backup og meta

သိုင်းရွိုက်ဟော်မုန်း များသူတွေ ရှောင်ကိုရှောင်ရမယ့် အစားအစာများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ဟော်မုန်း များသူတွေ ရှောင်ကိုရှောင်ရမယ့် အစားအစာများ ။ ။

    သိုင်းရွိုက်ဆိုတာ ကိုယ်တွင်းက ဟော်မုန်းအားလုံးရဲ့ အချုပ်လို့ တင်စားကြတာ အားလုံးသိကြမှာပါ။ ဒီ သိုင်းရွိုက်ဟော်မုန်း တွေ ပုံမှန်ဖြစ်နေမှ ကိုယ်တွင်းက အခြားဟော်မုန်းတွေလည်း ပုံမှန်ဖြစ်မှာကြောင့် သိုင်းရွိုက်ဟော်မုန်းတွေ များတာ၊ နည်းတာ မဖြစ်တာအကောင်းဆုံးပါ။

    ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဟော်မုန်းတွေ များသွားတာမျိုး ဖြစ်ခဲ့ရင် နောက်ပိုင်း နှလုံး၊ အရိုးနဲ့ စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေ ဆက်ဖြစ်လာနိုင်တာကြောင့် ဆေးသေချာကုသဖို့ လိုအပ်တဲ့အပြင် စားသောက်မှုပုံစံကိုပါ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သိုင်းရွိုက်ဟော်မုန်းများနေတဲ့သူတွေ ရှောင်ကိုရှောင်စားသင့်တဲ့ အစားအစာတွေ အကြောင်းပြောပြပေးမှာပါ။

    ရှောင်ရမယ့် အစားအစာတွ အကြောင်းအရင်မပြောခင် အရင်ဆုံး သိုင်းရွိုက်ဟော်မုန်းများတဲ့ လက္ခဏာတွေ အကြောင်း အရင်ပြောပြချင်ပါတယ်။

    သိုင်းရွိုက်ဟော်မုန်း များခြင်းရဲ့ လက္ခဏာတွေ

    • လူက စိတ်မြန်လက်မြန်ဖြစ်နေပြီး စိတ်ဆိုးလွယ်နေမယ်

    နှလုံးခုန်သံတွေလည်း မြန်နေမယ်

    • အပူဒဏ်ကို လုံးဝ ခံနိုင်ရည်မရှိဘဲ ချွေးထွက်လွယ်နေလိမ့်မယ်

    ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်လည်း မြန်နေတဲ့အတွက်ကြောင့် အစားစားပြီးတာနဲ့ ချွေးတွေ အများကြီးထွက်လွယ်နေမယ်

    • အစားတွေလည်း အများကြီးစားနေမိတတ်ပြီး

    • ဘယ်လောက်စားစား ကိုယ်အလေးချိန်တက်မလာဘဲ ပိန်ချုံးနေတတ်ပါတယ်။

    • ဝမ်းလျှောတာမျိုးလည်း ဖြစ်တတ်ပြီး

    • ညည အိပ်မပျော်တဲ့ ပြဿနာတွေ ခံစားရတတ်ပါတယ်။

    ဒီပြဿနာတွေကို ပြေလည်ချင်ရင်တော့ စနစ်တကျ ဆေးကုသရမှာအပြင် သင့်တော်တဲ့ စားသောက်မှု ပုံစံတွေနဲ့လည်း ထိန်းရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒီသိုင်းရွိုက်ဟော်မုန်းများတဲ့ ပြဿနာမှာ အစားအသောက်ကလည်း အရေးပါနေတာဖြစ်ပါတယ်။

    သိုင်းရွိုက်ဟော်မုန်းများနေတဲ့ သူတိုင်း ရှောင်ကိုရှောင်စားသင့်တဲ့ အစားအစာတွေ

    သိုင်းရွိုက်ဟော်မုန်း များနေတဲ့ သူတိုင်း ရှောင်ကိုရှောင်စားသင့်တဲ့ အစားအစာတွေ ကတော့

    ( ၁ ) အိုင်အိုဒင်းများတဲ့ အစားအစာတွေ

    အိုင်အိုဒင်းများတဲ့ အစားအစာတွေ စားမိလိုက်တာနဲ့ သိုင်းရွိုက်ဟော်မုန်းများများထွက်ခြင်းကို အားပေးသလို ဖြစ်သွားတာကြောင့် ခံစားနေရတဲ့ဝေဒနာတွေ ပိုဆိုးသွားနိုင်ပါတယ်။ ဒီတော့ ရှောင်ရမယ့် အစားအစာတွေက

