backup og meta

Electrolytes ကြွယ်ဝဖို့ စားပေးသင့်တာလေးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 31/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Electrolytes ကြွယ်ဝဖို့ စားပေးသင့်တာလေးများ

    Electrolytes ဆိုတဲ့စကားကို ဓာတ်ဆားရည်နဲ့ တွဲမြင်ကြမယ်ထင်ပါတယ်။ အားကစားတွေ ပြင်းပြင်းထန်ထန်လုပ်ပြီးချိန်မှာ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ Electrolytesတွေကို ပြန်ဖြည့်ဖို့ဆိုပြီး ဓာတ်ဆားရည်ကို သောက်ကြတယ်လေ။ ဒီလိုဆို မေးစရာရှိတာက Electrolytes ကို ဓာတ်ဆားကနေပဲ ရနိုင်တာလား။ အခြား အစားအစာ အရင်းအမြစ်တွေကနေရော မရနိုင်ဘူးလားလို့ပါ။

    ဒီအဖြေလေးကို သေသေချာချာ သိရှိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်နော်။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစုအတွက် electrolytes ကို လိုအပ်ပါတယ်။

    Electrolytesဆိုတာ

    အာရုံကြောတွေကြွက်သားတွေ ကျန်းမာစေဖို့ ကောင်းစွာ လှုပ်ရှား လုပ်ဆောင်နိုင်စေဖို့၊ သွေးပေါင်ချိန် ထိန်းညှိဖို့၊ ရေဓာတ်ပြည့်ဝနေစေဖို့ Electrolytes က မရှိမဖြစ်ပါပဲ။

    Electrolytes တွေက အစားအစာတွေထဲမှာ မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေအနေနဲ့ ရှိနေပါတယ်။ ဥပမာပြောပြရရင် Electrolytes တွေက အစားအစာတွေထဲမှာ

    • ကယ်လ်ဆီယမ်
    • ကလိုရိုက်
    • မဂ္ဂနီဆီယမ်
    • ဖော့စဖိတ်
    • ပိုတက်ဆီယမ်
    • ဆိုဒီယမ်
    • ဘိုင်ကာဗွန်နိတ်တွေအနေနဲ့ ရှိနေတာပါ။

    လူသားတွေက ကျန်းမာနေစေဖို့အတွက် electrolytes ကို သင့်တင့်မျှတတဲ့ ပမာဏ ရရှိဖို့ လိုအပ်ပါမယ်။ ဒီတော့ electrolytes မျှတစွာ ရရှိစေဖို့ ဘာတွေ စားရမလဲဆိုတာကို ဆောင်းပါးလေးထဲ ဆက်ကြည့်လိုက်ရအောင်နော်။

    Electrolytes ဘာတွေ လုပ်ပေးသလဲ

    ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အများစု ဟန်ချက်ညီစေဖို့အတွက် electrolytes ကို လိုအပ်ပါတယ်။

    • သွေးတွင်း pH ထိန်းညှိပေးတယ်
    • သွေးပေါင်ချိန် ထိန်းညှိပေးတယ်
    • လုံလောက်တဲ့ ရေဓာတ် ရရှိစေတယ်
    • နှလုံး ကျန်းမာစေတယ်
    • ကြွက်သားတွေနဲ့ အာရုံကြောဆဲနဲ့ အခြားသောဆဲလ်တွေ လျှပ်ကူးနိုင်စေဖို့ လုပ်ဆောင်ပေးတယ်
    • တစ်ရှူးတွေကို ပြုပြင်ပေးတယ်
    • အာရုံကြော​တွေနဲ့ ကြွက်သားတွေကို ပြေလျော့စေတယ်
    • သွေးခဲစေဖို့ လုပ်ဆောင်ပေးတယ်။

    Electrolytes ကြွယ်ဝဖို့ စားပေးသင့်တာလေးများ

    Electrolytes ကြွယ်ဝဖို့ စားပေးသင့်တာလေးများ

    Electrolytes ကြွယ်ဝဖို့ ဒါလေးတွေကို စားပေးလို့ ရပါတယ်။

    အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ

    ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ ကယ်လ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    အခြားဟင်းသီးဟင်းရွက်တွေ

    အာလူး၊ ကန်စွန်းဥတို့မှာ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေပါတယ်။ အာလူးမှာဆိုရင် ပိုတက်ဆီယမ် အပြင် phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ပါ ပါဝင်နေပါတယ်။

    သစ်သီးတွေ

    ထောပတ်သီး၊ ငှက်ပျောသီး၊ တရုတ်ဇီးသီးခြောက် နဲ့ အခြားသော သစ်သီးတွေမှာ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။

    နို့ထွက်ပစ္စည်းတွေ

    ချိစ်၊ ဒိန်ချဉ် နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေမှာ ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်သလို ဆိုဒီယမ်၊ phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ပါ ပါဝင်နေပါတယ်။

    အခွံမာသီးတွေ

    အခွံမာသီးတွေ၊ အစေ့အဆန်တွေ ဖြစ်ကြတဲ့ သစ်ကြားသီး၊ သီဟိုဠ်စေ့တို့မှာ phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။

    ပဲအမျိုးမျိုး

    ပဲနီလေး၊ ပဲလွန်း၊ ပဲပိစပ်တို့မှာ ပိုတက်ဆီယမ်၊ phosphorous နဲ့ မဂ္ဂနီဆီယမ် တို့ ပါဝင်နေပါတယ်။

    ဆား

    စားပွဲတင်ဆားမှာ ဆိုဒီယမ် နဲ့ chloride တို့ ပါဝင်နေပါတယ်။

    နွားနို့

    နို့မှာ ကယ်လ်ဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 31/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement