ဆေးစစ်ချက်များ

ဆေးစစ်ချက်များ နဲ့ ပတ်သက်ပြီး ဘယ်ရောဂါမှာ ဘယ်လိုဆေးစစ်ချက်တွေကို စစ်တယ်၊ ဘာနည်းလမ်းနဲ့ စစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆေးစစ်ချက်များ

ကွန်ပျူတာဓာတ်မှန်(CT Scan)နဲ့ သံလိုက်ဓာတ်မှန် (MRI Scan) ဘာကွာသလဲ

ကွန်ပျူတာဓာတ်မှန် (CT Scan) နဲ့ သံလိုက်ဓာတ်မှန် (MRI Scan)  ၂ မျိုးလုံးဟာ အခုခေတ် ရောဂါရှာဖွေတဲ့နယ်ပယ်မှာ အတော်လေး တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့ အဆင့်မြင့်ပုံရိပ်ဖော်နည်းပညာ ၂ ခုဖြစ်ပါတယ်။ သူတို့ ၂ မျိုးက ဘယ်လိုပုံစံနဲ့အလုပ်လုပ်သလဲ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုအားသာချက်၊ အားနည်းချက်တွေ ရှိသလဲ၊ ဘယ်ရောဂါတွေရှာဖွေရာမှာ အသုံးပြုနိုင်သလဲဆိုတာ စာဖတ်သူတို့အတွက် ဗဟုသုတရအောင်ဖော်ပြပေးလိုက်ရပါတယ်။ ဆရာဝန်တွေအနေနဲ့  ကွန်ပျူတာဓာတ်မှန်ရော သံလိုက်ဓာတ်မှန်ရောကို ရောဂါမျိုးစုံရှာဖွေရာမှာအသုံးပြုပါတယ်။ တချို့ရောဂါတွေမှာ ၂ မျိုးစလုံးအသုံးပြုနိုင်ပေမဲ့ ဒီစက် တွေရဲ့အလုပ်လုပ်ပုံကတော့ နည်းနည်းလေး ကွဲပြားပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပုံရိပ်ဖော်ဖို့ ဓာတ်မှန်လှိုင်းတွေသုံးပြီး သံလိုက်ဓာတ်မှန်ကတော့ အားကောင်းတဲ့သံလိုက်လှိုင်းနဲ့ ရေဒီယိုလှိုင်းတွေကိုသုံးပါတယ်။ ကွန်ပျူတာဓာတ်မှန်က ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ရရှိသုံးစွဲနိုင်သလို ကုန်ကျစရိတ်လည်းပိုသက်သာပါတယ်။ ဒါပေမဲ့ သံလိုက်ဓာတ်မှန်နဲ့ရိုက်တဲ့ ပုံရိပ်တွေက ပိုအသေးစိတ်ကျကျမြင်ရပါတယ်။ ဘယ်နေရာတွေမှာသုံးသလဲ ကွန်ပျူတာဓာတ်မှန်နဲ့ သံလိုက်ဓာတ်မှန် ၂ မျိုးစလုံးက ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေရဲ့ […]

ဆေးစစ်ချက်များ ကို ရှာဖွေမည်။

ဆေးစစ်ချက်များ

History And Physical Exam For Copd (COPD အဆုတ်ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်History And Physical Exam For Copd (COPD အဆုတ်ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။ Chronic obstructive pulmonary disease (COPD) ဟာ အသက်ရှူရခက်ခဲတဲ့ အဆုတ်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ သူဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါနှစ်မျိုး ပေါင်းစည်းနေခြင်းပဲ ဖြစ်ပါတယ်။ (နာတာရှည်အဆုတ်လေပြွန်ရောင်ခြင်းနှင့် အဆုတ်လေအိတ်လေးများပျက်စီးခြင်း)။ အချိန်ကြာလာတဲ့အမျှ အသက်ရှူကျပ်ခြင်းနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ COPD ကို ပျောက်ကင်းအောင် မကုသနိုင်ပါဘူး။ ဒါပေမယ့် ဆေးတွေနဲ့ လူနေမှုပုံစံ ပြောင်းလဲခြင်းတွေက လက္ခဏာတွေကို သက်သာစေပါတယ်။ COPD ကို နှေးကွေးစေဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဆေးလိပ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ သင့်ကျန်းမာရေးရာဇဝင်ဟာ သင့်ဆရာဝန်ကို Chronic obstructive pulmonary disease (COPD) အကြောင်း သိရှိစေဖို့၊ ရောဂါရှာဖွေအတည်ပြုနိုင်ဖို့ အချက်အလက်တွေကို […]