    • အိုင်အိုဒင်းထည့်ထားတဲ့ ဆား များများစားမိတာ

    ပင်လယ်စာတွေနဲ့ ရေညှိ

    • နို့နဲ့ နို့ထွက်ပစ္စည်းတွေ

    • အနီရောင်ဆိုးဆေးဆိုးထားတဲ့ အစားအစာတွေ

    ကြက်ဥအနှစ်

    • အုန်းနို့

    • Iodate ဖြစ်အောင်လုပ်ထားတဲ့ ဂျုံတွေနဲ့ ဖုတ်ထားတဲ့ မုန့်တွေရှောင်ရပါမယ်။

    ( ၂ ) ပဲပိစပ်

    လေ့လာချက်တွေအရ ပဲပိစပ်ပါဝင်တဲ့ ပစ္စည်းတွေကို စားသုံးခြင်းက သိုင်းရွိုက်ဟော်မုန်းများခြင်းကို ကုသတဲ့ နည်းတစ်ခုဖြစ်တဲ့ radioactive iodine ကို အနှောင့်အယှက်ပေးတယ်လို့ ဆိုပါတယ်။ ဒီတော့ ပဲပိစပ်ပါတဲ့ အစားအစာတွေဖြစ်တဲ့

    ပဲနို့

    • ပဲငံပြာရည်

    • တို့ဖူး

    ပဲပိစပ်ဆီ တို့ကို ရှောင်စားရပါမယ်။

    ( ၃ ) Nitrates များတဲ့ အစားအစာတွေ

    Nitrates များတဲ့ အစားအစာတွက သိုင်းရွိုက်ဂလင်းကနေ အိုင်အိုဒင်းဓာတ် စုပ်ယူခြင်းကို အာပေးတဲ့အတွက်ကြောင့် သိုင်းရွိုက်ဂလင်းကြီးလာပြီး hyperthyroidism ( သိုင်းရွိုက်ဟော်မုန်းများတဲ့ ) လက္ခဏာတွေကို ပိုဆိုးစေပါတယ်။ ဒီတော့ နိုက်ထရိတ်များတဲ့ အစားအစာတွေ ဖြစ်တဲ့

    • တာရှည်ခံအောင်လုပ်ထားတဲ့ ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တွေ

    • ဆလပ်ရွက်၊ မုန်လာရွက်၊ ဟင်းနုနွယ်၊ နံနံပင်

    • ဂေါ်ဖီထုပ်၊ မုန်လာဥ၊ ရွှေဖရုံသီး

    • စမုံစပါးရွက်၊ ပင်စိမ်း စတာတွေ အများအပြားစားတာကို ရှောင်ရမှာ ဖြစ်ပါတယ်။

    ( ၄ ) Gluten

    Gluten များတဲ့ အစားအစာတွေက သိုင်းရွိုက်ဂလင်းကို ရောင်ရမ်းစေတဲ့အတွက်ကြောင့် ကိုယ့်မှာ Gluten နဲ့ဓာတ်မတည့်တဲ့ ပြဿနာ မရှိသည့်တိုင် gluten စားခြင်းကို ကန့်သတ်သ့င်ပါတယ်။ ဒီတော့ gluten များတဲ့ အစားအစာတွေဖြစ်တဲ့

    • ဂျုံ

    • ဘာလီဆန် နဲ့

    • အခြား ကောက်ပဲသီးနှံတို့ကို လျှော့စားသင့်ပါတယ်။

    ( ၅ ) ကဖင်းဓာတ်

    ကဖင်းဓာတ်ကိုယ်တိုင်က နှလုံးတုန်စေတယ်၊ အိပ်မပျော်စေဘူး၊ စိတ်တိုလွယ်တာမျိုးတွေကို ဖြစ်စေတာကြောင့် ကဖင်းဓာတ်များတဲ့ အစားအစာတွေကို hyperthyroidism ပြဿနာရှိတဲ့သူတွေ ရှောင်စားသင့်ပါတယ်။

    ကော်ဖီ

    • လက်ဖက်ရည်၊ လက်ဖက်သုပ်

    ချော့ကလက်

    • Energy drinks တွေ

    • ဆိုဒါပါတဲ့ ဖျော်ရည်တွေနဲ့

    • အရက်သေစာတို့ ကို ရှောင်ရပါမယ်။

    ဒါတွေကတော့ သိုင်းရွိုက်ဟော်မုန်းများနေတဲ့သူတိုင်း သိထားသင့်ပြီး ရှောင်စားသင့်တဲ့အစားအစာတွေဖြစ်ပါတယ်။ လုံးဝကြီး ဖြတ်လိုက်ရမယ်လို့ မဆိုလိုပေမယ့် လျှော့စားနိုင်လေ၊ ပိုကောင်းလေဖြစ်တာကြောင့် သိုင်းရွိုက်ဟော်မုန်းကို မထိန်းနိုင်သေးတဲ့ ကာလပတ်လုံး ဆင်ခြင်စားဖို့ အကြံပေးပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement