backup og meta

ဆေးနဲ့အရက် မတည့်တဲ့အခါ ဘာဖြစ်တတ်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးနဲ့အရက် မတည့်တဲ့အခါ ဘာဖြစ်တတ်လဲ ။  ။

    ဆေးသောက်ပြီးရင် အရက်သောက်လို့ရလား၊ အရက်သောက်ပြီးရင်ရော ဆေးသောက်လို့ရသေးလား။ ဆေးနဲ့အရက် နီးနီးကပ်ကပ်သောက်မိရင် ဘာဖြစ်တတ်လဲ။ အရက်နဲ့ မတည့်တဲ့ ဆေးတွေက ဘာတွေလဲ ဆိုတဲ့မေးခွန်းတွေ မကြာခဏကြားရတတ်ပါတယ်။ တကယ်တမ်း ဘယ်ဆေးကိုမှ အရက်နဲ့ တွဲမသောက်သင့်ပါဘူး။ ဆေးရဲ့ အာနိသင်ကိုထိခိုက်စေနိုင်ပါတယ်။ အဲ့တာထက် ပိုဆိုးရင် ဆေးနဲ့အရက် မတည့်တဲ့အခါ ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြဿနာကို ခံစားရတတ်ပါတယ်။

    ဆေးနဲ့အရက် မတည့်တဲ့အခါ ဘာဖြစ်တတ်လဲ ။ ။

    ဆေးနဲ့အရက် မတည့်တဲ့အခါ ဘာဖြစ်တတ်လဲ ဆိုတော့ Disulfiram-like reactions ဆိုတာ ဖြစ်တတ်ပါတယ်။

    Disulfiram-like reactions ဆိုတာ ဘာလဲ။ ။

    အရက်နဲ့ တွဲသောက်လို့ မဖြစ်တဲ့ ဆေးတွေရှိပါတယ်။ အဲဒါကို မသိဘဲ သောက်လိုက်မိရင် ကိုယ်ခန္ဓာမှာ တချို့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။ ဒါကို ဆေးပညာအရ Disulfiram-like reactions လို့ခေါ်ပါတယ်။ Acetaldehyde syndrome လို့လည်း လူသိများပါတယ်။

    Disulfiram-like reactions ကဘယ်လိုပေါ်လာတာလဲ ။ ။

    Disulfiram လို့ခေါ်တဲ့ ဆေးတစ်မျိုးရှိပါတယ်။ အရက်သမားတွေကို အရက်ဖြတ်အောင် လုပ်တဲ့အခါ အဲ့ဒီ Disulfiram ဆေးကို တိုက်လေ့ရှိပါတယ်။ သူ့ကို သောက်ပြီး အရက်သောက်လိုက်တဲ့အခါ မသက်မသာဝေဒနာတွေ ခံစားရတဲ့အတွက် နောက်ပိုင်း အရက်ကို မသောက်ချင်အောင် လုပ်တာဖြစ်ပါတယ်။

    Disulfiram-like reactions ဆိုတာ Disulfiram ဆေးပြား မဟုတ်တဲ့ တခြားဆေးတွေကို အရက်နဲ့တွဲသောက်လိုက်ရင် Disulfiram ဆေးပြားနဲ့ အရက်နဲ့သောက်လိုက်တဲ့အခါ ဖြစ်လာတဲ့ ဝေဒနာတွေလိုပဲ ခံစားရတာကို ပြောတာပါ။ ။

    ဘာကြောင့် ဖြစ်ရတာလဲ ။ ။

    ကိုယ်ခန္ဓာထဲဝင်လာတဲ့ အရက်ကို ဖြိုခွဲပြီး နောက်ပိုင်းမှာ acetaldehyde လို့ခေါ်တဲ့ အဆိပ်တစ်မျိုး ကိုယ်တွင်းမှာ ထွက်လာပါတယ်။ အဲဒီ ဓာတ်ပေါင်းနဲ့ တစ်ချို့ဆေးတွေ ဓာတ်ပြုပြီး Disulfiram-like reactions ဖြစ်လာရတာပါ။

    Disulfiram-like reactions ရဲ့ လက္ခဏာတွေက ဘာတွေလဲ ။ ။

    ဆေးနဲ့အရက် မတည့်တဲ့အခါ ဆေးသောက်ပြီး ဒါမှမဟုတ်  အရက်သောက်ပြီး မကြာချင်မှာပဲ

    Disulfiram-like reactions ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေက ဘာတွေလဲ ။ ။

    ချက်ချင်းဆေးကုသမှု မခံယူဘဲ ဓာတ်ပြုတာတွေ အရမ်းများသွားတဲ့အခါ

    • လူကတအားကို အန်နေမယ်
    • လမ်းကိုလည်း ဒယိမ်းဒယိုင်လျှောက်မယ်
    • နောက်ဆုံး သတိလစ်သွားပြီး အသက်ဆုံးရှုံးတဲ့အထိပြင်းထန်နိုင်ပါတယ်။

    ဒါကြောင့် Disulfiram-like reactions စစဖြစ်ချင်းကတည်းက ဆေးဘက်ဆိုင်ရာ အကူအညီယူတာအကောင်းဆုံးပါ။

    Disulfiram-like reactions ကိုဖြစ်စေတဲ့ ဆေးတွေကဘာတွေလဲ ။ ။

    • Metro လို့လူသိများကြတဲ့ Metronidazole, tinidazole
    • Sulfonylureas အုပ်စုဝင်တွေဖြစ်တဲ့ chlorpropamide, tolbutamide, glyburide
    • နှလုံးဆေးတွေဖြစ်တဲ့ Isosorbide dinitrate, nitroglycerin နဲ့
    • သွေးကျဲဆေး wafrin တို့ဟာ အရက်နဲ့ ဓာတ်ပြုနိုင်တဲ့ဆေးတွေဖြစ်ပါတယ်။

    ဒါကြောင့် ဒီဆေးတွေသောက်ပြီး ၂၄ နာရီကနေ ၇၂ နာရီအတွင်း မှာ အရက်မသောက်သင့်ပါဘူး။ ပြောရမယ်ဆိုရင် ဆေးတွေသောက်နေတဲ့အချိန်မှာ အရက်ကို မသောက်သင့်ပါဘူး။

    ဒီဆေးတွေ သုံးပြီး အရက်ဖြတ်လို့ ရလား။

    အရက်ဖြတ်တဲ့ဆေးနဲ့ တူတာကြောင့် ကိုယ့်ကိုယ်ကို အရက်ဖြတ်ချင်ရင် ဒီဆေးနဲ့ အရက်နဲ့ တွဲသောက်လိုက်မယ်ဆိုပြီး မလုပ်ရပါဘူး။ ဓာတ်ပြုတာက ပြင်းထန်လွန်းတဲ့အတွက် အခန့်မသင့်ရင် အသက်သေဆုံးနိုင်ပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ အရက်ဖြတ်နိုင်ဖို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာပဲ လုပ်သင့်ပါတယ်။

    ရေးသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement