ဒီသုတေသနကိုAmerican College of Cardiology ရဲ့ ၆၈ ကြိမ်မြောက် နှစ်စဉ်အစည်းအဝေးမှာ တင်ပြခဲ့တာပါ။ သုတေသနမှ ပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၇၀၅၉ ဦးကိုသောက်တတ်တဲ့အလေ့အထနဲ့ပတ်သက်ပြီးစစ်တမ်းကောက်ခဲ့ပါတယ်။
သူတို့ရဲ့သွေးပေါင်ချိန်ကို သုတေသနအဖွဲ့ကလေ့လာစောင့်ကြည့်တဲ့အခါ တစ်ပတ်ကို အယ်လ်ကိုဟော ၇ ခွက်ကနေ ၁၃ ခွက်သောက်တတ်တဲ့ ၁၇၀၀၀ ဦး မှာသွေးတိုးဖြစ်နိုင်ခြေ ၅၃ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရှိရပါတယ်။
တစ်ပတ်ကို ၁၄ ခွက်နဲ့အထက်သောက်တတ်သူတွေကတော့ အရက်မသောက်သူတွေထက်သွေးတိုးဖြစ်နိုင်ခြေ ၆၉ ရာခိုင်နှုန်းပိုများတယ်လို့တွေ့ရပါတယ်။ သူတို့တွေရဲ့သွေးပေါင်ချိန်ကိုစစ်ဆေးတဲ့အခါသွေးတိုးအစောပိုင်းအဆင့်ဖြစ်တဲ့ အပေါ်သွေး 130–139 mm Hg နဲ့အောက်သွေး80–89 mm Hg တို့မှာရှိနေတာတွေ့ရတာဖြစ်ပါတယ်။
ဒီရလဒ်တွေက အမျိုးသားနဲ့အမျိုးသမီး အတူတူပဲဖြစ်နေတာတွေ့ရပြီး သုတေသီတွေအနေနဲ့ အသက်အရွယ်၊ လူမျိုးနဲ့ ဝင်ငွေ စတဲ့သွေးတိုးဖြစ်စေနိုင်တဲ့ တခြားအန္တရာယ်အချက်တွေကိုလည်း ထည့်တွက်ခဲ့ကြပါတယ်။
အမေရိကန်ကျန်းမာရေးအကြံပြုချက်တွေအရဆေးဖြစ်ဝါးဖြစ်သောက်တဲ့ပမာဏဟာ အမျိုးသမီးတွေအတွက် တစ်နေ့တစ်ခွက်အထိဖြစ်ပြီး အမျိုးသားတွေအတွက်က တစ်နေ့နှစ်ခွက်အထိ သတ်မှတ်ပေးထားပါတယ်။
အခုလေ့လာမှုမှာ ပါဝင်သူ ၁၇၀၀၀ကျော်အနက်ဆေးဖြစ်ဝါးဖြစ်သောက်တဲ့သူ ၅၃ ရာခိုင်နှုန်းကသွေးတိုးအစောပိုင်းအဆင့် ၂ ကိုရောက်ဖို့ဖြစ်နိုင်ခြေ နှစ်ဆပိုများတယ်လို့ သိရပါတယ်။
အရင်တည်းက မှတ်ယူထားကြတာကဆေးဖြစ်ဝါးဖြစ်လောက်သောက်ရင် ကျန်းမာရေးအတွက်ကောင်းတယ်၊ များများသောက်မှ ကျန်းမာရေးထိမယ်လို့ပေါ့။ ဒါပေမယ့် ဒီသုတေသနအရ အနည်းအကျဉ်းသောက်လည်းရေရှည်ဆိုသွေးတိုးအန္တရာယ်စိုးရိမ်ရတယ်လို့တွေ့ရှိခဲ့တာပါ။
သွေးတိုးရောဂါဟာ နှလုံးရပ်ခြင်းနှင့်လေဖြတ်ခြင်း တို့ရဲ့အဓိကတရားခံဖြစ်နေတော့ မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်သင့်တဲ့အန္တရာယ်ဖြစ်ပါတယ်။ နယူးယောက်စီးတီးရှိLenox Hill Hospital မှဒေါက်တာDr. Sunny Intwala ကတော့ အရက်သောက်တယ်ဆိုတာ အဆီတွေကိုမြင့်စေနိုင်တာကြောင့်သွေးတိုး၊ နှလုံးပျက်စီးခြင်း၊လေဖြတ်ခြင်းနဲ့ အဝလွန်ခြင်းတို့ကိုဖြစ်လာစေနိုင်တယ်လို့ တခြားသီအိုရီတစ်ခုကိုပြောပြပါတယ်။
ဒီလေ့လာမှုဟာ အမေရိကန်ကျန်းမာရေးနဲ့အာဟာရဆန်းစစ်မှု စစ်တမ်းအရ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်အတွင်း သုတေသနအချက်အလက်တွေကို အခြေခံတာပါ။
“ ဒီသုတေသနက ကြီးတဲ့အပြင် လူမျိုးနဲ့လိင်ကွဲပြားမှုအရရော လူအမျိုးစုံပါဝင်ပါတယ်။ အကြံပြုချင်တာက နည်းနည်းပဲသောက်သောက်၊ များများပဲသောက်သောက်သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး တတ်နိုင်သလောက်သွေးတိုးကာကွယ်ကြဖို့ ပါပဲ။” လို့ ဦးဆောင်သုတေသီ Aladin ကပြောပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။