သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

အရပ်မြင့်တာ၊ ပုတာ ကျန်းမာရေးမှာ ဘာတွေကွာခြားနိုင်လဲ

အရပ်မြင့်တာ၊ ပုတာ ကျန်းမာရေးမှာ ဘာတွေကွာခြားနိုင်လဲ

သက်ရောက်မှု ဘာတွေကွာခြားကြလဲ

ကင်ဆာ

ပျမ်းမျှပုံမှန်အရပ်ထက်နိမ့်တဲ့သူတွေက ကင်ဆာရောဂါတချို့ကိုဖြစ်လာနိုင်တဲ့အန္တရာယ်ပိုနည်းနိုင်ပါတယ်။ ဥပမာ ဥရောပနဲ့မြောက်အမေရိကမှာရှိတဲ့ အမျိုးသမီး၁၀၀၀၀၀ကျော်ကိုလေ့လာခဲ့တဲ့သုတေသနအရ အရပ်ပုတဲ့အမျိုးသမီးတွေက သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေပိုနည်းတယ်လို့တွေ့ရှိထားပါတယ်။ဗြိတိန်အမျိုးသား ၉၀၀၀ကျော်ပါဝင်တဲ့လေ့လာမှုတစ်ခုမှာလည်း ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေပိုနည်းသူတွေဟာ အရပ်ပုသူတွေဖြစ်ကြပါတယ်။

ဆီးချိုရောဂါ

ပုသလား၊ ရှည်သလားဆိုတာက အမျိုးအစား ၂ ဆီးချိုရောဂါဖြစ်နိုင်ခြေနဲ့ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။ လူ ၆၀၀၀ ကို ၅ နှစ်တာလေ့လာတွေ့ရှိမှုအချက်အလက်တွေအရ အရပ်ရှည်တဲ့သူတွေက ဆီးချိုဖြစ်နိုင်ခြေပိုနည်းတယ်လို့ ပညာရှင်တွေက ယူဆကြပါတယ်။

နှလုံးရောဂါ

အရပ် ၅ပေ ၃ လက်မအောက် ရှိသူတွေဟာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေ ၅၀% ပိုများပါတယ်။ အကြောင်းရင်းက အမေ့ဝမ်းထဲမှာတည်းက အာဟာရမပြည့်တာ၊ရောဂါဝင်တာတွေကြောင့် ဖွံ့ဖြိုးမှုမှာထိခိုက်ခဲ့တာဖြစ်နိုင်ပါတယ်။ မျိုးဗီဇကြောင့်လည်း အရပ်ကို သက်ရောက်မှုရှိစေပြီးနောက်ပိုင်းမှာ နှလုံးအန္တရာယ်ဖြစ်နိုင်ခြေတိုးလာတာဖြစ်နိုင်ပါတယ်။

လေဖြတ်ခြင်း

ဦးနှောက်ကိုသွေးမရောက်တဲ့အခါလေဖြတ်ခြင်းဖြစ်လာစေပါတယ်။ အရပ်ရှည်သူတွေက ထိုက်သင့်တဲ့ကိုယ်အလေးချိန်ထိန်းထားနိုင်ရင် တခြားသူတွေထက် လေဖြတ်နိုင်တဲ့အန္တရာယ်ပိုနည်းပါတယ်။

ကိုယ်ဝန်ဆောင်ခြင်း

အရပ်ရှည်တဲ့အမျိုးသမီးတွေက အရပ်နိမ့်တဲ့အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်ချိန်ပိုကြာနိုင်ပါတယ်။လေ့လာမှုတစ်ခုမှာ အရပ် ၅ပေနဲ့ ၅ပေအောက် အမျိုးသမီးတွေက အရပ်ရှည်တဲ့အမျိုးသမီးတွေထက်စောမွေးတတ်ကြတာတွေ့ရပါတယ်။ ဒါဟာ တင်ပါးဆုံရိုးနဲ့ သားအိမ်ခေါင်း အရွယ်အစားကွာခြားမှုနဲ့ဆိုင်တာဖြစ်နိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်း

ထိပ်ပြောင်တဲ့သူတွေထဲမှာ အရပ်ရှည်သူတွေလည်းရှိပေမယ့် အရပ်ပုတဲ့အမျိုးသားတွေကပိုများပါတယ်။လေ့လာမှုတွေအရ အရပ်ပုတဲ့ အမျိုးသားတွေက ထိပ်ပြောင်နိင်ခြေပိုများတယ်လို့ သိရပါတယ်။

ခါးနာခြင်း

အရပ်ပုသူတွေက ခါးနာတာ၊ တင်ပါးဆုံရိုးကျိုးတာတွေဖြစ်နိုင်ခြေနည်းပါတယ်။ အရပ်မြင့်သူတွေက ကမ္ဘာ့ဆွဲအားနဲ့ဆန့်ကျင်မှုပိုများတာကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။

ဒီလိုအဆိုးအကောင်း တခြားကွာခြားချက်တွေအများကြီးရှိနေနိုင်သေးတာကြောင့် ပုတယ်၊ရှည်တယ် အငြင်းပွားမနေကြနဲ့တော့နော်။ ကိုယ့်ကျန်းမာရေးသာ ကိုယ်ဂရုစိုက်ကြပါလို့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 24/01/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။