ဆေးစစ်ချက်များ

History And Physical Exam For Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်History And Physical Exam For Heart Failure (နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း ရောဂါရာဇဝင်နှင့် စမ်းသပ်စစ်ဆေးခြင်း) ကဘာလဲ။ နှလုံးစွမ်းဆောင်ရည်ကျဆင်းတဲ့ရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပြီး အထူးသဖြင့် အသက်ကြီးသူတွေမှာ အဖြစ်များကာ ရောဂါအတည်ပြုဖို့ လွတ်သွားတတ်ကြပါတယ်။ ရောဂါရာဇဝင် အသေးစိတ် မေးခြင်းဟာ အရေးကြီးပြီး အခုလောလောဆယ် ဖြစ်နေတဲ့ လက္ခဏာတွေကိုသာမက ရောဂါဖြစ်စေတဲ့ အချက်တွေကို ညွှန်ပြတဲ့ လက္ခဏာတွေကိုပါ ဖြေရှင်းသင့်ပါတယ်။ ရောဂါဖြစ်စေတဲ့ အချက်တွေကတော့ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုး၊ နှလုံးအဆို့ရှင် ရောဂါတို့ပဲ ဖြစ်ပါတယ်။ လူနာမှာအရင်က နှလုံးပုပ်ခြင်း ရှိလားဆိုတာ သိရှိဖို့ အရေးကြီးပါတယ်။ နှလုံးရောဂါကို သိရှိဖို့ ပထမဦးဆုံးအဆင့်ကတော့ အသေးစိတ် ရောဂါရာဇဝင် မေးခြင်းပဲ ဖြစ်ပါတယ်။ ရောဂါရာဇဝင်မေးခြင်းမှာ အရင်တုန်းက နဲ့ အခုလောလောဆယ် ရှိနေတဲ့ ရောဂါအခြေအနေတွေကိုပါ မေးမြန်းသင့်ပါတယ်။ သွေးပေါင်နဲ့ […]


ဆေးစစ်ချက်များ

Hiv Viral Load Measurement (HIV ပိုးကောင်ရေစစ်ဆေးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiv Viral Load Measurement (HIV ပိုးကောင်ရေစစ်ဆေးခြင်း) ကဘာလဲ။ ပိုးကောင်ရေ စစ်ဆေးခြင်းဟာ သွေးအတွင်းမှာ HIV ဗိုင်းရပ်စ် ဘယ်လောက်များနေလဲဆိုတာ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။ ပိုးကောင်ရေစစ်ဆေးခြင်းကို HIV ရောဂါပိုးဝင်တဲ့အခါမှာ စတင်တိုင်းတာပါတယ်။ ကနဦး တိုင်းတာတဲ့ အဖြေကို baseline (အခြေခံတိုင်းတာမှု) လို့ခေါ်ပြီး နောက်ပိုင်းတိုင်းတာတဲ့အဖြေတွေကို baseline နဲ့ နှိုင်းယှဉ်မှာ ဖြစ်ပါတယ်။ ပိုးကောင်ရေဟာ တစ်နေ့နဲ့တစ်နေ့ ပြောင်းလဲနိုင်တာကြောင့် အချိန်ကြာလာတာနဲ့ အမျှ ပြောင်းလဲမှုဟာ ရောဂါကူးစက်မှု ပိုဆိုးလာလားဆိုတာ ဆုံးဖြတ်ဖို့ အသုံးပြုပါတယ်။ တကယ်လို့ ပိုးကောင်ရေဟာ တိုင်းတာခြင်းတွေမှာ တက်လာတယ်ဆိုရင် ရောဂါအခြေအနေ ပိုဆိုးလာတယ်လို့ ဆိုနိုင်ပါတယ်။ တကယ်လို့ ကျလာတယ်ဆိုရင်တော့ ရောဂါပိုးကူးစက်မှုကို ထိန်းထားနိုင်ပြီလို့ ဆိုလိုတာဖြစ်ပါတယ်။ Viral load ကို အောက်ဖေါ်ပြပါ စစ်ဆေးနည်းသုံးမျိုးနဲ့ […]


ဆေးစစ်ချက်များ

Home Blood Glucose Test (သွေးတွင်းသကြားဓါတ်ကို အိမ်မှာစစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Blood Glucose Test (သွေးတွင်းသကြားဓါတ်ကို အိမ်မှာစစ်ဆေးနည်း) ကဘာလဲ။ Home Blood Glucose Test ဟာ သွေးသကြားဓါတ်တစ်မျိုး ဖြစ်တဲ့ ဂလူးကိုစ့် ကို သွေးအတွင်းမှာ ပမာဏဘယ်လောက်ရှိသလဲဆိုတာကို တိုင်းတာတဲ့ စစ်ဆေးမှု တစ်ခု ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို အိမ်မှာ (သို့) နေရာတိုင်းမှာ သေးငယ်ပြီး သယ်သွားနိုင်တဲ့ ဆီးချိုတိုင်း စက် ကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ အိမ်မှာ သွေးတွင်းသကြားဓါတ်တိုင်းခြင်းကို သွေးသကြားဓါတ် အတက်အကျကို စောင့်ကြည့်ဖို့ အသုံးပြုနိုင်ပါတယ်။ သင့်ဆရာဝန်ကို ဘယ်လောက်တစ်ခါ စစ်ဆေးသင့်သလဲဆိုတာကို မေးမြန်းသင့်ပါတယ်။ ဘယ်လောက်တစ်ကြိမ် စစ်ဆေးသင့်သလဲဆိုတာဟာ သင့်ဆီးချိုကုသမှုနဲ့ ယေဘုယျ ကျန်းမာရေးပေါ်ကို မူတည်ပါတယ်။ အင်ဆူလင်သောက်ပြီး ဆီးချိုထိန်းနေရသူတွေဟာ သွေးသကြားဓါတ်ကို မကြာခဏ စစ်ဆေးသင့်ပါတယ်။ သွေးသကြားဓါတ်ကို အိမ်မှာစစ်ဆေးခြင်းကို Home […]


ဆေးစစ်ချက်များ

Home Ear Examination (အိမ်တွင်း နားစစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Ear Examination (အိမ်တွင်း နားစစ်ဆေးနည်း) ကဘာလဲ။ Home Ear Examination ဟာ နားပြွန် နဲ့ နားစည် တို့ကို နားကြည့်မှန်ပြောင်း (Otoscope) လို့ခေါ်တဲ့ ကိရိယာတစ်ခုနဲ့ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ နားကြည့်မှန်ပြောင်းဟာ လက်နဲ့ ကိုင်လို့ရပြီး အကျယ်ချဲ့နိုင်တဲ့ မှန်ဘီလူးပါဝင်ပြီး ကတော့ပုံ မြင်ကွင်းကြည့်တဲ့ အပိုင်းနဲ့ ကျဉ်းမြောင်းချွန်ထက်တဲ့ အဆုံးသတ် speculum ပါဝင်ပါတယ်။ Home ear examination ဟာ နားရောဂါပိုးဝင်မှုတွေ၊ earwax များမှုတွေနဲ့ နားထဲမှာ ပြင်ပအရာဝတ္ထုဝင်ရောက်ခြင်းတွေ အစရှိတဲ့ နားပြဿနာတွေကို ရှာဖွေပေးနိုင်ပါတယ်။ ဆရာဝန်ထံကနေ ညွှန်ကြားချက်နဲ့ သင်ယူမှုအပြီးမှာ နားကိုက်ခြင်းတွေ၊ မကြာခဏ နားရောဂါပိုးဝင်ခြင်းတွေ ဖြစ်ပွားတတ်တဲ့ကလေးငယ်တွေရဲ့ မိခင်တွေအတွက် အိမ်သုံးနားစစ်ဆေးနည်းဟာ အသုံးဝင်ပါတယ်။ တခါတရံမှာ ကလေးငယ်ဟာ ပြင်ပလက္ခဏာတွေ ဖြစ်တဲ့ […]


ဆေးစစ်ချက်များ

Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း) ကဘာလဲ။ Home Lung Function Test တွေဟာ peak flow meter သို့ home spirometer တွေကို အသုံးပြုပြီး သင့်မှာ နေ့တဓူ၀ ရှိနေနိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို စမ်းစစ်ခြင်းပဲ ဖြစ်ပါတယ်။ Peak flow meter ဟာ သင့်ရဲ့ ရှူထုတ်လိုက်တဲ့လေကို တိုင်းတာပါတယ်။ Home spirometer ကတော့ FEV1 ကို တိုင်းတာပါတယ်။ သင့်မှာ ပန်းနာရင်ကျပ်ရောဂါလိုမျိုး အဆုတ်ရောဂါ တစ်ခုခု ရှိနေခဲ့ရင် သင့်ဆရာဝန်က PIF နဲ့ PEF ကို စစ်ဆေးပြီး သင်ရှူသွင်းတဲ့လေနဲ့ ရှူထုတ်လိုက်တဲ့လေတွေကို တိုင်းတာပါလိမ့်မယ်။ ဒါဟာ အဆုတ်လုပ်ငန်းဆောင်တာစစ်ဆေးခြင်း ရဲ့ […]


ဆေးစစ်ချက်များ

Calcium Blood Test (သွေးတွင်းကယ်လ်စီယမ်ပမာဏစစ်ဆေးခြင်း)

ကယ်လ်စီယမ်စစ်ဆေးခြင်း ဆိုတာဘာလဲ။ ကယ်လ်စီယမ် စစ်ဆေးခြင်းသည် အရိုးထဲတွင်မဟုတ်ဘဲ သွေးထဲတွင်ရှိနေသည့် ကယ်လ်စီယမ်ပမာဏကို စစ်ဆေးခြင်းဖြစ်သည်။ ကယ်လ်စီယမ် ဆိုသည်မှာ ခန္ဓါကိုယ်ရှိ အဓိက အရေးကြီးသော သတ္တုဓါတ်များတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အရိုးနှင့်သွားကျန်းမာရေး၊ အာရုံကြောလုပ်ငန်းများ၊ သွေးခဲစေရန်၊ ကြွက်သားညှစ်အားကောင်းစေရန် နှင့် နှလုံးအလုပ်လုပ်ရန်အတွက် လိုအပ်ပါတယ်။ ကယ်လ်စီယမ် အားလုံးနီးပါးကို အရိုးတွေထဲမှာ သိမ်းဆည်းထားပါတယ်။ သွေးတွင်းရှိ ကယ်လ်စီယမ် ပမာဏကို အမြဲပုံမှန်ဖြစ်နေရန် ထိန်းထားလေ့ရှိပြီး နည်းသွားပါက အရိုးထဲမှ ကယ်လ်စီယမ်ထုတ်ပေးပြီး များနေပါက အရိုးထဲတွင်ပြန်သိမ်းဆည်းပြီး တချို့ကိုဆီး၊ဝမ်းထဲမှတဆင့် ခန္ဓါကိုယ်အပြင်ဘက်သို့စွန့်ထုတ်လေ့ရှိပါတယ်။ ကယ်လ်စီယမ်ပမာဏဟာ- • အစာထဲတွင်ပါသော ကယ်လ်စီယမ ပမာဏ • အူမှစုပ်ယူနိုင်သော ကယ်လ်စီယမ် နှင့် ဗီတာမင်ဒီ ပမာဏ • ဖော့စ်ဖိတ် (phosphate)ပမာဏ • ပါရာသိုင်းရွိုက်ဟောမုန်း(Parathyroid)၊ ကယ်လ်စီတိုနင်(Calcitonin)၊ အီစထရိုဂျင်(Estrogen) ကဲ့သို့သော ဟော်မုန်းတချို့ ပေါ်မူတည်ပါတယ်။ ဗီတာမင် ဒီအပါအဝင် ထိုဟော်မုန်းတွေဟာ […]


ဆေးစစ်ချက်များ

Carcinoembryonic Antigen (သွေးတွင်းကင်ဆာဇီဝအမှတ်အသား )

သွေးတွင်းကင်ဆာဇီဝအမှတ်အသား (Carcinoembryonic antigen/ CEA) ဆိုတာဘာလဲ။ CEA စစ်ဆေးခြင်းဆိုတာ ကင်ဆာတချို့(အထူးသဖြင့် အူမကြီးကင်ဆာ)တွင် သွေးထဲ၌တွေ့ရတတ်သည့် ပရိုတင်းတစ်မျိုးကိုစစ်ဆေးခြင်းဖြစ်သည်။ ထိုပရိုတင်းသည် မုန့်ချိုအိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မမျိုးဥအိမ်ကင်ဆာများတွင်လည်း ထွက်ပေါ်လာတတ်ပါတယ်။ CEA ကိုပုံမှန်အားဖြင့် သန္ဓေသားဘဝတွင်သာ ထုတ်တာဖြစ်ပြီး မမွေးခင်ရပ်သွားလေ့ရှိပါတယ်။ ဒါကြောင့် ပုံမှန်ကျန်းမာနေသော လူကြီးတွေမှာမရှိပါဘူး။ ဘာကြောင့် CEA စစ်ရသလဲ။ CEA စစ်ဆေးခြင်းကို- • ကင်ဆာဘယ်လောက်ထိပြန့်ပွားနေလဲသိရန် (အထူးသဖြင့် အူမကြီးကင်ဆာ) • အူမကြီးကင်ဆာကုသမှု အောင်မြင်ခြင်းရှိမရှိသိရန် • ခွဲစိတ်ကုသမှုအပြီး ခွဲစိတ်ခြင်းအောင်မြင်မှုနှင့် လူနာပြန်ကောင်းနိုင်ချေကိုသိရန် • ကင်ဆာဆေးများ၏ အာနိသင်ကိုသိရန်၊ (ကုသမှုဘယ်လောက်တာသွားနေလဲ သိရစေပါတယ်) • ကင်ဆာပြန်ဖြစ်သလားသိရန် တို့အတွက်အသုံးပြုပါတယ်။ CEA ပမာဏစစ်ဆေးမှုမပြုလုပ်ခင်သိရှိရန်များ ဘာတွေသိထားသင့်လဲ။ ဆေးလိပ်သောက်သူတွေမှာလည်း CEA ပမာဏတက်နေနိုင်ပါတယ်။ CEA ပမာဏတက်ခြင်းဟာ အခြားသော ကင်ဆာမဟုတ်သည့်အခြေအနေများ- ဥပမာ၊ ရောင်ရမ်းခြင်း၊ အသည်းခြောက်ခြင်း၊ အစာအိမ်အနာ၊ အူမကြီးရောင်ခြင်း၊ အဆုတ်အတွင်းရှိ လေအိတ်ငယ်များပျက်စီးသည့်အခြေအနေ၊ ရင်သားအကျိတ် စသည်တို့တွင်လည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာအများစုက […]


ဆေးစစ်ချက်များ

Carotid Angiogram (Carotid သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်း)

