backup og meta

နှလုံးနှုန်းခုန်စောင့်ကြည့်စက်ဖြင့် လေဖြတ်ခြင်းကို စောင့်ကြည့်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှလုံးနှုန်းခုန်စောင့်ကြည့်စက်ဖြင့် လေဖြတ်ခြင်းကို  စောင့်ကြည့်ခြင်း

    လေဖြတ်ခြင်းသည် အသက်သေစေနိုင်သော အရေးပေါ် အခြေအ နေဖြစ်ပါသည်။ လေဖြတ်ပြီးနောက် အသက်ရှင်နေသေးလျင်ပင် နောက်ဆက်တွဲပြဿနာများ များစွာရှိနေသေးသည့် အတွက် ေ လဖြတ်ခြင်းကို ကြိုတင်ကာကွယ်နိုင်ရန် အရေးကြီးပါသည်။ ဤ ဆောင်းပါးတွင်မူ နှလုံးခုန်နှုန်း စောင့်ကြည့်စက်နှင့် လေဖြတ်ခြင်း ကို စောင့်ကြည့်နိုင်ပုံကို တင်ပြသွားပါမည်။

    ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းသည် လေဖြတ်ခြင်းကို စတင်နိုင်

    အမေရိကန် နှလုံးအဖွဲ့အစည်း၏ အဆိုအရ လေဖြတ်သူ ၅ဦးတွင် ၁ဦးမှာ ကနဦးတွင် နှလုံးသွေးဝင်ခန်း ခုန်နှုန်းမမှန်သော ပြဿနာ (AF) ရှိပါသည်။ Atrial fibrillation (AF) ဆိုသည်မှာ atrum ဟု ခေါ်သော နှလုံး ဘယ်ဘက်အပေါ်ခန်း ခုန်နှုန်းမမှန်၊ မြန်နေခြင်း ဖြစ်ပါသည်။ ဤသို့ဖြစ်ခြင်းသည် နှလုံးတွင်း သွေးအိုင်စေပြီး သွေး ခဲများ ဖြစ်စေပါသည်။ ယင်းသွေးခဲထဲမှ တစ်ခုသည် ဦးနှောက်တွ င်း သို့ရောက်သွားသည့်အခါ လေဖြတ်နိုင်ပါသည်။ ထို့ကြောင့် AF သည် လေဖြတ်ခြင်းကို ဦးတည်စေနိုင်ပါသည်။

    သို့သော် AF ရှိနေသော လူသည် ရောဂါလက္ခဏာ မပြတတ်ပါ။ အ ချို့သည် ရင်ဘတ်အောင့်ခြင်း၊ နှလုံးအပေါ်ခြမ်းတွင် တလှပ်လှပ် ဖြစ်ခြင်း၊ ခေါင်းတွင်း ရီတိတိဖြစ်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်း၊ မောပန်းခြင်း၊ အသက်ရှူမဝခြင်း စသည်တို့ ခံစား ရနိုင်ပါသည်။

    သွေးတိုးရောဂါ၊ စိတ်ဖိစီးမှု့များ၊ နှလုံးရောဂါ၊ အဆုတ်ရောင်ရောဂါ၊ thyroid hormone လွန်ကဲသောရောဂါ၊ အရက်စွဲခြင်း၊ ဆေးလိပ် သောက်ခြင်း စသည်တို့ကြောင့် AF ဖြစ်နိုင်ပါသည်။

    နှလုံးခုန်းနှုန်း စောင့်ကြည့်စက်

    နှလုံးခုန်နှုန်းစောင့်ကြည့်စက်သည် နှလုံးခုန်နှုန်းကို မှတ်တမ်းတင် ထားနိုင်သော အထူးပြုလုပ်ထားသော စက်ဖြစ်ပါသည်။ ရင်ဘတ် ပေါ်တွင် အပြားလေးများကို ကပ်ထားပြီး ဝါယာကြိုးလေးများမှ စက်ကို ဆက်သွယ်ထားပါသည်။ ယင်းစက်ကလေးမှာ အကျီအိပ် ထဲထည့်ထားနိုင်အောင်ပင် သေးငယ်ပါသည်။ ယင်းစက်လေးကို ပုံမှန်သွားလာလှုပ်ရှားစဉ် သယ်ဆောင်ထားနိုင်ပြီး နှလုံးခုန် လှုပ်ရှားမှု့ကို မှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။ ထိုစက်တပ် ထားချိန်တွင် တပ်ဆင်သူ၏နေ့စဉ် လုပ်ဆောင်မှု့၊ ကျန်းမာရေး အခြေအနေကို ရက်အနည်းငယ် မှတ်တမ်းတင်ခိုင်းထားမည် ဖြစ်ပြီး ထို့နောက် ဆရာဝန်က မှတ်တမ်းနှင့် စက်မှ မှတ်တမ်းတင် ထားသော နှလုံးလှုပ်ရှားမှု့များကို တိုက်ဆိုင်၍ စစ်ဆေးပါမည်။

    နှလုံးခုန်နှုန်း စောင့်ကြည့်စက်သည် လေဖြတ်စေသော အကြောင်းရင်းကို ရှာဖွေနိုင်ပုံ

    အပေါ်တွင် ဖော်ပြခဲ့သလိုပင် AFသည် လေဖြတ်ခြင်း၏ အကြောင်းရင်းခံ တစ်ခုဖြစ်ပါသည်။ နှလုံးခုန်နှုန်း မှတ်တမ်းတင် စက်ကို တပ်ဆင်ထားခြင်းဖြင့် AF ရှိမရှိကို စောလျင်စွာ သိရှိနိုင်ပြီး ကုသမှု့ ခံယူနိုင်ပါမည်။ ထို့ပြင် လေမဖြတ်စေရန် လည်း ကြိုတင် ကာကွယ်နိုင်သောကြောင့် လေဖြတ်ခြင်းကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ သေဆုံးခြင်းများကို ရှောင်လွဲနိုင် မည်ဖြစ်ပါသည်။

    နှလုံးခုန်နှုန်း မှတ်တမ်းတင်စက်ကို ၁၂-၂၄ နာရီအထိ ပုံမှန် လုပ်ငန်းဆောင်တာ များလုပ်ဆောင်ချိန်တွင် တပ်ဆင်ထားရန် လိုအပ်ပါသည်။ သို့သော် AF ကို ရောဂါရှာဖွေရန် ခက်ခဲသလို ပုံစံကွဲပေါင်း များစွာလည်း ရှိပါသည်။ ထို့အပြင် ပုံစံမမှန်သော နှလုံးခုန်နှုန်းသည် ဆရာဝန်ထံ ရောက်နေစဉ်တွင် စမ်းသတ်မမိ ခြင်းမျိုးလည်း ဖြစ်နေနိုင်သဖြင့် နှလုံးခုန်နှုန်း မှတ်တမ်းတင်စက်ကို ပို၍ အချိန်ကြာကြာ တပ်ဆင်ထားရန် လိုအပ်ပါမည်။

    Reveal LINQ Insertable Cardiac Monitor (ICM) ဟူသော နှလုံးခုန်နှုန်း မှတ်တမ်းတင်စက် အမျိုးအစား အသစ်သည် လေ့လာတွေ့ရှိချက်များအရ ပိုမိုကောင်းမွန်ပြီး အရေပြားအောက် တွင် မြှုပ်ထားနိုင်သည့်အတွက် ရက်ရှည်တပ်ဆင် ထားရန် အဆင်ပြေပါသည်။ ထို့အပြင် ဤစက်သည် ပုံမမှန် နှလုံးခုန်နှုန်းကို ပို၍ထောက်လှမ်းထားနိုင်ပါသည်။ ICM စက်သည် FDA မှ အသိအမှတ်ပြုထားသည့်အတွက် စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

    ဤICM စက် အသုံးပြုပြီး လေဖြတ်စေသော အကြောင်းရင်းကို ရှာဖွေနိုင်ခြင်းဖြင့် အရေးပေါ် အခြေအနေများကို လျော့ချနိုင် ပါမည်။ ခေတ်မှိနည်းပညာသုံးစက်များ၏ အကူအညီဖြင့် လေဖြတ်ခြင်းကို ထိန်းချုပ်နိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement