brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင့်ကိုလည်ချောင်းနာစေရတဲ့ အကြောင်းအရင်းများနဲ့ကာကွယ်နည်းများ

နေလေးပူလိုက်၊ မိုးလေးရွာလိုက်။ နေပူထဲထွက်လိုက်၊ အဲယားကွန်းခန်းထဲဝင်လိုက်လုပ်ပြီး အိမ်ပြန်ရောက်တဲ့အထိ ဘာမှမဖြစ်ပေမယ့် မနက်ခင်းလည်းနိုးရော လည်ချောင်းက တံထွေးတောင်မျိုချမရအောင် နာနေတာမျိုးဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက လည်ချောင်းနာနေတာကို အမြန်သက်သာစေဖို့ရော မဖြစ်သေးရင်လည်း ကာကွယ်ဖို့ပါအသုံးတည့်စေမှာပါနော်။

သင့်ကိုလည်ချောင်းနာစေရတဲ့ အကြောင်းအရင်းများနဲ့ကာကွယ်နည်းများ

ဘာတွေကများ လည်ချောင်းနာစေရတာလဲ…………..

လည်ချောင်းနာတာကိုဖြစ်စေတဲ့အကြောင်းအရင်းက အများကြီးပါ။ သင့်ကိုလည်ချောင်းနာစေတဲ့ အဓိကအချက်တွေကတော့ –

  • တုပ်ကွေးြဖစ်တာ
  • အအေးမိဖျားနာဖြစ်တာ
  • ရေကျောက်ပေါက်တာ
  • ဓါတ်မတည့်တဲ့အရာတစ်ခုခုနဲ့ထိတွေ့မိတာ
  • ပတ်ဝန်းကျင်ကခြောက်သွေ့နေတာ
  • အသံကုန်ဟစ်ထားခဲ့တာ
  • ဆေးလိပ်သောက်တာ
  • Lactic acid ပါဝင်မှုများတဲ့ အစားအစာတွေကို အလွန်အကျွံစားသုံးတာတွေကြောင့် လည်ချောင်းနာနိုင်ပါတယ်။
  • ဘယ်လိုများကာကွယ်မလဲ…..

    ကုသမှုထက် ကာကွယ်မှုကပိုကောင်းပါတယ်။ အကြောင်းကတော့ အချိန်ကုန်လူပန်းသက်သာမှုပါပဲ။ ဒါကြောင့် လည်ချောင်းနာပြဿနာ ကိုယ့်ဆီ အလည်မလာစေဖို့ဆိုရင်

    • အထိရောက်ဆုံးနည်းလမ်းတစ်ခုကတော့ လက်ကို သန့်စင်ဆေးကြောတာပါ။ လက်ကိုရေသန့်သန့်နဲ့ဆပ်ပြာကိုအသုံးပြုပြီးသေချာသန့်စင်သွားအောင်ဆေးကြောပေးပါ။ ရေအလွယ်ကူမရနိုင်ဘူးဆိုရင်ရေမလိုလက်သန့်ဆေးရည်သုံးပြီး လက်ကို သန့်စင်ဆေးကြောပေးပါ။
    • ဖျားနေတဲ့လူနဲ့ နီးနီးကပ်ကပ်နေတာကိုရှောင်ကြဉ်ပါ။
    • တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် အသုံးပြုတဲ့ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုးမလုပ်ပါနဲ့။
    • ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပေးပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • အာဟာရြပည့်ဝမျှတအောင်စားသုံးပေးပါ။
    • အပူအစပ်လွန်ကဲတာတွေကိုရှောင်ပါ။
    • ဓါတုပစ္စည်းတွေကို တတ်နိုင်သမျှရှောင်ပါ။
    • ဆေးလိပ် နဲ့အရက်ကိုတတ်နိုင်သမျှရှောင်ပါ။

    လည်ချောင်းနာတာက ပြောတော့သာ ဘာမှမဟုတ်ပေမယ့် တော်တော်လေးနေရထိုင်ရခက်စေတာကြောင့် အခုပြောခဲ့တဲ့နည်းလမ်းလေးတွနဲ့ ကာကွယ်လိုက်ပါ။

    လည်ချောင်းနာလာရင်ကော ဘာလုပ်ရမလဲ……

    တကယ်လို့လည်ချောင်းနာလာခဲ့မယ်ဆိုရင်တော့

    • ပြည့်ပြည့်ဝဝအနားယူလိုက်ပါ
    • ရေများများသောက်ပါ
    • ပျားရည်သောက်ပါ
    • ရေနွေးငွေ့ခံပါ
    • ဆားရည်နဲ့အာလုပ်ကျင်းပေးပါ
    • ရေနွေးသောက်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 11/07/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။