Carotid angiogram (Carotid သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်း) ဆိုတာဘာလဲ။ Carotid angiography ဆိုတာ လက် သို့မဟုတ် ခြေထောက်ရှိသွေးကြောမှတဆင့် ပြွှန်ငယ်လေးထိုးသွင်းကာ ထိုပြွှန်ငယ်ကို X-ray တစ်မျိုးနှင့် ဦးနှောက်ကိုအဓိကထောက်ပံ့နေသောသွေးကြောကြီး (Carotid သွေးကြော)ဆီ ဦးတည်ပေးပြီး ထိုသွေးကြောအခြေအနေကို ပုံရိပ်ဖမ်းယူကြည့်ရှုခြင်းဖြစ်တယ်။ ထည့်သွင်းလိုက်သော ပြွန်ငယ်လေးကနေတဆင့် အရောင်ပါဆေးတစ်မျိုးထိုးသွင်းပြီး သွေးကြောမကြီးအခြေအနေကို ပုံရိပ်ရိုက်ယူတယ်။ ဒီစမ်းသပ်မှုဟာ carotid သွေးလွှတ်ကြောမကြီးနဲ့ ဦးနှောက်သွေးကြောများအတွက် အကောင်းဆုံး စံပြစမ်းသပ်နည်း တစ်မျိုးဖြစ်တယ်။ ဘာကြောင့် Carotid သွေးလွှတ်ကြော ပုံရိပ်ဖမ်းယူခြင်း ကိုလုပ်လေ့ရှိသလဲ။ • ဦးနှောက်ကိုအဓိကထောက်ပံ့နေသော carotid သွေးလွှတ်ကြောကျဉ်းနေခြင်း၊ ပိတ်နေခြင်းရှိမရှိသိရန် • လေဖြတ်နိုင်ချေရှိမရှိရှာရန် • ကုသမှုများလိုမလို ဆုံးဖြတ်ရန် • ဦးနှောက်ကိုအဓိကထောက်ပံ့နေသော carotid သွေးလွှတ်ကြောကျဉ်းခြင်းအတွက် ပိုက်ထည့်ရန် အထက်ပါအခြေအနေများအတွက် Carotid သွေးလွှတ်ကြောပုံရိပ်ဖမ်းယူခြင်းကို အသုံးပြုလေ့ရှိပါသည်။ စစ်ဆေးမှုမပြုလုပ်ခင်သိရှိရန်များ ဘာတွေသိထားသင့်လဲ။ ဒီစစ်ဆေးမှုအစား MRA (သံလိုက်ဓါတ်မှန်နဲ့ ပုံရိပ်ဖမ်းယူခြင်း) နဲ့ CTA […]


ဆေးစစ်ချက်များ

Catecholamines Urine Test (ဆီးတွင်း catecholamines စစ်ဆေးခြင်း)

ဆီးတွင်း catecholamines စစ်ဆေးခြင်းဆိုတာဘာလဲ။ Catecholamines စစ်ဆေးခြင်းဆိုတာ epinephrine ၊ norepinephrine ၊ metanephrine ၊ dopamine စသည့်ဟော်မုန်းများ ဆီးထဲတွင်ပါသော ပမာဏကိုစစ်ဆေးခြင်းဖြစ်တယ်။ Catecholamines များကို အာရုံကြောတစ်သျှူးများ၊ ဦးနှောက်နှင့် အက်ဒရီနယ်ဂလန်း(ကျောက်ကပ်အပေါ်တွင်ရှိသော ဂလန်း) တွေမှထုတ်လုပ်ပါတယ်။ Catecholamines ဟာ ဖိအား၊ ထိတ်လန့်မှုတွေကို ခန္ဓါကိုယ်မှတုံ့ပြန်ရန်ကူညီပေးပြီး “Fight or Flight” reaction (တိုက်မလား၊ ပြေးမလား) တုံ့ပြန်မှုအတွက် ပြင်ဆင်ပေးတယ်။ အက်ဒရီနယ်ဂလမ်းတွေက ဖိအားသက်ရောက်မှုတစ်ခုကို တုံ့ပြန်တဲ့အနေနဲ့ Catecholamines ပမာဏအများအပြားထုတ်လေ့ရှိတယ်။ အဓိက Catecholamines များမှာ epinephrine (အက်ဒရီနယ်လင်း) norepinephrine (နော်အက်ဒရီနယ်လင်း)၊ dopamine (ဒိုပါမင်း) တို့ဖြစ်ပြီး ထိုဟော်မုန်းများဟာ vanillylmandelic acid (VMA)၊ metanephrine ၊ normetanephrine […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း