲ့ ပိုက်ကို aortic value (အဆို့ရှင်) မှတစ်ဆင့် နှလုံးဘယ်ဘက်အခန်းထဲကို ထည့်နိုင်ပါတယ်။ သင့်ဆရာဝန်က ဘယ်ရော၊ညာရောကို တစ်ပြိုင်နက် ပိုက်ထည့်နိုင်ပါတယ်။ Heart catheterization နဲ့ X-rays အသုံးပြုတဲ့ နှလုံးသွေးကြောပုံရိပ်ဖော်သောနည်းလမ်း (coronary angiography) တွေဟာ မတူညီတဲ့ စစ်ဆေးမှုတွေဖြစ်ပြီး သူတို့ကို အတူတကွ အသုံးပြုသင့်ပါတယ်။ နှလုံးသွေးကြောပုံရိပ်ဖော်သောနည်းလမ်း မှာ ဆိုးဆေးတစ်မျိုးကို သွေးအတွင်းထည့်ပေးလိုက်ပြီး X-rays တွေက ဒီဆိုးဆေး စီးဆင်းမှုကိုကြည့်ပြီး […]


ဆေးစစ်ချက်များ

Electronystagmography

အဓိပ္ပါယ်ဖွင့်ဆိုချက်Electronystagmogram ဆိုတာဘာလဲ။ Electronystagmogram (ENG) ဟာ ပုံမှန်မျက်စိလှုပ်ရှားမှုတွေနဲ့ ထိန်းချုပ်ထားခြင်းမရှိတဲ့ အလျင်အမြန် မျက်စိလှုပ်ရှားမှုတစ်မျိုးဖြစ်တဲ့ nystagmus ကို တိုင်းတာဖို့ အသုံးပြုပါတယ်။ သူဟာ မျက်စိလှုပ်ရှားမှုတွေကို ထိန်းချုပ်တဲ့ ကြွက်သားတွေကိုလည်း စစ်ဆေးပေးပါတယ်။ Electronystagmogram (ENG) ဟာ မျက်လုံး၊ နားအတွင်းပိုင်း တို့ကို စစ်ဆေးပေးပြီး ညီမျှမှုနဲ့ ဟန်ချက်ထိန်းနိုင်မှုတွေကို ဦးနှောက်က ဘယ်လောက်ထိန်းနိုင်လဲဆိုတာကို စစ်ဆေးပေးပါတယ် (ဥပမာ လဲလျောင်းနေရာက မတ်တပ်ထလိုက်စဉ် ဟန်ချက်ထိန်းနိုင်မှု) Electronystagmogram (ENG) ဟာ နားအတွင်းပိုင်း၊ ဦးနှောက် (သို့) အာရုံကြောတွေ ပျက်စီးမှု ရှိမရှိလည်း စစ်ဆေးပေးပါတယ်။ ဒီပြဿနာတွေဟာ ခေါင်းမူးခြင်း၊ ချာချာလည်ခြင်းနဲ့ ညီမျှမှု ပျက်စီးခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ Nystagmus ဟာ ပုံမှန်အားဖြင့် ခေါင်းလှုပ်ရှားလိုက်ရင် ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် ခေါင်းမလှုပ်ရှားပဲ nystagmus […]


ဆေးစစ်ချက်များ

Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Endometrial Biopsy (သားအိမ်အသားစ စစ်ဆေးခြင်း) ကဘာလဲ။ သားအိမ်အသားစ စစ်ဆေးခြင်းဆိုတာဟာ ဆရာဝန်က သားအိမ်နံရံကို အသားစယူပြီး ဓါတ်ခွဲစစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ ယူထားတဲ့အသားစကို အဏုကြည့်မှန်ပြောင်းအောက်မှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ရှာဖွေမှာဖြစ်ပါတယ်။ သားအိမ်အသားစစ်ခြင်းဟာ သားအိမ်နံရံထဲမှာဖြစ်နေတဲ့ ပြဿနာတွေကို ရှာဖွေပေးမှာဖြစ်ပါတယ်။ သူဟာ ဆရာဝန်ကို ကိုယ်ခန္ဓါရဲ့ သားအိမ်နံရံ ပေါ်သက်ရောက်မှုရှိတဲ့ ဟော်မုန်းပမာဏညီမျှမှုကိုလည်း စစ်ဆေးပေးမှာဖြစ်ပါတယ်။ သားအိမ်အသားစ စစ်ဆေးခြင်း လုပ်ဖို့နည်းအမျိုးမျိုးရှိပါတယ်။ • ပိုက်နဲ့တူတဲ့ ပျော့ပြောင်းတဲ့ ပြွန်ကို အသုံးပြုပြီး သားအိမ်နံရံကို စုပ်ယူမှာဖြစ်ပါတယ်။ ဒီနည်းဟာ မြန်ဆန်ပေမဲ့ ဗိုက်နာခြင်းကို ဖြစ်စေပါတယ်။ • Vibra aspiration (လျှပ်စစ်ဓါတ်အသုံးပြုပြီး စုပ်ယူခြင်း)။ ဒီနည်းဟာ မအီမသာဖြစ်စေနိုင်ပါတယ်။ • သားအိမ်နံရံက တစ်ရှူးတွေ ကွာကျဖို့အတွက် ဖျန်းဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ နံရံကို ခြစ်ထုတ်ဖို့ စုပ်တံကို အသုံးပြုနိုင်ပါတယ်။ သားအိမ်အသားစ စစ်ခြင်း […]


ဆေးစစ်ချက်များ

Bone Turnover Makers (အရိုးဖွဲ့စည်း၊ပျက်စီးမှု အင်ဇိုင်းများ)

Bone turnover makers ဆိုသည်မှာအဘယ်နည်း။ အရိုး၏သိပ်သည်းဆကို တိုင်းတာသော စက်ကိရိယာများ ခေတ်စားလာသည်နှင့် အမျှ၊ ယခုအခါတွင် အရိုးပွခြင်းကို လွယ်ကူသောနည်းများဖြင့် ရောဂါရှာဖွေနိုင်ပြီဖြစ်သည်။ အရိုးသည် အရိုးဆဲလ်များ ဖြစ်ပေါ်ခြင်း၊ပျက်စီးခြင်း အားဖြင့် အမြဲပြောင်းလဲနေသည်။ အရိုးပွခြင်းသည် သွေးဆုံးပြီးနောက် အမျိုးသမီးများတွင် အဖြစ်များသော ရောဂါတစ်မျိုးဖြစ်ပြီး ၎င်းသည် အရိုးဆဲလ်များ ပျက်စီးခြင်းများပြီး ဖြစ်ပေါ်ခြင်းနည်းသောကြောင့်ဖြစ်သည်။ ထို့နောက် အရိုးသည် ပါးပြီး အားနည်းလာပြီး ကျိုးလွယ်သည့် အခြေအနေသို့ရောက်လာခြင်းဖြစ်သည်။ ယခုခေတ်တွင် အရိုးပွခြင်းသည် အမျိုးသားများတွင်လည်း ဖြစ်နိုင်ကြောင်း တွေ့ရှိရသည်။ ကြိုတင်သိရှိခြင်းသည် ကာကွယ်မှုများပြုလုပ်နိုင်သောကြောင့် အရိုးပွခြင်းကို ကာကွယ်နိုင်သည်။ အရိုး၏ သိပ်သည်းဆကို တိုင်းတာခြင်းသည် အရိုးပွခြင်းကို သိရှိနိုင်ရန် များစွာအထောက်အကူပြုသည်။ သို့သော် သမားတော်များသည် အရိုး၏ ဇီဝဖြစ်စဉ်ပြောင်းလဲမှုတွင် အသေးစား ပြောင်းလဲမှုများကို သတိမပြုမိကြပေ။ အရိုးသိပ်သည်းဆကို စစ်ဆေးခြင်းကို ကုသမှုတွင် […]


ဆေးစစ်ချက်များ

Ca-125 Tumor Marker (ကင်ဆာအမှတ်အသား)

CA-125 ကင်ဆာအမှတ်အသားဆိုတာဘာလဲ။ CA-125 ဆိုတာ မမျိုးဥအိမ်ကင်ဆာကျိတ်ကို ညွှန်ပြနိုင်သော အလွန်တိကျတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။ မမျိုးဥအိမ်ကင်ဆာဖြစ်နေသာ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်မှာCA-125 တက်လေ့ရှိတယ်။ မျိုးဥအိမ်ကင်ဆာအတွက် အလွန်တိကျပြီး အလွယ်တကူချက်ခြင်းသိနိုင်တာကြောင့် ဆေးကုသရာမှာ အထောက်အပံ့ကောင်းပေးပါတယ်။ သွေးရည်ကြည်ထဲရှိ CA-125 ပမာဏကို ကုသမှုအပေါ် လူနာဧ။်တုံ့ပြန်မှုအခြေအနေကိုသိရန်လည်း သုံးနိုင်တယ်။ ကုသမှုကိုကောင်းကောင်းတုံ့ပြန်နိုင်သောလူနာတွင် CA-125 ပမာဏကျသွားပါတယ်။ ဒါ့အပြင် CA-125 ကို ကင်ဆာကျိတ်ခွဲစိတ်ဖယ်ထုတ်ပြီးသော လူနာတွင် နောက်တစ်ကြိမ်ခွဲရန်လိုမလိုသိရန်အတွက်လည်း သုံးနိုင်တယ်။ CA-125 ၃၅ ယူနစ်ထက်များသော လူနာများ၏ ၉၇ရာခိုင်နှုန်းမှာ နောက်တစ်ကြိမ် ခွဲစိတ်ဖယ်ထုတ်ရန်လိုပြီး ၃၅ ယူနစ်အောက်နည်းသော လူနာများတွင် ၅၆ ရာခိုင်နှုန်းသာ ကင်ဆာကျိတ်ကျန်နေသေးမှာဖြစ်တယ်။ ကင်ဆာဆေးနှစ်ကြိမ်သွင်းပြီးချိန် CA-125 ကျသွားပါက ကင်ဆာဆေးကို ကောင်းကောင်းတုံ့ပြန်ကြောင်း ဖော်ပြသောတိကျသည့်လက္ခဏာဖြစ်တယ်။ ဒါ့အပြင် ကုသပြီးသော မမျိုးဥအိမ်ကင်ဆာ ဝေဒနာရှင်များတွင် ရောဂါအခြေအနေ […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း